တာခ်ီလိတ္ၿမိဳ႕နယ္တြင္ မွတ္ပံုတင္ကြင္းဆင္းေဆာင္ရြက္ေပးရာ၌ မိဘမ်ား မွတ္ပံုတင္မရိွသည့္ ကေလးမ်ားကိုလည္း (၅)ဦးေကာ္မတီျဖင့္ စိစစ္ထုတ္ေပးမည္

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ မွတ္ပံုတင္ကြင္းဆင္းေဆာင္ရြက္ေပးရာ၌ မိဘမ်ား မွတ္ပံုတင္မရိွသည့္ ကေလးမ်ားကိုလည္း (၅)ဦးေကာ္မတီျဖင့္ စိစစ္ထုတ္ေပးမည္
စက်တင်ဘာ 27, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေက်းရြာမ်ား၌ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက မွတ္ပံုတင္ ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ မိဘႏွစ္ပါး၌ မွတ္ပံုတင္မရိွေသးသည့္ ေဒသခံတုိင္းရင္းသား ကေလးမ်ားကိုလည္း (၅)ဦးေကာ္မတီျဖင့္ စိစစ္ၿပီး မွတ္ပံုတင္ထုတ္ေပးေနေၾကာင္း သိရသည္။

"ကြင္းဆင္းတာ (၃) အုပ္စုရိွေနၿပီ။ ကၽြန္ေတာ္တို႔ဌာနအေနနဲ႔ အစီအစဥ္ဆြဲထားၿပီးသား။ မိုင္းကိုးေက်းရြာအုပ္စု၊ ဖန္မင္ေက်းရြာအုပ္စု၊ မိုင္းဖုန္းေက်းရြာအုပ္စုကို ကၽြန္ေတာ္တို႔ ဆင္းၿပီးပါၿပီ။ (၃) အုပ္စုမွာ လူေပါင္း (၁၀၀၀) နီးပါးေလာက္ ထုတ္ေပးၿပီးပါၿပီ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနမွ ၿမိဳ႕နယ္ဦးစီးမွဴး ဦးစိုင္းဆိုင္တစ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း OSS ဌာနမ်ားႏွင့္အတူ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနက ကြင္းဆင္းေဆာင္ရြက္စဥ္ ေတြ႔ရိွခ်က္မ်ားအရ မွတ္ပံုတင္ကြင္းဆင္းေဆာင္ရြက္ေပးျခင္းကို စက္တင္ဘာလအတြင္း ေဆာင္ရြက္ေပးေနရာ လူေပါင္း (၁၀၀၀) ကို မွတ္ပံုတင္စိစစ္ထုတ္ေပးထားၿပီး မွတ္ပံုတင္ျပဳလုပ္ရန္ လိုအပ္သူမ်ားသည့္ ေက်းရြာမ်ားသို႔လည္း ဆက္လက္ဆင္းေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"က်ိဳင္းတံုတို႔၊ မိုင္းပ်ဥ္းတို႔မွာ ေနလာၿပီးေတာ့ ေျပာင္းေရႊ႕ၿပီး ဒီမွာလာေနထိုင္တဲ့သူေတြရိွတယ္။ ၿပီးေတာ့ သန္းေခါင္စာရင္းက မေျပာင္းရေသးဘူး။ ေျပာင္းဖို႔ရာအတြက္ အခက္အခဲေတြရိွတာ ျမင္ေနရတယ္။ လူႀကီးေတြအေနနဲ့ ေဆာင္ရြက္ေပးႏိုင္မယ္ဆိုရင္ ျပည္သူေတြအတြက္ အဆင္ေျပမယ္လို႔ ထင္ပါတယ္"ဟု လြယ္ေတာ္ခမ္းေက်းရြာအုပ္ခ်ဳပ္ေရးမွဴး ဦးခ်စ္ေဂ်ာ့က ေျပာသည္။

OSS ဌာနမ်ားျဖင့္ ကြင္းဆင္းေဆာင္ရြက္ေပးရာတြင္ လူဝင္မႈႀကီးၾကပ္ေရးဦးစီးဌာနအေနျဖင့္ အိမ္ေထာင္စုဇယား ေျပာင္းဝင္၊ ေျပာင္းထြက္မ်ား၊ ေမြးစာရင္းတိုးေပးမႈမ်ားကိုသာ လုပ္ေဆာင္ေပးၿပီး မွတ္ပံုတင္လုိအပ္ခ်က္ရိွသည့္ ေက်းရြာမ်ားကို သီးျခားကြင္းဆင္းေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

