ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၂)ဦးကို ထိုင်းတာဝန်ရှိသူများက တာချီလိတ်သို့ လွှဲပြောင်း

ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၂၂)ဦးကို ထိုင်းတာဝန်ရှိသူများက တာချီလိတ်သို့ လွှဲပြောင်း
အောက်တိုဘာ 8, 2019
By Tachileik News Agency
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၂၂)ဦးကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၈)ရက်နေ့ နံနက် (၁၀)နာရီခွဲက ထိုင်းတာဝန်ရှိသူများမှ လွှဲပြောင်းပေးလာသည်။

မြန်မာလုပ်သား အမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၇)ဦးသည် ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံနေရပြီးနောက် ပြစ်ဒဏ်စေ့ပြီဖြစ်၍ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် လာရောက်လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

မယ်ဆိုင်ဘက်မှ လဝကအရာရှိ Chayapone Wongsuwan ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှာ တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ လဝကမှူး ညီညီဝင်း ဦးစီးအဖွဲ့၊ြ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က ပြန်လည်လက်ခံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်မှုစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့ပါက နယ်စပ်မြို့များဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဘက်သို့ ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ျပစ္ဒဏ္ေစ့ ျမန္မာႏုိင္ငံသား (၂၂)ဦးကို ထုိင္းတာဝန္ရိွသူမ်ားက တာခ်ီလိတ္သို႔ လႊဲေျပာင္း

 ထုိင္းနုိင္ငံတြင္း ဖမ္းဆီးခံရၿပီး ျပစ္ဒဏ္ေစ့သည့္ ျမန္မာႏုိင္ငံသား (၂၂)ဦးကို ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ ခုနွစ္၊ ေအာက္တိုဘာလ (၈)ရက္ေန႔ နံနက္ (၁၀)နာရီခြဲက ထုိင္းတာဝန္ရိွသူမ်ားမွ လႊဲေျပာင္းေပးလာသည္။

ျမန္မာလုပ္သား အမ်ိဳးသား (၁၅)ဦးႏွင့္ အမ်ိဳးသမီး (၇)ဦးသည္ ထုိင္းႏိုင္ငံတြင္း အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ျပစ္ဒဏ္က်ခံေနရၿပီးေနာက္ ျပစ္ဒဏ္ေစ့ၿပီျဖစ္၍ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတား အမွတ္ (၂) တြင္ လာေရာက္လႊဲေျပာင္းေပးလာျခင္းျဖစ္သည္။

မယ္ဆိုင္ဘက္မွ လဝကအရာရိွ Chayapone Wongsuwan ဦးစီးသည့္အဖြဲ႕က လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာဘက္မွာ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ လဝကမွဴး ညီညီဝင္း ဦးစီးအဖြဲ႕၊ ၿ လူကုန္တားအဖြဲ႕ႏွင့္ CNCMC အဖြဲ႕တုိ႔က ျပန္လည္လက္ခံခဲ့ျခင္းျဖစ္သည္။

ထုိင္းႏိုင္ငံတြင္း အေထာက္အထားမပါဘဲ ဝင္ေရာက္မႈ၊ သတ္မွတ္နယ္ေျမေက်ာ္လြန္သြားလာမႈ၊ ေနထုိင္ခြင့္သက္တမ္း ေက်ာ္လြန္မႈစသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏုိင္ငံသားမ်ား ျပစ္ဒဏ္ေစ့ပါက နယ္စပ္ၿမိဳ႕မ်ားျဖစ္သည့္ ျမဝတီႏွင့္ တာခ်ီလိတ္ဘက္သို႔ ထုိင္းဘက္က ျပန္လည္လႊဲေျပာင္းေပးေလ့ရိွျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net