တာခ်ီလိတ္တြင္ ေရေမာ္တာတင္ရာမွ အပူလြန္ကဲၿပီး မီးလန္႔မႈျဖစ္ပြား

တာခ်ီလိတ္တြင္ ေရေမာ္တာတင္ရာမွ အပူလြန္ကဲၿပီး မီးလန္႔မႈျဖစ္ပြား
စက်တင်ဘာ 25, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္ တာခ်ီလိတ္လူငယ္ပရဟိတေဂဟာအနီးရိွ ေနအိမ္တစ္လံုးတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၅)ရက္ေန႔ ညေန (၃) နာရီ (၄၅)မိနစ္ဝန္းက်င္က ေရေမာ္တာတင္ရာမွ အပူလြန္ကဲၿပီး မီးလန္႔မႈျဖစ္ပြားသည္။

"မီးခိုးေတြထြက္လာလို႔ အိမ္ဘက္ကေန ေရပိုက္နဲ႔လွမ္းပက္လိုက္တာ။ ဘယ္ကစေလာင္တာလဲ မသိဘူး"ဟု မီးလန္႔မႈျဖစ္ပြားသည့္ ေနအိမ္ေဘးတြင္ေနထိုင္သူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မီးလန္႔မႈျဖစ္ပြားသည့္ အေဆာက္အဦမွာ လူေနထိုင္ျခင္းမရိွဘဲ ေဆာက္လုပ္လက္စျဖစ္ၿပီး ဝါယာေရွာ့ေၾကာင့္ မီးခလုတ္ခံုႏွင့္ ဝါယာႀကိဳးအခ်ိဳ႕ ေလာင္ကၽြမ္းသြားသည္ကို ေတြ႔ရသည္။

မီးလန္႔မႈျဖစ္ပြားရာသို႔ တာခ်ီလိတ္ခ႐ိုင္မီးသတ္ဌာနမွ မီးသတ္ယာဥ္ (၃) စီး၊ အုပ္ခ်ဳပ္ေရးယာဥ္ (၁) စီး၊ သေႏၶတပ္ဖြဲ႕ဝင္ (၁၃) ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ (၈) ဦးတို႔ျဖင့္ သြားေရာက္ၿငိမ္းသတ္ခဲ့ၿပီး မီးေလာင္ကၽြမ္းဆံုးရံႈးမႈ မရိွေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် ရေမော်တာတင်ရာမှ အပူလွန်ကဲပြီး မီးလန့်မှုဖြစ်ပွား
**********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက် တာချီလိတ်လူငယ်ပရဟိတဂေဟာအနီးရှိ နေအိမ်တစ်လုံးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅)ရက်နေ့ ညနေ (၃) နာရီ (၄၅)မိနစ်ဝန်းကျင်က ရေမော်တာတင်ရာမှ အပူလွန်ကဲပြီး မီးလန့်မှုဖြစ်ပွားသည်။

"မီးခိုးတွေထွက်လာလို့ အိမ်ဘက်ကနေ ရေပိုက်နဲ့လှမ်းပက်လိုက်တာ။ ဘယ်ကစလောင်တာလဲ မသိဘူး"ဟု မီးလန့်မှုဖြစ်ပွားသည့် နေအိမ်ဘေးတွင်နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မီးလန့်မှုဖြစ်ပွားသည့် အဆောက်အဦမှာ လူနေထိုင်ခြင်းမရှိဘဲ ဆောက်လုပ်လက်စဖြစ်ပြီး ဝါယာရှော့ကြောင့် မီးခလုတ်ခုံနှင့် ဝါယာကြိုးအချို့ လောင်ကျွမ်းသွားသည်ကို တွေ့ရသည်။

မီးလန့်မှုဖြစ်ပွားရာသို့ တာချီလိတ်ခရိုင်မီးသတ်ဌာနမှ မီးသတ်ယာဉ် (၃) စီး၊ အုပ်ချုပ်ရေးယာဉ် (၁) စီး၊ သန္ဓေတပ်ဖွဲ့ဝင် (၁၃) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၈) ဦးတို့ဖြင့် သွားရောက်ငြိမ်းသတ်ခဲ့ပြီး မီးလောင်ကျွမ်းဆုံးရှုံးမှု မရှိကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net