ျမန္မာ UMFCCI ႏွင့္ တရုတ္ CCCME တို႔ၾကား စက္ပစၥည္းမ်ားႏွင့္ လွ်ပ္စစ္ထုတ္ကုန္မ်ား တင္သြင္း၊တင္ပို႔ျခင္းဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈ စာခၽြန္လႊာ လက္မွတ္ထိုး

ျမန္မာ UMFCCI ႏွင့္ တရုတ္ CCCME တို႔ၾကား စက္ပစၥည္းမ်ားႏွင့္ လွ်ပ္စစ္ထုတ္ကုန္မ်ား တင္သြင္း၊တင္ပို႔ျခင္းဆုိင္ရာ ပူးေပါင္းေဆာင္ရြက္မႈ စာခၽြန္လႊာ လက္မွတ္ထိုး
စက်တင်ဘာ 23, 2019
By 🌸
ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ (UMFCCI) ႏွင့္ တ႐ုတ္ႏိုင္ငံ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး အသင္းခ်ဳပ္(CCCME) တို႔အၾကား စက္ပစၥည္းမ်ားႏွင့္ လွ်ပ္စစ္ထုတ္ကုန္မ်ား တင္သြင္း/ တင္ပို႔ျခင္း ပူးေပါင္းေဆာင္႐ြက္မႈစာခြၽန္လႊာကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၂)ရက္ေန႔က လက္မွတ္ေရးထုိးေၾကာင္း သိရသည္။

ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြား ဆက္သြယ္ေရး ဝန္ႀကီးဌာန၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ား ၫႊန္ၾကားမႈ ဦးစီးဌာနႏွင့္ တ႐ုတ္ ႏိုင္ငံ၊ စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ျပင္ပ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရး ပူးေပါင္းေဆာင္႐ြက္ေရး ဦးစီးဌာနတို႔ ပူးေပါင္း၍ ရင္းႏွီးျမႇဳပ္ႏွံမႈ ျမႇင့္တင္ေရးႏွင့္ စီမံကိန္းမ်ား ခ်ိတ္ဆက္မႈ အခမ္းအနားကို စက္တင္ဘာလ (၂၂) ရက္ေန႔က ရန္ကုန္ၿမိဳ႕ရွိ Sedona Hotel တြင္ က်င္းပစဥ္ လက္မွတ္ေရးထုိးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ ပဲခူးတိုင္းေဒသႀကီးဝန္ႀကီး ဦးၫြန႔္ေ႐ႊ၊ ျမန္မာႏိုင္ငံဆိုင္ရာ တ႐ုတ္ျပည္သူ႔သမၼတႏိုင္ငံ သံအမတ္ႀကီး မစၥတာခ်န္ဟိုင္၊ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈ ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးသန႔္စင္လြင္၊ တ႐ုတ္ႏိုင္ငံ၊ စီးပြားေရးႏွင့္ ကူးသန္း ေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ျပင္ပရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရးပူးေပါင္းေဆာင္႐ြက္ေရး ဦးစီးဌာနမွ ၫႊန္ၾကားေရးမႉးခ်ဳပ္ မစၥတာဝမ္ရွမ္းဝမ္ (Mr. Wang Sheng wen)၊ အစိုးရဌာန ဆိုင္ရာမ်ားမွ အဆင့္ျမင့္ အရာရွိမ်ား၊ UMFCCI ႏွင့္ CCCME တို႔မွ တာဝန္ရွိသူမ်ား၊ ျပည္တြင္းျပည္ပ စီးပြားေရးလုပ္ငန္းရွင္မ်ား စုစုေပါင္း (၂၀၀)ဦးခန႔္ တက္ေရာက္ခဲ့ၾကသည္ဟု သိရသည္။

Tachileik News Agency
Photo: DICA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာ UMFCCI နှင့် တရုတ် CCCME တို့ကြား စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များ တင်သွင်း၊တင်ပို့ခြင်းဆိုင်ရာ  ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာ လက်မှတ်ထိုး
***************
ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) နှင့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး အသင်းချုပ်(CCCME) တို့အကြား စက်ပစ္စည်းများနှင့် လျှပ်စစ်ထုတ်ကုန်များ တင်သွင်း/ တင်ပို့ခြင်း ပူးပေါင်းဆောင်ရွက်မှုစာချွန်လွှာကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့က လက်မှတ်ရေးထိုးကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနနှင့် တရုတ် နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြင်ပ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးနှင့် စီမံကိန်းများ ချိတ်ဆက်မှု အခမ်းအနားကို စက်တင်ဘာလ (၂၂) ရက်နေ့က ရန်ကုန်မြို့ရှိ Sedona Hotel တွင် ကျင်းပစဉ် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီး ဦးညွန့်ရွှေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်ဟိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ တရုတ်နိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြင်ပရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် မစ္စတာဝမ်ရှမ်းဝမ် (Mr. Wang Shengwen)၊ အစိုးရဌာန ဆိုင်ရာများမှ အဆင့်မြင့် အရာရှိများ၊ UMFCCI နှင့် CCCME တို့မှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

Tachileik News Agency
Photo: DICA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net