ကြမ္းလံုၿမိဳ႕နယ္အတြင္း ေျမသယ္ယာဥ္ႏွစ္စီး မီးေလာင္မႈမွာ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားႏွင့္ မသက္ဆုိင္ေၾကာင္း UWSA ေျပာခြင့္ရအတည္ျပဳ

ကြမ္းလံုၿမိဳ႕နယ္အတြင္း ေျမသယ္ယာဥ္ႏွစ္စီး မီးေလာင္မႈမွာ အၾကမ္းဖက္တုိက္ခုိက္မႈမ်ားႏွင့္ မသက္ဆုိင္ေၾကာင္း UWSA ေျပာခြင့္ရအတည္ျပဳ
စက်တင်ဘာ 25, 2019
By Tachileik News Agency
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကြမ္းလံုၿမိဳ႕နယ္၊ ေရႊကူဝါးေက်းရြာအနီး ေဖာင္ဆိပ္ႏွင့္ ခ်င္းေရႊေဟာ္သြား ကားလမ္းမျကီးေဘးတြင္ ေျမသယ္ယာဥ္ႏွစ္စီး မီးေလာင္မႈမွာ ေျမာက္ပိုင္းတုိက္ခုိက္မႈမ်ားႏွင့္ သက္ဆုိင္ျခင္းမရိွေၾကာင္း UWSA ေျပာေရးဆိုခြင့္ရိွသူက အတည္ျပဳေျပာၾကားသည္။

“ေသခ်ာတာတစ္ခု ေျပာႏုိင္တာကေတာ့ ဒါကေတာ့ အၾကမ္းဖက္ပစ္ခတ္တုိက္ခုိက္မႈေတြနဲ႔ ဒီေျမာက္ပိုင္း ကိစၥရပ္ေတြနဲ႔ မဆုိင္ဘူးလုိ႔ေတာ့ ေကာက္ခ်က္ခ်လို႔ရပါတယ္”ဟု UWSA ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ (၂၅)ရက္ေန႔တြင္ ေျပာၾကားသည္။

နမ့္တစ္အထူးၿမိဳ႕နယ္အစပ္ ေဖာင္ဆိပ္ႏွင့္ ခ်င္းေရႊေဟာ္ၾကား လမ္းမႀကီးေဘးတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄) ရက္ေန႔ ညေန (၃)နာရီခြဲဝန္းက်င္က ေျမသယ္ယာဥ္ႏွစ္စီး မီးေလာင္မႈျဖစ္ပြား၍ ဟိုပန္ႏွင့္  ကြမ္းလံုမီးသတ္တပ္ဖြဲ႕မ်ားက သြားေရာက္ၿငိႇမ္းသတ္ေပးခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေျမသယ္ယာဥ္မ်ားအား UWSA တပ္ဖြဲ႕ဝင္မ်ားက မီးရိႈ႕ၿပီး ေမာ္ေတာ္ယာဥ္ေမာင္းမ်ားအား ဖမ္းဆီးေခၚေဆာင္သြားသည္ဟု လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားသူအခ်ိဳ႕ရိွခဲ့ေသာ္လည္း အဆိုပါကိစၥႏွင့္ပတ္သက္၍ UWSA က အတည္ျပဳႏုိင္ျခင္းမရိွဘဲ “ဝ”ေဒသႏွင့္နယ္စပ္ နမ့္တိန္ေခ်ာင္းေဘးတြင္ ေျမတူးမႈမ်ားကို UWSA အေနျဖင့္ တားျမစ္ခဲ့မႈမ်ားရိွထားေၾကာင္း ေျဖၾကားသည္။