မွတ္ပံုတင္ျပဳလုပ္ရန္အတြက္ ေမြးစာရင္း၊ မိဘမ်ား၏ မွတ္ပံုတင္မိတၱဴ၊ အိမ္ေထာင္စုစာရင္း၊ ေက်ာင္းသား၊ ေက်ာင္းသူျဖစ္ပါက ေက်ာင္းေထာက္ခံခ်က္မ်ား လိုအပ္မည္ျဖစ္ၿပီး မိဘမ်ားတြင္ မွတ္ပံုတင္မရိွပါက ေဒသခံတိုင္းရင္းသား ဟုတ္၊ မဟုတ္ကို (၅) ဦးေကာ္မတီျဖင့္စိစစ္ၿပီး မွတ္ပံုတင္မ်ား ထုတ္ေပးေနျခင္းေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ်တွင် မှတ်ပုံတင်ကွင်းဆင်းဆောင်ရွက်ပေးရာ၌ မိဘများ မှတ်ပုံတင်မရှိသည့် ကလေးများကိုလည်း (၅)ဦးကော်မတီဖြင့် စိစစ်ထုတ်ပေးမည်
*************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကျေးရွာများ၌ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက မှတ်ပုံတင် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မိဘနှစ်ပါး၌ မှတ်ပုံတင်မရှိသေးသည့် ဒေသခံတိုင်းရင်းသား ကလေးများကိုလည်း (၅)ဦးကော်မတီဖြင့် စိစစ်ပြီး မှတ်ပုံတင်ထုတ်ပေးနေကြောင်း သိရသည်။

"ကွင်းဆင်းတာ (၃) အုပ်စုရှိနေပြီ။ ကျွန်တော်တို့ဌာနအနေနဲ့ အစီအစဉ်ဆွဲထားပြီးသား။ မိုင်းကိုးကျေးရွာအုပ်စု၊ ဖန်မင်ကျေးရွာအုပ်စု၊ မိုင်းဖုန်းကျေးရွာအုပ်စုကို ကျွန်တော်တို့ ဆင်းပြီးပါပြီ။ (၃) အုပ်စုမှာ လူပေါင်း (၁၀၀၀) နီးပါးလောက် ထုတ်ပေးပြီးပါပြီ"ဟု တာချီလိတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းစံတစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့နယ်အတွင်း OSS ဌာနများနှင့်အတူ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်စဉ် တွေ့ရှိချက်များအရ မှတ်ပုံတင်ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို စက်တင်ဘာလအတွင်း ဆောင်ရွက်ပေးနေရာ လူပေါင်း (၁၀၀၀) ကို မှတ်ပုံတင်စိစစ်ထုတ်ပေးထားပြီး မှတ်ပုံတင်ပြုလုပ်ရန် လိုအပ်သူများသည့် ကျေးရွာများသို့လည်း ဆက်လက်ဆင်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"ကျိုင်းတုံတို့၊ မိုင်းပျဉ်းတို့မှာ နေလာပြီးတော့ ပြောင်းရွှေ့ပြီး ဒီမှာလာနေထိုင်တဲ့သူတွေရှိတယ်။ ပြီးတော့ သန်းခေါင်စာရင်းက မပြောင်းရသေးဘူး။ ပြောင်းဖို့ရာအတွက် အခက်အခဲတွေရှိတာ မြင်နေရတယ်။ လူကြီးတွေအနေနဲ့ ဆောင်ရွက်ပေးနိုင်မယ်ဆိုရင် ပြည်သူတွေအတွက် အဆင်ပြေမယ်လို့ ထင်ပါတယ်"ဟု လွယ်တော်ခမ်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးချစ်ဂျော့က ပြောသည်။

OSS ဌာနများဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနအနေဖြင့် အိမ်ထောင်စုဇယား ပြောင်းဝင်၊ ပြောင်းထွက်များ၊ မွေးစာရင်းတိုးပေးမှုများကိုသာ လုပ်ဆောင်ပေးပြီး မှတ်ပုံတင်လိုအပ်ချက်ရှိသည့် ကျေးရွာများကို သီးခြားကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

မှတ်ပုံတင်ပြုလုပ်ရန်အတွက် မွေးစာရင်း၊ မိဘများ၏ မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စုစာရင်း၊ ကျောင်းသား၊ ကျောင်းသူဖြစ်ပါက ကျောင်းထောက်ခံချက်များ လိုအပ်မည်ဖြစ်ပြီး မိဘများတွင် မှတ်ပုံတင်မရှိပါက ဒေသခံတိုင်းရင်းသား ဟုတ်၊ မဟုတ်ကို (၅) ဦးကော်မတီဖြင့်စိစစ်ပြီး မှတ်ပုံတင်များ ထုတ်ပေးနေခြင်းကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net