လိြဳင္ေကာ္တြင္ လည္ပင္းအက်ိတ္ေရာဂါေၾကာင့္ ေဆးရံုတက္ေနရသည့္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

လိြဳင္ေကာ္တြင္ လည္ပင္းအက်ိတ္ေရာဂါေၾကာင့္ ေဆးရံုတက္ေနရသည့္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
စက်တင်ဘာ 28, 2019
By 🌸
ကယားျပည္နယ္ ၊ လိြဳင္ေကာ္ၿမိဳ႕ ျပည္သူ႔ေဆးရံုႀကီးတြင္ ေဆးရံုတက္ကုသမႈခံယူေနသည့္ လည္ပင္းအက်ိတ္ ေဝဒနာရွင္ အမ်ိဳးသားတစ္ဦး ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၈) ရက္ေန႔ နံနက္ပိုင္းက သူနာျပဳ သင္တန္းေက်ာင္း အေဆာက္အဦ၌ ႀကိဳးဆြဲခ်ေသဆံုးသြားေၾကာင္း သိရသည္။

ေဆးရံုႏွင့္မ်က္ႏွာခ်င္းဆုိင္ရိွ သူနာျပဳသင္တန္းေက်ာင္းမွ ေဆာက္လက္စအေဆာက္အဦသစ္တြင္ အမ်ိဳးသားတစ္ဦး ႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း ရဲစခန္းသို႔ အေၾကာင္းၾကားသျဖင့္ သြားေရာက္စစ္ေဆးၿပီး ေသဆံုးရျခင္း အေၾကာင္းရင္းအား စစ္ေဆးရန္ ေဆးရံုႀကီးသို႔ပို႔၍ စစ္ေဆးခဲ့ရာမွ ေဆးရံုႀကီးတြင္ လည္ပင္းအက်ိတ္ေရာဂါျဖင့္ ေဆးရံုတက္ ကုသမႈခံယူေနသည့္ လူနာျဖစ္သည္ကို အတည္ျပဳႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ လူနာမွာ အသက္ (၄၇)ႏွစ္အရြယ္ျဖစ္ၿပီး စက္တင္ဘာလ (၂၆)ရက္ေန႔က ေဆးရံုတက္ေနျခင္းျဖစ္ကာ ယခင္ကလည္း မၾကာခဏ ေဆးရံုတက္ရသူျဖစ္ေၾကာင္း သိရသည္။

လိြဳင္ေကာ္ၿမိဳ႕မ ရဲစခန္းက ေသမႈေသခင္းဖြင့္လွစ္ၿပီး စစ္ေဆးမႈမ်ား လုပ္ေဆာင္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဆန္းၿဖိဳးထြန္း
ဓါတ္ပံု - ေရႊလြိဳင္ေကာ္ပရဟိတအသင္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လွိုင်ကော်တွင် လည်ပင်းအကျိတ်ရောဂါကြောင့်  ဆေးရုံတက်နေရသည့် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး
***************
ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံတက်ကုသမှုခံယူနေသည့် လည်ပင်းအကျိတ် ဝေဒနာရှင် အမျိုးသားတစ်ဦး ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နံနက်ပိုင်းက သူနာပြု သင်တန်းကျောင်း အဆောက်အဦ၌ ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

ဆေးရုံနှင့်မျက်နှာချင်းဆိုင်ရှိ သူနာပြုသင်တန်းကျောင်းမှ ဆောက်လက်စအဆောက်အဦသစ်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်း ရဲစခန်းသို့ အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးပြီး သေဆုံးရခြင်း အကြောင်းရင်းအား စစ်ဆေးရန် ဆေးရုံကြီးသို့ပို့၍ စစ်ဆေးခဲ့ရာမှ ဆေးရုံကြီးတွင် လည်ပင်းအကျိတ်ရောဂါဖြင့် ဆေးရုံတက် ကုသမှုခံယူနေသည့် လူနာဖြစ်သည်ကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာမှာ အသက် (၄၇)နှစ်အရွယ်ဖြစ်ပြီး စက်တင်ဘာလ (၂၆)ရက်နေ့က ဆေးရုံတက်နေခြင်းဖြစ်ကာ ယခင်ကလည်း မကြာခဏ ဆေးရုံတက်ရသူဖြစ်ကြောင်း သိရသည်။

လွိုင်ကော်မြို့မ ရဲစခန်းက သေမှုသေခင်းဖွင့်လှစ်ပြီး စစ်ဆေးမှုများ လုပ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဆန်းဖြိုးထွန်း
ဓါတ်ပုံ - ရွှေလွိုင်ကော်ပရဟိတအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net