တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပရိတ္သတ္ တစ္သိန္းဝန္းက်င္ တက္ေရာက္ႏုိင္ရန္ ျပင္ဆင္မည္

တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနကို ပရိတ္သတ္ တစ္သိန္းဝန္းက်င္ တက္ေရာက္ႏုိင္ရန္ ျပင္ဆင္မည္
စက်တင်ဘာ 15, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားကို ပရိတ္သတ္ တစ္သိန္း ဝန္းက်င္တက္ေရာက္ႏုိင္သည္အထိ ျပင္ဆင္ေဆာင္ရြက္ရန္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၅)ရက္ေန႔ အစည္းအေဝးတြင္ ဆံုးျဖတ္လုိက္ၾကသည္။

ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနအတြက္ အစည္းအေဝးကို တာခ်ီလိတ္ၿမို႕ နဂါးႏွစ္ေကာင္ ေက်ာင္းတိုက္ ဆရာေတာ္၊ က်ိဳင္းတံုၿမိဳ႕ ဝစီပိတ္ဆရာေတာ္ႏွင့္ ဖိတ္ၾကားထားသည့္ ဆရာေတာ္မ်ား၊ အမွတ္(၆) စစ္ဆင္ေရး အထူးတပ္ဖြဲ႔မွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမွဴး ဗိုလ္ခ်ုပ္ခင္လိႈင္၊ တာခ်ီလိတ္ခရိုင္ အုပ္ခ်ဳပ္ေရးမွူး ဦးျမင့္ႏိုင္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ စစ္ဘက္ နယ္ဘက္ဆုိင္ရာ တာဝန္ရိွသူမ်ား၊ ဆရာေတာ္၏ တပည့္ဒါယိကာ၊ ဒါယိကာမမ်ား တက္ေရာက္ၾကျခင္းျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတိုက္၏ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိ၏ အႏၱိမအဂၢိစ်ာပန အခမ္းအနားက်င္းပမည့္ တာခ်ီလိတ္ၿမိဳ႕မသုႆန္သစ္(ပံုလို႔)တြင္ အဝင္လမ္း၊ အထြက္လမ္းမ်ားစီစဥ္ထားၿပီး လမ္းမီးလင္းေရးအတြက္ တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တာဝန္ယူရန္ႏွင့္ ပင့္ဖိတ္သံဃာမ်ား၊ ဧည့္ပရိတ္သတ္မ်ား ဆရာေတာ္ဘုရားႀကီးကို ေနာက္ဆံုးၾကည္ညိဳႏိုင္ရန္ အတြက္ ဆပ္ေကာ္မတီမ်ားဖြဲ႕ကာ စီစဥ္ေပးသြားရန္ အစည္းအေဝး၌ ဆံုးျဖတ္ခဲ့ၾကသည္။

ဆရာေတာ္၏ အႏၱိမအဂၢိစ်ာပနက်င္းပေရးအတြက္ ဘ႑ာေငြရွာေဖြေရးဆပ္ေကာ္မတီဖြဲ႕စည္းလုိက္ၿပီး အဆိုပါေကာ္မတီသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ႏွင့္ ၾကည္း၊ ေရ၊ ေလ တပ္မေတာ္သားမ်ား၏ စုေပါင္းအလွဴေငြမ်ားကို အမွတ္(၆) စစ္ဆင္ေရးအထူးတပ္ဖြဲ႔မွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး သန္းထြန္းဦး၊ ႀတိဂံတိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္ တပ္မေတာ္အရာရိွမ်ားက လည္းေကာင္း၊ တာခ်ီလိတ္ခရိုင္၊ ၿမိဳ႕နယ္ဌာနဆိုင္ရာမ်ားႏွင့္ လုပ္ငန္းရွင္မ်ားက အလွဴေငြမ်ား အသီးသီးေပးအပ္ၾကသည္ကို ေတြ႔ရသည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိသည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ(၇)ရက္ေန႔ ည(၉)နာရီ (၁၅)မိနစ္အခ်ိန္တြင္ ဘ၀နတ္ထံ ပ်ံလြန္ေတာ္မူျခင္းျဖစ္ၿပီး ပ်ံလြန္ေတာ္မူခ်ိန္တြက္ သက္ေတာ္(၈၄)ႏွစ္၊ ၀ါေတာ္ (၆၁)၀ါရွိၿပီျဖစ္သည္။

