တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေရပူစမ္းေက်းရြာက ဖုန္းဆက္သြယ္ေရး ရရွိေရးအတြက္ Mytel ကုမၸဏီအား ဆက္သြယ္ေရးတာ၀ါတိုင္စိုက္ထူရန္ ေျမေနရာေပးထား

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေရပူစမ္းေက်းရြာက ဖုန္းဆက္သြယ္ေရး ရရွိေရးအတြက္ Mytel ကုမၸဏီအား ဆက္သြယ္ေရးတာ၀ါတိုင္စိုက္ထူရန္ ေျမေနရာေပးထား
စက်တင်ဘာ 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရိွ ေရပူစမ္းစံျပ ေက်းရြာတြင္ ဆက္သြယ္ေရးတာဝါတုိင္စိုက္ထူရန္ ေျမေနရာလာၾကည့္သည့္ Mytel ကုမၸဏီအား လြန္ခဲ့သည့္ တစ္လေက်ာ္ကတည္းက ေက်းရြာမွ ေျမေနရာေပးထားေၾကာင္း သိရသည္။

"Mytel က တာ၀ါတိုင္စိုက္ဖို႔ ေျမေနရာ လာၾကည့္သြားတယ္။ ရြာကလည္း ေျမေနရာေပးထားၿပီးသား။ တစ္လေက်ာ္သြားၿပီ။ ရြာမွာအေရးႀကီးလိုေနတာ ဖုန္းဆက္သြယ္ေရးပဲ"ဟု  ေရပူစမ္းစံျပေက်းရြာသူႀကီး ဦးစိုင္းေနာင့္က ေျပာသည္။

တာခ်ီလိတ္ - မိုင္းဆတ္ ကားလမ္းမႀကီးမွ အတြင္းဘက္ (၃) မိုင္အကြာတြင္ တည္ရိွသည့္ ေရပူစမ္းစံျပေက်းရြာတြင္ ဆက္သြယ္ေရးအဆင္မေျပသည့္အတြက္ က်န္းမာေရး၊ စီးပြားေရးကိစၥရပ္မ်ားတြင္ အခက္အခဲျဖစ္ေပၚေနေၾကာင္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၅)ရက္ေန႔က ေဒသခံမ်ားႏွင့္ လာေရာက္ေတြ႕ဆံုသည့္ ခရိုင္၊ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ားကို ေဒသခံမ်ားက တင္ျပခဲ့ၾကသည္ကို ေတြ႔ရသည္။

ဆက္သြယ္ေရး အခက္အခဲျဖစ္ေနသည့္အတြက္ တာဝါတိုင္စိုက္ထူႏိုင္ေရး သက္ဆိုင္ရာကုမၸဏီႏွင့္ ေတြ႔ဆံုသြားမည္ဟု ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီဥကၠဌက ဆုိသည္။

"တာဝါတိုင္ေဆာက္ဖို႔ဆိုတာ ကုမၸဏီဘက္က အရင္းအႏွီးရိွတယ္။ တာဝါတိုင္တစ္တိုင္ကို ဖုန္းအလံုး (၃၀၀၀) ေလာက္ သံုးလို႔ရတယ္ဆိုရင္ ရြာကသံုးႏိုင္တဲ့ဖုန္းအေရအတြက္က (၃၀၀၀) ရိွပါ့မလား။ ဒီေတာ့ ေက်းရြာဖြံ႕ၿဖိဳးေရးအတြက္ တာဝါတိုင္ေဆာက္ေပးပါဆိုၿပီး ကုမၸဏီကိုေခၚၿပီး ေဆြးေႏြးရမွာေပါ့"ဟု  ခရိုင္စီမံခန္႔ခြဲေရးေကာ္မတီဥကၠဌ၊ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေရပူစမ္းစံျပေက်းရြာတြင္ လားဟူတိုင္းရင္းသားမ်ား အမ်ားစုေနထုိင္ၾကၿပီး အိမ္ေထာင္စု (၂၂၈) စု၊ လူဦးေရ (၁၀၄၂) ဦးရိွသည့္ ေတာင္ေပၚေဒသျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ ရေပူစမ်းစံပြ ကျေးရွာတွင် ဆက်သွယ်ရေးတာဝါတိုင်စိုက်ထူရန် မြေနေရာလာကြည့်သည့် Mytel ကုမ္ပဏီအား လွန်ခဲ့သည့် တစ်လကျော်ကတည်းက ကျေးရွာမှ မြေနေရာပေးထားကြောင်း သိရသည်။

"Mytel က တာဝါတိုင်စိုက်ဖို့ မြေနေရာ လာကြည့်သွားတယ်။ ရွာကလည်း မြေနေရာပေးထားပြီးသား။ တစ်လကျော်သွားပြီ။ ရွာမှာအရေးကြီးလိုနေတာ ဖုန်းဆက်သွယ်ရေးပဲ"ဟု ရေပူစမ်းစံပြကျေးရွာသူကြီး ဦးစိုင်းနောင့်က ပြောသည်။

တာချီလိတ် - မိုင်းဆတ် ကားလမ်းမကြီးမှ အတွင်းဘက် (၃) မိုင်အကွာတွင် တည်ရှိသည့် ရေပူစမ်းစံပြကျေးရွာတွင် ဆက်သွယ်ရေးအဆင်မပြေသည့်အတွက် ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်များတွင် အခက်အခဲဖြစ်ပေါ်နေကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့က ဒေသခံများနှင့် လာရောက်တွေ့ဆုံသည့် ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာများကို ဒေသခံများက တင်ပြခဲ့ကြသည်ကို တွေ့ရသည်။

ဆက်သွယ်ရေး အခက်အခဲဖြစ်နေသည့်အတွက် တာဝါတိုင်စိုက်ထူနိုင်ရေး သက်ဆိုင်ရာကုမ္ပဏီနှင့် တွေ့ဆုံသွားမည်ဟု ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌက ဆိုသည်။

"တာဝါတိုင်ဆောက်ဖို့ဆိုတာ ကုမ္ပဏီဘက်က အရင်းအနှီးရှိတယ်။ တာဝါတိုင်တစ်တိုင်ကို ဖုန်းအလုံး (၃၀၀၀) လောက် သုံးလို့ရတယ်ဆိုရင် ရွာကသုံးနိုင်တဲ့ဖုန်းအရေအတွက်က (၃၀၀၀) ရှိပါ့မလား။ ဒီတော့ ကျေးရွာဖွံ့ဖြိုးရေးအတွက် တာဝါတိုင်ဆောက်ပေးပါဆိုပြီး ကုမ္ပဏီကိုခေါ်ပြီး ဆွေးနွေးရမှာပေါ့"ဟု ခရိုင်စီမံခန့်ခွဲရေးကော်မတီဥက္ကဌ၊ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရေပူစမ်းစံပြကျေးရွာတွင် လားဟူတိုင်းရင်းသားများ အများစုနေထိုင်ကြပြီး အိမ်ထောင်စု (၂၂၈) စု၊ လူဦးရေ (၁၀၄၂) ဦးရှိသည့် တောင်ပေါ်ဒေသဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net