မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီး စတင်ခြင်းအဖြစ် ထိုင်းနိုင်ငံ ချင်းဆဲန်မြို့တွင် စတင်ဖွင့်လှစ်

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီး စတင်ခြင်းအဖြစ် ထိုင်းနိုင်ငံ ချင်းဆဲန်မြို့တွင် စတင်ဖွင့်လှစ်
အောက်တိုဘာ 15, 2019
By Tachileik News Agency
မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီး စတင်ခြင်းအဖြစ် 
ထိုင်းနိုင်ငံ ချင်းဆဲန်မြို့တွင် စတင်ဖွင့်လှစ်
*********

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ၏ ဒုတိယအကြိမ် ဓမ္မခရီးကို ထိုင်းနိုင်ငံ၊ ချင်းဆဲန်မြို့၌ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့တွင် Wat Phrathat Phangao ကျောင်းတိုက်၌ စတင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ဓမ္မခရီးစဉ် ဖွင့်ပွဲကျင်းပရာသို့ ထိုင်း၊ မြန်မာ၊ ဗိီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ သံဃာတော်များနှင့် တာဝန်ရှိသူအသီးသီး တက်ရောက်ကြကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ဗုဒ္ဓဂါယာမှ ယူဆောင်လာသည့် ဗောဓိညောင်ပင်ကို Wat Phrathat Phangao ကျောင်းတိုက်အတွင်း စိုက်ပျိုးကြသည်။

အဆိုပါ အခမ်းအနားသို့ ထိုင်းနိုင်ငံသံဃာ့ဥသျှောင် သာသနာပိုင်ချုပ်ဆရာတော် ဆွမ်ဒက်ဖရာ့ အရိယာဝံဿဂတ္တယံ၊ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် General Pairote Panichsmai၊ Senator Representative of Deputy Prime Minister Prawit Wongsuwan၊ မြန်မာနိုင်ငံမှ နိုင်ငံတော်သံဃ မဟာနာယက အကျိုးတော်ဆောင်ဆရာတော်၊ နိုင်ငံတော်ပရိယတ္တိတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်၊ ကျောင်းတော်ရာကျောင်းကြီးကျောင်းတိုက် ပဓာနနာယက စန္ဒကူးနံ့သာကျောင်းတော်ရာစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ အကျိုးတော်ဆောင်ချုပ်ဆရာတော် ဘဒ္ဒန္တ ဓမ္မာစာရ (သာသနာ့ဓဇ ဓမ္မာစရိယ) ဆရာတော်ကြီး၊ တိပိဋက (၁၁) ပါးမြောက်ဆရာတော်၊ ကျိုက်ထီးဆောင်းဆရာတော်နှင့် သံဃာတော် အရှင်သူမြတ်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အဆိုပါ ခရီးစဉ်အတွက် ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံမှ Tiffy မိသားစုနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်း(ဗဟို) ဥက္ကဌ ဝဏ္ဏကျော်ထင် ဒေါက်တာခင်ရွှေ (ဇေကမ္ဘာမိသားစု)က ကျခံခြင်းဖြစ်ကြောင်း သိရသည်။

မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံ သံဃာတော်များ၏ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ထိုင်း၊ မြန်မာ၊ ဗိီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံများမှ သံဃာတော်များ၏ (၅)နိုင်ငံ ဓမ္မခရီးစဉ်ကို အောက်တိုဘာလ (၁၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ကြွချီကြမည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ThairathChiangrai၊ ZKB



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၼခရီး စတင္ျခင္းအျဖစ္ 
ထုိင္းနုိင္ငံ ခ်င္းဆဲန္ၿမိဳ႕တြင္ စတင္ဖြင့္လွစ္
*********

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံမွ သံဃာေတာ္မ်ား၏ ဒုတိယအႀကိမ္ ဓမၼခရီးကို ထိုင္းႏိုင္ငံ၊ ခ်င္းဆဲန္ၿမိဳ႕၌ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၅)ရက္ေန႔တြင္ Wat Phrathat Phangao ေက်ာင္းတိုက္၌ စတင္ဖြင့္လွစ္လုိက္ၿပီျဖစ္သည္။

