တာချီလိတ်တွင် (၅)နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်၍ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်း၌ ချစ်ကြည်ရေးတံတား(၁)ပေါ် ဖြတ်သန်းမှု (၃)နာရီကြာ ခေတ္တပိတ်ထားမည်

တာချီလိတ်တွင် (၅)နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်၍ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်း၌ ချစ်ကြည်ရေးတံတား(၁)ပေါ် ဖြတ်သန်းမှု (၃)နာရီကြာ ခေတ္တပိတ်ထားမည်
အောက်တိုဘာ 10, 2019
By Tachileik News Agency
တာချီလိတ်တွင် (၅)နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပမည်ဖြစ်၍ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်း၌ ချစ်ကြည်ရေးတံတား(၁)ပေါ် ဖြတ်သန်းမှု (၃)နာရီကြာ ခေတ္တပိတ်ထားမည်

မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူမည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၁)ပေါ် လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို နံနက် (၇)နာရီမှ နံနက် (၁၀)နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာအပါး (၄၀၀) ကျော်က အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်မှနေ၍ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ ကြွရောက်ကြမည်ဖြစ်သည်။

"မယ်ဆိုင်မှာ ဆွေးနွေးဖြစ်တာက ဆွမ်းဆန်စိမ်းလောင်းနေချိန်မှာ တံတားကို ခေတ္တလမ်းပိတ်ထားမယ်။ ဒီဆွမ်းဆန်စိမ်း လောင်းပြီးသွားတဲ့အချိန်ထိပေါ့။ မနက် (၇) နာရီကနေ (၁၀) နာရီအထိပေါ့။ လူ၊ ယာဉ် ဖြတ်သန်းသွားလာခွင့်ကို ခေတ္တရပ်ဆိုင်းထားတာပေါ့"ဟု လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၆)မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ စုပေါင်းကာ ဒုတိယအကြိမ်မြောက် ဓမ္မယထရ ခရီးစဉ်အဖြစ် ထိုင်း၊ မြန်မာ၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများသို့ အောက်တိုဘာလ (၁၄) ရက်နေ့မှ (၃၁) ရက်နေ့အထိ ကြွချီကြမည်ဖြစ်သည်။

 အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် တာချီလိတ်မြို့သို့ ကြွရောက်မည်ဖြစ်ရာ ယင်းနေ့တွင် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား (၁)မှ ရှမ်းရိုးမကွင်းအထိ ဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

တာခ်ီလိတ္တြင္ (၅)ႏိုင္ငံ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲ က်င္းပမည္ျဖစ္၍  ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ပုိင္း၌ ခ်စ္ၾကည္ေရးတံတား(၁)ေပၚ ျဖတ္သန္းမႈ  (၃)နာရီၾကာ ေခတၱပိတ္ထားမည္

မဲေခါင္ျမစ္ဝွမ္းေဒသ (၅) ႏိုင္ငံမွ သံဃာေတာ္မ်ားအား ဆြမ္းဆန္စိမ္းေလာင္းလွဴမည့္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆) ရက္ေန႔တြင္ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရး တံတား အမွတ္(၁)ေပၚ လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာျခင္းကို နံနက္ (၇)နာရီမွ နံနက္ (၁၀)နာရီအထိ ေခတၱပိတ္ထားမည္ျဖစ္သည္။

ျမန္မာ၊ ထုိင္း၊ လာအို၊ ကေမၻာဒီးယားႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားမွ သံဃာအပါး (၄၀၀) ေက်ာ္က ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ပိုင္းတြင္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ဘက္မွေန၍ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားကို ျဖတ္သန္းၿပီး ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ၿမိဳ႕သို႔ ၾကြေရာက္ၾကမည္ျဖစ္သည္။

"မယ္ဆိုင္မွာ ေဆြးေႏြးျဖစ္တာက ဆြမ္းဆန္စိမ္းေလာင္းေနခ်ိန္မွာ တံတားကို ေခတၱလမ္းပိတ္ထားမယ္။ ဒီဆြမ္းဆန္စိမ္း ေလာင္းၿပီးသြားတဲ့အခ်ိန္ထိေပါ့။ မနက္ (၇) နာရီကေန (၁၀) နာရီအထိေပါ့။ လူ၊ ယာဥ္ ျဖတ္သန္းသြားလာခြင့္ကို ေခတၱရပ္ဆိုင္းထားတာေပါ့"ဟု လူဝင္မႈႀကီးၾကပ္ေရးဌာနခြဲ(၆)မွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား စုေပါင္းကာ ဒုတိယအႀကိမ္ေျမာက္ ဓမၼယထရ ခရီးစဥ္အျဖစ္ ထုိင္း၊ ျမန္မာ၊ ဗီယက္နမ္၊ ကေမၻာဒီးယားႏွင့္ လာအိုႏုိင္ငံမ်ားသို႔ ေအာက္တိုဘာလ (၁၄) ရက္ေန႔မွ (၃၁) ရက္ေန႔အထိ ၾကြခ်ီၾကမည္ျဖစ္သည္။

 ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕သို႔ ၾကြေရာက္မည္ျဖစ္ရာ ယင္းေန႔တြင္ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား (၁)မွ ရွမ္းရိုးမကြင္းအထိ ဆြမ္းဆန္စိမ္းေလာင္းလွဴၾကမည္ျဖစ္သည္။

Tachileik News Agency
သတင္း  - ဟန္စိုးထုိက္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net