မဟာျမတ္မုနိဘုရားႀကီးစာသင္တုိက္ ပဓာနနာယကဆရာေတာ္ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ဘဒၵႏၱပညာသာမိကို တာခ်ီလိတ္ၿမိဳ႕နယ္ မုိင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာတြင္ ၁၉၃၆ ခုႏွစ္၌ ဖြားျမင္ခဲ့ျခင္းျဖစ္ၿပီး ငယ္နာမည္မွာ စိုင္းဖတ္ျဖစ္သည္။

စိုင္းဖတ္သည္ အသက္(၁၁)ႏွစ္အရြယ္တြင္ ယန္းခမ္းေက်ာင္းဆရာေတာ္ အရွင္ေသာဘိတမေထရ္ထံ ရွင္သာမေဏအျဖစ္ျဖင့္ သာသနာ့ေဘာင္စတင္ဝင္ေရာက္ခဲ့ၿပီး ၁၉၆၈ ခုႏွစ္တြင္ တာခ်ီလိတ္ၿမိဳ႕ မဟာျမတ္မုနိဘုရားႀကီးေက်ာင္းတုိက္၌ စတင္ဖြင့္လွစ္သည့္ ဓေမၼာဒယပရိယတၱိစာသင္တုိက္တြင္ စာခ်အဖြဲ႕ေခါင္းေဆာင္အျဖစ္ သာသနာ့တာဝန္ထမ္းေဆာင္ရင္း ၁၉၇၈ ခုႏွစ္၊ ဧၿပီလ (၃)ရက္ေန႔တြင္ ရဟန္းသက္ (၁၈) ဝါ၌ ေက်ာင္းထုိင္ဆရာေတာ္အျဖစ္ ေက်ာင္းအပ္ႏွံခံရျခင္းျဖစ္သည္။

ဆရာေတာ္အား ၁၉၇၈ ခုႏွစ္တြင္ သွ်မ္းဂိုဏ္း ယြန္းဂိုဏ္းသံဃာေတာ္မ်ားႏွင့္ ဒကာဒကာမမ်ားက ယြန္းဂိုဏ္းသံဃာ၏ တတိယအဆင့္ျဖစ္သည့္ ဆြာတိဘြဲ႕ေတာ္၊ ၁၉၉၆ ခုႏွစ္တြင္ သံဃသမဂၢ သွ်မ္းဂိုဏ္းသံဃာအဖြဲ႕က နာယကဂိုဏ္းခ်ုပ္ဘြဲ႔၊ ၂၀၀၄ ခုႏွစ္တြင္ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ခရိုင္ ၿမိဳ႕နယ္သံဃာ့နာယက(ေရႊက်င္)အျဖစ္ႏွင့္ ႏိုင္ငံေတာ္အစိုးရ သာသနာေရးဝန္ႀကီးဌာနက အဂၢမဟာသဒၶမၼေဇာတိကဓဇဘြဲ႕တို႔ကို ဆက္ကပ္ခဲ့ေၾကာင္း ၂၀၀၄ ခုႏွစ္က ထုတ္ေဝထားသည့္ သာသနာ့ေရာင္ျခည္ ဂုဏ္ျပဳမွတ္တမ္းတြင္ ေဖၚျပထားသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် ပဓာနနာယကဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပရိတ်သတ် တစ်သိန်းဝန်းကျင် တက်ရောက်နိုင်ရန် ပြင်ဆင်မည်
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကို ပရိတ်သတ် တစ်သိန်း ဝန်းကျင်တက်ရောက်နိုင်သည်အထိ ပြင်ဆင်ဆောင်ရွက်ရန် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၅)ရက်နေ့ အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြသည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနအတွက် အစည်းအဝေးကို တာချီလိတ်မြို့ နဂါးနှစ်ကောင် ကျောင်းတိုက် ဆရာတော်၊ ကျိုင်းတုံမြို့ ဝစီပိတ်ဆရာတော်နှင့် ဖိတ်ကြားထားသည့် ဆရာတော်များ၊ အမှတ်(၆) စစ်ဆင်ရေး အထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် စစ်ဘက် နယ်ဘက်ဆိုင်ရာ တာဝန်ရှိသူများ၊ ဆရာတော်၏ တပည့်ဒါယိကာ၊ ဒါယိကာမများ တက်ရောက်ကြခြင်းဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၏ ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပမည့် တာချီလိတ်မြို့မသုဿန်သစ်(ပုံလို့)တွင် အဝင်လမ်း၊ အထွက်လမ်းများစီစဉ်ထားပြီး လမ်းမီးလင်းရေးအတွက် တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တာဝန်ယူရန်နှင့် ပင့်ဖိတ်သံဃာများ၊ ဧည့်ပရိတ်သတ်များ ဆရာတော်ဘုရားကြီးကို နောက်ဆုံးကြည်ညိုနိုင်ရန် အတွက် ဆပ်ကော်မတီများဖွဲ့ကာ စီစဉ်ပေးသွားရန် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့ကြသည်။

ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကျင်းပရေးအတွက် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီဖွဲ့စည်းလိုက်ပြီး အဆိုပါကော်မတီသို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကြည်း၊ ရေ၊ လေ တပ်မတော်သားများ၏ စုပေါင်းအလှူငွေများကို အမှတ်(၆) စစ်ဆင်ရေးအထူးတပ်ဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် တပ်မတော်အရာရှိများက လည်းကောင်း၊ တာချီလိတ်ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များက အလှူငွေများ အသီးသီးပေးအပ်ကြသည်ကို တွေ့ရသည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ ည(၉)နာရီ (၁၅)မိနစ်အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခြင်းဖြစ်ပြီး ပျံလွန်တော်မူချိန်တွက် သက်တော်(၈၄)နှစ်၊ ဝါတော် (၆၁)ဝါရှိပြီဖြစ်သည်။

မဟာမြတ်မုနိဘုရားကြီးစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိကို တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာတွင် ၁၉၃၆ ခုနှစ်၌ ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး ငယ်နာမည်မှာ စိုင်းဖတ်ဖြစ်သည်။

စိုင်းဖတ်သည် အသက်(၁၁)နှစ်အရွယ်တွင် ယန်းခမ်းကျောင်းဆရာတော် အရှင်သောဘိတမထေရ်ထံ ရှင်သာမဏေအဖြစ်ဖြင့် သာသနာ့ဘောင်စတင်ဝင်ရောက်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်၌ စတင်ဖွင့်လှစ်သည့် ဓမ္မောဒယပရိယတ္တိစာသင်တိုက်တွင် စာချအဖွဲ့ခေါင်းဆောင်အဖြစ် သာသနာ့တာဝန်ထမ်းဆောင်ရင်း ၁၉၇၈ ခုနှစ်၊ ဧပြီလ (၃)ရက်နေ့တွင် ရဟန်းသက် (၁၈) ဝါ၌ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းအပ်နှံခံရခြင်းဖြစ်သည်။

ဆရာတော်အား ၁၉၇၈ ခုနှစ်တွင် သျှမ်းဂိုဏ်း ယွန်းဂိုဏ်းသံဃာတော်များနှင့် ဒကာဒကာမများက ယွန်းဂိုဏ်းသံဃာ၏ တတိယအဆင့်ဖြစ်သည့် ဆွာတိဘွဲ့တော်၊ ၁၉၉၆ ခုနှစ်တွင် သံဃသမဂ္ဂ သျှမ်းဂိုဏ်းသံဃာအဖွဲ့က နာယကဂိုဏ်းချုပ်ဘွဲ့၊ ၂၀၀၄ ခုနှစ်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မြို့နယ်သံဃာ့နာယက(ရွှေကျင်)အဖြစ်နှင့် နိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာနက အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တို့ကို ဆက်ကပ်ခဲ့ကြောင်း ၂၀၀၄ ခုနှစ်က ထုတ်ဝေထားသည့် သာသနာ့ရောင်ခြည် ဂုဏ်ပြုမှတ်တမ်းတွင် ဖေါ်ပြထားသည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net