ဓမၼခရီးစဥ္ ဖြင့္ပြဲက်င္းပရာသို႔ ထိုင္း၊ ျမန္မာ၊ ဗိီယက္နမ္၊ ကေမ႓ာဒီးယားႏွင့္ လာအိုႏုိင္ငံမ်ားမွ သံဃာေတာ္မ်ားႏွင့္ တာဝန္ရိွသူအသီးသီး တက္ေရာက္ၾကကာ ဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ ဗုဒၶဂါယာမွ ယူေဆာင္လာသည့္ ေဗာဓိေညာင္ပင္ကို Wat Phrathat Phangao ေက်ာင္းတိုက္အတြင္း စိုက္ပ်ိဳးၾကသည္။

အဆိုပါ အခမ္းအနားသို႔ ထိုင္းႏိုင္ငံသံဃာ့ဥေသွ်ာင္ သာသနာပိုင္ခ်ဳပ္ဆရာေတာ္ ဆြမ္ဒက္ဖရာ့ အရိယာ၀ံႆဂတၱယံ၊ ထိုင္းႏိုင္ငံ ဒုတိယဝန္ႀကီးခ်ဳပ္ General Pairote Panichsmai၊ Senator Representative of Deputy Prime Minister Prawit Wongsuwan၊ ျမန္မာႏိုင္ငံမွ ႏိုင္ငံေတာ္သံဃ မဟာနာယက အက်ိဳးေတာ္ေဆာင္ဆရာေတာ္၊ ႏိုင္ငံေတာ္ပရိယတၱိတကၠသိုလ္ ပါေမာကၡခ်ဳပ္ဆရာေတာ္၊ ေက်ာင္းေတာ္ရာေက်ာင္းႀကီးေက်ာင္းတိုက္ ပဓါနနာယက စႏၵကူးနံ႔သာေက်ာင္းေတာ္ရာေစတီေတာ္ျမတ္ႀကီး ေဂါပကအဖြဲ႕၏ ၾသ၀ါဒါစရိယ အက်ိဳးေတာ္ေဆာင္ခ်ဳပ္ဆရာေတာ္ ဘဒၵႏၱ ဓမၼာစာရ (သာသနာ့ဓဇ ဓမၼာစရိယ) ဆရာေတာ္ႀကီး၊ တိပိဋက (၁၁) ပါးေျမာက္ဆရာေတာ္၊ က်ိဳက္ထီးေဆာင္းဆရာေတာ္ႏွင့္ သံဃာေတာ္ အရွင္သူျမတ္မ်ား၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေထရဝါဒ ဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း(ဗဟို) ဥကၠဌ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊႏွင့္အဖြဲ႕ဝင္မ်ား တက္ေရာက္ၾကသည္။

အဆိုပါ ခရီးစဥ္အတြက္ ကုန္က်စရိတ္မ်ားကို ထိုင္းႏိုင္ငံမွ Tiffy မိသားစုႏွင့္ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေထရဝါဒ ဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္း(ဗဟို) ဥကၠဌ ဝဏၰေက်ာ္ထင္ ေဒါက္တာခင္ေရႊ (ေဇကမ႓ာမိသားစု)က က်ခံျခင္းျဖစ္ေၾကာင္း သိရသည္။

မဲေခါင္ျမစ္ဝွမ္း (၅)ႏုိင္ငံ သံဃာေတာ္မ်ား၏ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေထရဝါဒ ဗုဒၶဘာသာအဖြဲ႕ခ်ဳပ္ႏွင့္ နယ္စပ္ေတာင္တန္းေဒသ သာသနာႏုဂၢဟအသင္းႏွင့္ ထိုင္းႏိုင္ငံ ေဗာဓိဂယာဝိဇၨာလ် ၉၈၀ အဖြဲ႕ခ်ဳပ္တို႔ ပူးေပါင္းစီစဥ္ျခင္းျဖစ္ၿပီး ထိုင္း၊ ျမန္မာ၊ ဗိီယက္နမ္၊ ကေမ႓ာဒီးယားႏွင့္ လာအိုႏုိင္ငံမ်ားမွ သံဃာေတာ္မ်ား၏ (၅)ႏုိင္ငံ ဓမၼခရီးစဥ္ကို ေအာက္တိုဘာလ (၁၄)ရက္ေန႔မွ (၃၁)ရက္ေန႔အထိ ၾကြခ်ီၾကမည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ThairathChiangrai၊ ZKB

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net