မြန်မာဘက်မှ တရုတ်သို့ နှစ်စဉ် ကျွဲ၊နွားကောင်ရေ (၁)သန်း တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးသွားမည်

မြန်မာဘက်မှ တရုတ်သို့ နှစ်စဉ် ကျွဲ၊နွားကောင်ရေ (၁)သန်း တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးသွားမည်
အောက်တိုဘာ 12, 2019
By Tachileik News Agency
မြန်မာဘက်မှ တရုတ်သို့ နှစ်စဉ် ကျွဲ၊နွားကောင်ရေ (၁)သန်း တရားဝင်တင်ပို့နိုင်ရေးအတွက် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးသွားမည်

မြန်မာနိုင်ငံအနဖြေင့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများတင်ပို့ရာတွင် တရုတ်နိုင်ငံဘက်က တရားဝင်ခွင့်ပြုထားခြင်းမရှိသဖြင့် လုပ်ငန်းရှင်များနစ်နာနေရသည့်အတွက် တရားဝင်တင်ပို့နိုင်ရေး နှစ်နိုင်ငံလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျွဲ၊ နွားတင်ပို့ရေးကို ကျွန်တော်တို့တိုင်းပြည်က ခွင့်ပြုပြီးသားဖြစ်တယ်။ တရုတ်ပြည်ကခွင့်ပြုဖို့ဆိုပြီး ကျွဲ၊နွား စစ်ဆေးရေးလုပ်ငန်းတွေ ညှိနှိုင်းဆွေးနွေးတာဖြစ်တယ်။ ကျွဲ၊ နွားတွေ ကျန်းမာရေးစစ်ဆေးဖို့ကိစ္စ အားလုံးပြီးသွားပါပြီ။ လက်မှတ်ရေးထိုးဖို့အဆင့်ပဲ ကျန်ပါတော့တယ်။ နှစ်နိုင်ငံအတွင်းမှာ မည်သည့်အဆင့်က လက်မှတ်ရေးထိုးမလည်းဆိုတာကို ညှိနှိုင်းနေတာပါ။ အဲဒါပြီးသွားရင် ကျွန်တော်တို့ အမြန်လက်မှတ်ရေးထိုးပြီးရင်တော့ နှစ်ဖက်တရားဝင်ပို့တဲ့လုပ်ငန်းစဉ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်"ဟု မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လက်ရှိ အချိန်တွင် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားတင်ပို့မှုများရှိ နေသော်လည်း တရားမဝင်တင်သွင်းသည့်ပုံစံ ဖြစ်နေသည့်အတွက် တရားဝင်လမ်းကြောင်းမှ တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆွေးနွေးချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ နှစ်စဉ် ကျွဲ၊ နွားကောင်ရေ (၂) သန်း ဝယ်ယူလိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း မြန်မာနိုင်ငံဘက်မှ နှစ်စဉ် (၁) သန်းတင်ပို့ပေးရေးသဘောတူညီခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ကျွဲနွားတင်ပို့မှုမှ နှစ်စဉ် ဒေါ်လာသန်း (၄၅၀)ရရှိနပြေီး တရားဝင်တင်ပို့ခွင့်ရရှိပါက အမေရိကန်ဒေါ်လာ (၁) ဘီလီယံရရှိမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားများတင်ပို့ရာတွင် တရုတ်နိုင်ငံဘက်က တရားဝင်ခွင့်ပြုထားခြင်းမရှိသဖြင့် လုပ်ငန်းရှင်များနစ်နာနေရသည့်အတွက် တရားဝင်တင်ပို့နိုင်ရေး နှစ်နိုင်ငံလက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။


လက်ရှိ အချိန်တွင် တရုတ်နိုင်ငံသို့ ကျွဲ၊ နွားတင်ပို့မှုများရှိ နေသော်လည်း တရားမ၀င်တင်သွင်းသည့်ပုံစံ ဖြစ်နေသည့်အတွက် တရားဝင်လမ်းကြောင်းမှ တင်ပို့နိုင်ရေး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံ ဆွေးနွေးချိန်တွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံဘက်မှ နှစ်စဉ် ကျွဲ၊ နွားကောင်ရေ (၂) သန်း ၀ယ်ယူလိုကြောင်း ကမ်းလှမ်းခဲ့သော်လည်း မြန်မာနိုင်ငံဘက်မှ နှစ်စဉ် (၁) သန်းတင်ပို့ပေးရေးသဘောတူညီခဲ့ကြောင်း၊ တရုတ်နိုင်ငံသို့ ကျွဲနွားတင်ပို့မှုမှ နှစ်စဉ် ဒေါ်လာသန်း (၄၅၀)ရရှိနေပြီး တရားဝင်တင်ပို့ခွင့်ရရှိပါက အမေရိကန်ဒေါ်လာ (၁) ဘီလီယံရရှိမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net