တာချီလိတ်၌ ကျင်းပပြုလုပ်မည့် မဲခေါင်မြစ်ဝှမ်းဒေသ(၅)နိုင်ငံ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် အလှူရှင်များ စနစ်တကျ လောင်းလှူနိုင်ရန် နေရာသတ်မှတ်ပေးထား

တာချီလိတ်၌ ကျင်းပပြုလုပ်မည့် မဲခေါင်မြစ်ဝှမ်းဒေသ(၅)နိုင်ငံ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် အလှူရှင်များ စနစ်တကျ လောင်းလှူနိုင်ရန် နေရာသတ်မှတ်ပေးထား
အောက်တိုဘာ 11, 2019
By Tachileik News Agency
တာချီလိတ်၌ ကျင်းပပြုလုပ်မည့် မဲခေါင်မြစ်ဝှမ်းဒေသ(၅)နိုင်ငံ စုပေါင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် အလှူရှင်များ စနစ်တကျ လောင်းလှူနိုင်ရန် နေရာသတ်မှတ်ပေးထား 

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်မည့် မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက် လောင်းလှူမည့် အလှူရှင်များအတွက် အဆင်ပြေစေရန် နေရာများ သတ်မှတ်ထားသော်လည်း လာရောက် လောင်းလှူမည့် အလှူရှင်များ အနဖြေင့် မိမိတို့၏ လှူဘွယ်ပစ္စည်းများ တင်ရန် ခုံများ ယူလာရမည်ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာအပါး (၄၀၀) ကျော်က အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဖက်မှနေ၍ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားကို ဖြတ်သန်းပြီး မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ ကြွရောက်ကြမည်ဖြစ်ရာ ချစ်ကြည်ရေးတံတား(၁)မှ စ၍ ရှမ်းရိုးမကွင်းအထိ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်မည်ရန် စီစဉ်ထားရှိသည်။

အလှူရှင်များအနဖြေင့် ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် သတ်မှတ်နေရာများသို့ နံနက်(၇)နာရီ ရောက်ရှိထားရမည်ဖြစ်ပြီး မိမိတို့၏ လှူဘွယ်ပစ္စည်းများ ထားရှိရန်အတွက်လည်း စားပွဲခုံယူလာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

ချစ်ကြည်ရေးတံတား (၁)မှ တံတားထိပ်ရှိ အဝိုင်းပတ်အထိ ပြည်နယ်အစိုးရ အပါအဝင် ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လောင်းလှူရန် သတ်မှတ်ထားပေးပြီး အဝိုင်းပတ်အကျော်မှ စ၍ ရှမ်းရိုးမကွင်းအထိ စီးပွားရေးလုပ်ငန်းရှင် အသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီများ နှင့် ဒေသခံ အလှူရှင်များ လှူနိုင်ရန် သတ်မှတ်ပေးထားသည်။

မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူမည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်နေ့တွင် မြန်မာ - ထိုင်းချစ်ကြည်ရေး တံတား အမှတ်(၁)ပေါ် လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို နံနက် (၇)နာရီမှ နံနက် (၁၀)နာရီအထိ ခေတ္တပိတ်ထားမည်ဖြစ်သည်။

Tachileik News Agency



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~




မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်မည့် မဲခေါင်မြစ်ဝှမ်းဒေသ (၅) နိုင်ငံမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ လာရောက် လောင်းလှူမည့် အလှူရှင်များအတွက် အဆင်ပြေစေရန် နေရာများ သတ်မှတ်ထားသော်လည်း လာရောက် လောင်းလှူမည့် အလှူရှင်များ အနေဖြင့် မိမိတို့၏ လှူဘွယ်ပစ္စည်းများ တင်ရန် ခုံများ ယူလာရမည်ဖြစ်သည်။


အလှူရှင်များအနေဖြင့် ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် သတ်မှတ်နေရာများသို့ နံနက်(၇)နာရီ ရောက်ရှိထားရမည်ဖြစ်ပြီး မိမိတို့၏ လှူဘွယ်ပစ္စည်းများ ထားရှိရန်အတွက်လည်း စားပွဲခုံယူလာရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။



Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net