“ကၽြန္ေတာ္တုိ႔ အစပ္မွာျဖစ္တာေတာ့ မွန္ပါတယ္။ ေဖာင္ဆိပ္နဲ႔ ခ်င္းေရႊေဟာ္ၾကားမွာေပါ့။ ကၽြန္ေတာ္ သိသေလာက္ကေတာ့ ေျမျပင္အေျခအေနအရေတာ့ သူတုိ႔ကို အတန္တန္သတိေပးခဲ့ၿပီးၿပီ။ ႏွစ္နဲ႔လည္းခ်ီၿပီ။ ဒီေရေခ်ာင္းမွာ ပရမ္းပတာ ေျမေတြ ေလွ်ာက္မဖို႔ဖို႔။ အကယ္လို႔ ဖို႔တာနဲ႔ ကၽြန္ေတာ္တုိ႔ဘက္မွာ ေျမၿပိဳမႈေတြ၊ လမ္းတံတား ပ်က္စီးမႈေတြ ျဖစ္ေပၚလာတယ္ဆိုတာ အႀကိမ္ႀကိမ္ျဖစ္ သတိေပးခဲ့ၿပီးၿပီ။ အဲဒါကိုလည္း သူတုိ႔ နားမေထာင္တဲ့အျပင္ အႀကိမ္ႀကိမ္ဆက္ၿပီးေတာ့ လုပ္ေဆာင္တဲ့အတြက္ေၾကာင့္ ေပါ့ေနာ္။ ဒီမီးရိႈ႕တယ္၊ ဖမ္းသြားတယ္ဆိုတဲ့ဟာေတြကေတာ့ သူတုိ႔ဒီေအာက္က ကုမၸဏီအခ်င္းခ်င္းပဲ ျဖစ္သလား၊ ဘယ္လိုျဖစ္သလဲေတာ့ ကၽြန္ေတာ္တို႔ မသိေသးဘူးေပါ့ေနာ္။ ၿပီးေတာ့ ဒီလုပ္ေဆာင္ေနတဲ့သူေတြကလည္း တရုတ္ျပည္ကလူေတြလို႔ေတာ့ သိထားရပါတယ္။ နမ့္တစ္အထူးၿမိဳ႕နယ္ရဲ႕အစပ္မွာ ကၽြန္ေတာ္တုိ႔ သိသေလာက္ေတာ့ တားေနတာ ႏွစ္နဲ႔ခ်ီေနၿပီ ဒါကို ေဒသခံေတြကလည္း တာဝန္ရိွတဲ့သူေတြကို ပိတ္ပင္ခုိင္းဖို႔ အေၾကာင္းၾကားထားတယ္လုိ႔ ကၽြန္ေတာ္တုိ႔ သိထားရတယ္”ဟု  UWSA ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက ေျပာသည္။

လားရႈိးခ႐ိုင္၊ သိႏၷီႏွင့္ ကြမ္းလံုၿမိဳ႕နယ္အတြင္းရိွ သိႏၷီ - ကြမ္းလံု - ခ်င္းေရႊေဟာ္လမ္းမွာ မဟာမိတ္(၃)ဖြဲ႕၏ တုိက္ခုိက္မႈအတြင္း ၾသဂုတ္လ (၁၇)ရက္ေန႔က တံတား (၂)စင္းမိုင္းခြဲဖ်က္ဆီးခံခဲ့ရသျဖင့္ ေဆာက္လုပ္ေရးဝန္ႀကီးဌာနက ယာယီေဘလီတံတားထုိး၍ လမ္းပန္းဆက္သြယ္ေရး မျပတ္ေတာက္ေစရန္ ျပဳျပင္ထားရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Ko Waiphyo


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွမ်းလုံမြို့နယ်၊ ရွှေကူဝါးကျေးရွာအနီး ဖောင်ဆိပ်နှင့် ချင်းရွှေဟော်သွား ကားလမ်းမကြီးဘေးတွင် မြေသယ်ယာဉ်နှစ်စီး မီးလောင်မှုမှာ မြောက်ပိုင်းတိုက်ခိုက်မှုများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း UWSA ပြောရေးဆိုခွင့်ရှိသူက အတည်ပြုပြောကြားသည်။

“သေချာတာတစ်ခု ပြောနိုင်တာကတော့ ဒါကတော့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ဒီမြောက်ပိုင်း ကိစ္စရပ်တွေနဲ့ မဆိုင်ဘူးလို့တော့ ကောက်ချက်ချလို့ရပါတယ်”ဟု UWSA၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၂၅)ရက်နေ့တွင် ပြောကြားသည်။

