မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ မယ်ဆိုင်မှကြွရောက်ချိန် နောက်ကျ၍ တံတားပေါ်ဖြတ်သန်းသွားလာမှုအား ယာယီပိတ်ချိန် ထပ်တိုးဖွယ်ရှိနေ

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ မယ်ဆိုင်မှကြွရောက်ချိန် နောက်ကျ၍ တံတားပေါ်ဖြတ်သန်းသွားလာမှုအား ယာယီပိတ်ချိန် ထပ်တိုးဖွယ်ရှိနေ
အောက်တိုဘာ 16, 2019
By Tachileik News Agency
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ မယ်ဆိုင်မှကြွရောက်ချိန် နောက်ကျ၍ 
တံတားပေါ်ဖြတ်သန်းသွားလာမှုအား ယာယီပိတ်ချိန် ထပ်တိုးဖွယ်ရှိနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်အပါး (၄၀၀)ကျော်မှာ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ်(၁)မှနေ၍ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ကြွရောက်ရာ၌ မူလခန့်မှန်းချိန်ထက် တစ်နာရီခွဲကျော် နောက်ကျသဖြင့် တံတားပေါ် ယာဉ် နှင့်လူဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားချိန် ထပ်တိုးဖွယ်ရှိနေသည်။

မယ်ဆိုင်မြို့ဘက်မှ ကြွရောက်လာသည့် သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူရန် တာချီလိတ်ဘက်ခြမ်းတွင် နံနက် (၆)နာရီကတည်းက စတင်စောင့်ဆိုင်းနကြခြေင်းဖြစ်ပြီး သံဃာတော်များအား နံနက် (၈)နာရီတွင် ဆွမ်းဆန်စိမ်းစတင်လောင်းလှူနိုင်ရန် စီစဉ်ထားခြင်းဖြစ်သော်လည်း နံနက် (၉)နာရီခွဲကျော်တွင် မယ်ဆိုင်မှ စတင်ကြွရောက်လာနိုင်ခြင်းဖြစ်သည်။

အဆိုပါ ဆွမ်းလောင်းပွဲအတွက် ချစ်ကြည်ရေးတံတားကို နံနက် (၇)နာရီမှ (၁၀)နာရီအထိ လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို ယာယီပိတ်ထားခဲ့ရာ တံတားပိတ်ချိန် ထပ်တိုးဖွယ်ရှိနခြေင်းဖြစ်သည်။

သံဃာတော်များအား နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ ရှမ်းရိုးမကွင်းအထိ ဆွမ်းဆန်စိမ်းလောင်းလှူကြမည်ဖြစ်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူအပြီးတွင် သံဃာတော်များက နဂါးနှစ်ကောင်ကျောင်းတိုက်တွင် ပရိတ်တရားတော်များ ရွတ်ဖတ်ကြမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား မယ္ဆိုင္မွၾကြေရာက္ခ်ိန္ ေနာက္က်၍ 
တံတားေပၚျဖတ္သန္းသြားလာမႈအား ယာယီပိတ္ခ်ိန္ ထပ္တုိးဖြယ္ရိွေန

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္အပါး (၄၀၀)ေက်ာ္မွာ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္(၁)မွေန၍ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ပိုင္းတြင္ ၾကြေရာက္ရာ၌ မူလခန္႔မွန္းခ်ိန္ထက္ တစ္နာရီခြဲေက်ာ္ ေနာက္က်သျဖင့္ တံတားေပၚ ယာဥ္ ႏွင့္လူျဖတ္သန္းသြားလာမႈကို ယာယီပိတ္ထားခ်ိန္ ထပ္တိုးဖြယ္ရိွေနသည္။

မယ္ဆုိင္ၿမိဳ႕ဘက္မွ ၾကြေရာက္လာသည့္ သံဃာေတာ္မ်ားအား ဆြမ္းဆန္စိမ္းေလာင္းလွဴရန္ တာခ်ီလိတ္ဘက္ျခမ္းတြင္ နံနက္ (၆)နာရီကတည္းက စတင္ေစာင့္ဆုိင္းေနၾကျခင္းျဖစ္ၿပီး သံဃာေတာ္မ်ားအား နံနက္ (၈)နာရီတြင္ ဆြမ္းဆန္စိမ္းစတင္ေလာင္းလွဴႏုိင္ရန္ စီစဥ္ထားျခင္းျဖစ္ေသာ္လည္း နံနက္ (၉)နာရီခြဲေက်ာ္တြင္ မယ္ဆုိင္မွ စတင္ၾကြေရာက္လာႏုိင္ျခင္းျဖစ္သည္။

အဆိုပါ ဆြမ္းေလာင္းပြဲအတြက္ ခ်စ္ၾကည္ေရးတံတားကို နံနက္ (၇)နာရီမွ (၁၀)နာရီအထိ လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာျခင္းကိုု ယာယီပိတ္ထားခဲ့ရာ တံတားပိတ္ခ်ိန္ ထပ္တုိးဖြယ္ရိွေနျခင္းျဖစ္သည္။

သံဃာေတာ္မ်ားအား ႏွစ္ႏုိင္ငံခ်စ္ၾကည္ေရးတံတားမွ ရွမ္းရိုးမကြင္းအထိ ဆြမ္းဆန္စိမ္းေလာင္းလွဴၾကမည္ျဖစ္ၿပီး ဆြမ္းဆန္စိမ္းေလာင္းလွဴအၿပီးတြင္ သံဃာေတာ္မ်ားက နဂါးႏွစ္ေကာင္ေက်ာင္းတုိက္တြင္ ပရိတ္တရားေတာ္မ်ား ရြတ္ဖတ္ၾကမည္ျဖစ္သည္။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net