အသစ္ျပဌာန္းလုိက္သည့္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒဆုိင္ရာ အသိပညာေပး ေဟာေျပာပြဲ မုိင္းဆတ္တြင္ က်င္းပ

အသစ္ျပဌာန္းလုိက္သည့္ ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာဥပေဒဆုိင္ရာ အသိပညာေပး ေဟာေျပာပြဲ မုိင္းဆတ္တြင္ က်င္းပ
စက်တင်ဘာ 26, 2019
By 🌸
အသစ္ျပဌာန္းလုိက္သည့္ ကေလးသူငယ္အခြင့္အေရးမ်ားဆုိင္ရာဥပေဒအရ ေကာ္မတီမ်ားဖြဲ႕စည္းၿပီး အသိပညာေပးေဟာေျပာပြဲမ်ား ေဆာင္ရြက္ေနရာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၆)ရက္ေန႔၌ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕တြင္ ဥပေဒအသိပညာေပးေဟာေျပာပြဲ က်င္းပသည္။

ကေလးသူငယ္အခြင့္အေရးမ်ားဆိုင္ရာ ကုလသမဂၢသေဘာတူစာခ်ဳပ္အရ ကေလးသူငယ္မ်ား၏ အဓိကအခြင့္အေရး(၄)ရပ္ျဖစ္သည့္ အသက္ရွင္သန္ခြင့္၊ ဖြံ႕ၿဖိဳးတိုးတက္ခြင့္၊ ကာကြယ္ေစာင့္ေရွာက္ခြင့္ႏွင့္ ပါဝင္ေဆာင္႐ြက္ခြင့္တို႔ရရိွေစရန္အတြက္ ႏိုင္ငံေတာ္အစိုးရမ်ားက အေကာင္အထည္ေဖာ္ျခင္း၊ ေစာင့္ၾကည့္ႀကီးၾကပ္ျခင္းႏွင့္ အစီရင္ခံျခင္းတုိ႔ လုပ္ေဆာင္ၾကရမည္ျဖစ္သည္။

ကုလသမဂၢသေဘာတူစာခ်ဳပ္ လက္မွတ္ေရးထုိးထားသည့္ ျမန္မာႏုိင္ငံတြင္လည္း ၂၀၁၉ ခုႏွစ္အတြင္း ကေလးသူငယ္အခြင့္အေရးမ်ားဆုိင္ရာဥပေဒကို ျပဌာန္းခဲ့ၿပီး အဆိုပါဥပေဒအရ အေကာင္အထည္ေဖၚႏုိင္ရန္ ေကာ္မတီအဆင့္ဆင့္ကိုလည္း ဖြဲ႕စည္းေနျခင္းျဖစ္သည္။

ဥပေဒပါ ကေလးသူငယ္အခြင့္အေရးမ်ား ကာကြယ္ေရးကို လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန၊ လူမႈဝန္ထမ္းဦးစီးဌာနႏွင့္အတူ မိတ္ဖက္အဖြဲ႕အစည္းမ်ားက ေဆာင္ရြက္ၾကရမည္ျဖစ္သည္။

မုိင္းဆတ္တြင္က်င္းပသည့္ ဥပေဒအသိပညာေပးေဟာေျပာပြဲသို႔ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးဟန္စိုးဦး၊ က်ိဳင္းတုံခ႐ိုင္ လူမႈဝန္ထမ္းဉီးစီးဌာနမွ ဒုတိယၫြန္ၾကားေရးမႉး ေဒၚခင္ခင္ျမင့္တို႔အပါအဝင္ ၿမိဳ႕နယ္အဆင့္ ဌာနဆုိင္ရာတာဝန္ရိွသူမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ တိုင္းရင္းသားစာေပႏွင့္ယဥ္ေက်းမႈအဖြဲ႕မ်ား၊ ၿမိဳ႕ေပၚရွိ မူလတန္းႀကိဳေက်ာင္းမ်ားမွ တာဝန္ခံမ်ား၊ ကေလးမိဘမ်ား တက္ေရာက္ၾကသည္။

သတင္း၊ဓါတ္ပံု #ယဥ္ဝင္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အသစ်ပြဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေဆိုင်ရာ အသိပညာပေး ဟောပြောပွဲ မိုင်းဆတ်တွင် ကျင်းပ
*********
အသစ်ပြဌာန်းလိုက်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကော်မတီများဖွဲ့စည်းပြီး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်နေရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့၌ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဆတ်မြို့တွင် ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပသည်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်အရ ကလေးသူငယ်များ၏ အဓိကအခွင့်အရေး(၄)ရပ်ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့်တို့ရရှိစေရန်အတွက် နိုင်ငံတော်အစိုးရများက အကောင်အထည်ဖော်ခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်းနှင့် အစီရင်ခံခြင်းတို့ လုပ်ဆောင်ကြရမည်ဖြစ်သည်။

ကုလသမဂ္ဂသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသည့် မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ်အတွင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဌာန်းခဲ့ပြီး အဆိုပါဥပဒေအရ အကောင်အထည်ဖေါ်နိုင်ရန် ကော်မတီအဆင့်ဆင့်ကိုလည်း ဖွဲ့စည်းနေခြင်းဖြစ်သည်။

ဥပဒေပါ ကလေးသူငယ်အခွင့်အရေးများ ကာကွယ်ရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများက ဆောင်ရွက်ကြရမည်ဖြစ်သည်။

မိုင်းဆတ်တွင်ကျင်းပသည့် ဥပဒေအသိပညာပေးဟောပြောပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်စိုးဦး၊ ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဉီးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်တို့အပါအဝင် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ မြို့ပေါ်ရှိ မူလတန်းကြိုကျောင်းများမှ တာဝန်ခံများ၊ ကလေးမိဘများ တက်ရောက်ကြသည်။

သတင်း၊ဓါတ်ပုံ #ယဉ်ဝင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net