နမ့်တစ်အထူးမြို့နယ်အစပ် ဖောင်ဆိပ်နှင့် ချင်းရွှေဟော်ကြား လမ်းမကြီးဘေးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်နေ့ ညနေ (၃)နာရီခွဲဝန်းကျင်က မြေသယ်ယာဉ်နှစ်စီး မီးလောင်မှုဖြစ်ပွား၍ ဟိုပန်နှင့် ကွမ်းလုံမီးသတ်တပ်ဖွဲ့များက သွားရောက်ငြှိမ်းသတ်ပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ မြေသယ်ယာဉ်များအား UWSA တပ်ဖွဲ့ဝင်များက မီးရှို့ပြီး မော်တော်ယာဉ်မောင်းများအား ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသူအချို့ရှိခဲ့သော်လည်း အဆိုပါကိစ္စနှင့်ပတ်သက်၍ UWSA က အတည်ပြုနိုင်ခြင်းမရှိဘဲ “ဝ”ဒေသနှင့်နယ်စပ် နမ့်တိန်ချောင်းဘေးတွင် မြေတူးမှုများကို UWSA အနဖြေင့် တားမြစ်ခဲ့မှုများရှိထားကြောင်း ဖြကြေားသည်။

“ကျွန်တော်တို့ အစပ်မှာဖြစ်တာတော့ မှန်ပါတယ်။ ဖောင်ဆိပ်နဲ့ ချင်းရွှေဟော်ကြားမှာပေါ့။ ကျွန်တော် သိသလောက်ကတော့ မြပြေင်အခြေအနေအရတော့ သူတို့ကို အတန်တန်သတိပေးခဲ့ပြီးပြီ။ နှစ်နဲ့လည်းချီပြီ။ ဒီရေချောင်းမှာ ပရမ်းပတာ မြေတွေ လျှောက်မဖို့ဖို့။ အကယ်လို့ ဖို့တာနဲ့ ကျွန်တော်တို့ဘက်မှာ မြပြေိုမှုတွေ၊ လမ်းတံတား ပျက်စီးမှုတွေ ဖြစ်ပေါ်လာတယ်ဆိုတာ အကြိမ်ကြိမ်ဖြစ် သတိပေးခဲ့ပြီးပြီ။ အဲဒါကိုလည်း သူတို့ နားမထောင်တဲ့အပြင် အကြိမ်ကြိမ်ဆက်ပြီးတော့ လုပ်ဆောင်တဲ့အတွက်ကြောင့် ပေါ့နော်။ ဒီမီးရှို့တယ်၊ ဖမ်းသွားတယ်ဆိုတဲ့ဟာတွေကတော့ သူတို့ဒီအောက်က ကုမ္ပဏီအချင်းချင်းပဲ ဖြစ်သလား၊ ဘယ်လိုဖြစ်သလဲတော့ ကျွန်တော်တို့ မသိသေးဘူးပေါ့နော်။ ပြီးတော့ ဒီလုပ်ဆောင်နေတဲ့သူတွေကလည်း တရုတ်ပြည်ကလူတွေလို့တော့ သိထားရပါတယ်။ နမ့်တစ်အထူးမြို့နယ်ရဲ့အစပ်မှာ ကျွန်တော်တို့ သိသလောက်တော့ တားနေတာ နှစ်နဲ့ချီနပြေီ ဒါကို ဒေသခံတွေကလည်း တာဝန်ရှိတဲ့သူတွေကို ပိတ်ပင်ခိုင်းဖို့ အကြောင်းကြားထားတယ်လို့ ကျွန်တော်တို့ သိထားရတယ်”ဟု UWSA၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။

လားရှိုးခရိုင်၊ သိန္နီနှင့် ကွမ်းလုံမြို့နယ်အတွင်းရှိ သိန္နီ - ကွမ်းလုံ - ချင်းရွှေဟော်လမ်းမှာ မဟာမိတ်(၃)ဖွဲ့၏ တိုက်ခိုက်မှုအတွင်း သြဂုတ်လ (၁၇)ရက်နေ့က တံတား (၂)စင်းမိုင်းခွဲဖျက်ဆီးခံခဲ့ရသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက ယာယီဘေလီတံတားထိုး၍ လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်စေရန် ပြုပြင်ထားရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Ko Waiphyo

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net