ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ေျပးလမ္းေခ်ာ္သြားသည့္ တပ္မေတာ္ေလယာဥ္ကို ဖယ္ရွားျပင္ဆင္ေနဆဲ

ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ေျပးလမ္းေခ်ာ္သြားသည့္ တပ္မေတာ္ေလယာဥ္ကို ဖယ္ရွားျပင္ဆင္ေနဆဲ
စက်တင်ဘာ 5, 2019
By 🌸
ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၅)ရက္ေန႔ နံနက္ (၁၁)နာရီ မိနစ္(၂၀)ခန္႔က တပ္မေတာ္ေလယာဥ္တစ္စီး ေျပးလမ္းေခ်ာ္၍ ညေန (၄)နာရီအထိ ေျပးလမ္း ယာယီပိတ္၍ ရွင္းလင္းထားၿပီး ေျပးလမ္းေခ်ာ္သြားသည့္ေလယာဥ္ကို ျပင္ဆင္ဆဲျဖစ္ေၾကာင္း လေၾကာင္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနက သတင္းထုတ္ျပန္သည္။
ရန္ကုန္ေလဆိပ္၏ ေလယာဥ္ေျပးလမ္းယာယီပိတ္ထားရ၍ ေလေၾကာင္းခရီးစဥ္အခ်ိဳ႕လည္း  အခ်ိန္ေရႊ႕ဆုိင္းခဲ့ရျခင္းျဖစ္သည္။
တပ္မေတာ္(ေလ)မွ သယ္ယူပို႔ေဆာင္ေရးေလယာဥ္ျဖစ္သည့္ Y 8 ေလယာဥ္သည္ နံနက္ (၁၀)နာရီ (၃၆)မိနစ္က ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္မွ အတက္တြင္ အင္ဂ်င္တစ္လံုးခ်ိဳ႕ယြင္းသြားသျဖင့္ ေျပးလမ္းအမွတ္ (၂၁)တြင္ လမ္းေခ်ာ္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ေျပးလမ္းရွင္းလင္းျခင္းအတြက္ ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာနက တပ္မေတာ္ (ေလ)၊ ေလဆိပ္တာဝန္ရိွသူမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္ေပးေနၿပီး Y 8 ေလယာဥ္မွာ ရွင္းလင္းဆဲျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္ (ေလ)တြင္ အသံုးျပဳေနသည့္  Shaanxi Y 8 ေလယာဥ္မ်ားမွာ တရုတ္နုိင္ငံမွ ဝယ္ယူထားျခင္းျဖစ္ၿပီး  ၂၀၁၇ ခုႏွစ္၊ ဇြန္လ (၇)ရက္ေန႔က အဆိုပါေလယာဥ္အမ်ိဳးအစားတစ္စီးမွာ ၿမိတ္မွ ရန္ကုန္သုိ႔ ပ်ံသန္းလာစဥ္ ပင္လယ္ျပင္တြင္ ပ်က္က်ခဲ့၍ ေလယာဥ္ေပၚလုိက္ပါလာသည့္ လူေပါင္း (၁၂၂) ဦး ေသဆံုးခဲ့ရျခင္းျဖစ္သည္။


Tachileik News Agency

ဓါတ္ပံု - ေလေၾကာင္းပို႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန


~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြေးလမ်းချော်သွားသည့် တပ်မတော်လေယာဉ်ကို ဖယ်ရှားပြင်ဆင်နေဆဲ
***********
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့ နံနက် (၁၁)နာရီ မိနစ်(၂၀)ခန့်က တပ်မတော်လေယာဉ်တစ်စီး ပြေးလမ်းချော်၍ ညနေ (၄)နာရီအထိ ပြေးလမ်း ယာယီပိတ်၍ ရှင်းလင်းထားပြီး ပြေးလမ်းချော်သွားသည့်လေယာဉ်ကို ပြင်ဆင်ဆဲဖြစ်ကြောင်း လကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။

ရန်ကုန်လေဆိပ်၏ လေယာဉ်ပြေးလမ်းယာယီပိတ်ထားရ၍ လေကြောင်းခရီးစဉ်အချို့လည်း  အချိန်ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။

တပ်မတော်(လေ)မှ သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်သည့် Y – 8 လေယာဉ်သည် နံနက် (၁၀)နာရီ (၃၆)မိနစ်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အတက်တွင် အင်ဂျင်တစ်လုံးချို့ယွင်းသွားသဖြင့် ပြေးလမ်းအမှတ် (၂၁)တွင် လမ်းချော်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြေးလမ်းရှင်းလင်းခြင်းအတွက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တပ်မတော် (လေ)၊ လေဆိပ်တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးနေပြီး Y – 8 လေယာဉ်မှာ ရှင်းလင်းဆဲဖြစ်ကြောင်း သိရသည်။

တပ်မတော် (လေ)တွင် အသုံးပြုနေသည့်  Shaanxi Y – 8 လေယာဉ်များမှာ တရုတ်နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး  ၂၀၁၇ ခုနှစ်၊ ဇွန်လ (၇)ရက်နေ့က အဆိုပါလေယာဉ်အမျိုးအစားတစ်စီးမှာ မြိတ်မှ ရန်ကုန်သို့ ပျံသန်းလာစဉ် ပင်လယ်ပြင်တွင် ပျက်ကျခဲ့၍ လေယာဉ်ပေါ်လိုက်ပါလာသည့် လူပေါင်း (၁၂၂) ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net