တာချီလိတ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့က (၆)ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ

တာချီလိတ်တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့က (၆)ကြိမ်မြောက် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပ
အောက်တိုဘာ 8, 2019
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ ဓမ္မာရုံတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၈)နာရီက ခရိုင်အမျိုးသမီးရေးရာအဖွဲ့၏ ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပြိုင်ပွဲကျင်းပရာ အသင်း (၄)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယခုနှစ်ပြိုင်ပွဲမှာ ဆဌမအကြိမ်မြောက်ဖြစ်ပြီး ဝမ်ကောင်း၊ ပုန်းထွန်၊ ရန်အောင်မြေနှင့် အလင်းရောင် ဝတ်အသင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

အဆိုပါ ဝတ်ရွတ်အခမ်းအနားတွင် တောင်တန်းသာသနာပြု(ဗဟို)ကျောင်းတိုက်မှ ဘဒ္ဒန္တအဂ္ဂဓမ္မ (သာသနတက္ကသီလ မဟာဓမ္မာစရိယ MA၊ သာသနဓဇဓမ္မာစရိယ)နှင့် ဆရာတော်၊ သံဃာတော်များက ရေစက်ချတရားဟောကြားခဲ့ပြီး တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းဌေးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ အမျိုးသမီးရေးရာအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးရွိ ဓမၼာရံုတြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၈)ရက္ေန႔ နံနက္ (၈)နာရီက ခရိုင္အမ်ဳိးသမီးေရးရာအဖြဲ႔၏ ပ႒ာန္းေဒသနာေတာ္ ရြတ္ဖတ္ပူေဇာ္ၿပဳိင္ပြဲက်င္းပရာ အသင္း (၄)သင္း ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည္။

ယခုႏွစ္ၿပိဳင္ပြဲမွာ ဆဌမအႀကိမ္ေျမာက္ျဖစ္ၿပီး ဝမ္ေကာင္း၊ ပုန္းထြန္၊ ရန္ေအာင္ေျမႏွင့္ အလင္းေရာင္ ဝတ္အသင္းတို႔က ဝင္ေရာက္ယွဥ္ၿပိဳင္ၾကျခင္းျဖစ္သည္။

အဆိုပါ ဝတ္ရြတ္အခမ္းအနားတြင္ ေတာင္တန္းသာသနာျပဳ(ဗဟို)ေက်ာင္းတိုက္မွ ဘဒၵႏၲအဂၢဓမၼ (သာသနတကၠသီလ မဟာဓမၼာစရိယ MA၊ သာသနဓဇဓမၼာစရိယ)ႏွင့္ ဆရာေတာ္၊ သံဃာေတာ္မ်ားက ေရစက္ခ်တရားေဟာၾကားခဲ့ၿပီး တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္၊ ၿမဳိ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာ၊  ဒုခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ဝင္းေဌးႏွင့္ ဌာနဆုိင္ရာတာဝန္ရိွသူမ်ား အမ်ိဳးသမီးေရးရာအဖြဲ႕ တာဝန္ရိွသူမ်ား တက္ေရာက္ၾကသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net