တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဖလား အားကစားၿပိဳင္ပြဲ (၃)ခုမွ ဆုရကစားသမားမ်ားကို ဆုခ်ီးျမႇင့္

တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဖလား အားကစားၿပိဳင္ပြဲ (၃)ခုမွ ဆုရကစားသမားမ်ားကို ဆုခ်ီးျမႇင့္
စက်တင်ဘာ 27, 2019
By 🌸
ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဖလား အားကစားၿပိဳင္ပြဲမ်ားမွ စစ္တုရင္၊ ျမန္မာ့သိုင္းဗန္တိုအတုိက္ႏွင့္ ေဘာ္လီေဘာၿပိဳင္ပြဲမ်ားမွ ဆုရအားကစားသမားမ်ားကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၇) ရက္ေန႔ ညေနပိုင္းတြင္ ခရိုင္အားကစားခန္းမ၌ ဆုခ်ီးျမႇင့္သည္။

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္အစီအစဥ္ျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္ စီမံခန္႔ခြဲမႈေကာ္မတီဖလား အားကစားၿပိဳင္ပြဲမ်ားအျဖစ္ ေဘာ္လီေဘာ၊ ပိုက္ေက်ာ္ျခင္း၊ ၾကက္ေတာင္၊ ဖူဆယ္၊ စားပြဲတင္တင္းနစ္၊ စစ္တုရင္၊ ျမန္မာ့သိုင္း၊ မီနီမာရသြန္၊ ေျပးခုန္ပစ္၊ U 21 အမ်ိဳးသားေဘာလံုး၊ U 16 အမ်ိဳးသမီး ေဘာလံုးၿပိဳင္ပြဲမ်ားကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၃) ရက္ေန႔မွ စက္တင္ဘာလ (၂၉)ရက္ေန႔အထိ က်င္းပေနျခင္းျဖစ္သည္။

အဆိုပါအားကစားၿပိဳင္ပြဲမ်ားဖြင့္ပြဲကို စက္တင္ဘာလ (၂၁) ရက္ေန႔က က်င္းပခဲ့ျခင္းျဖစ္ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း တက္ေရာက္ဖြင့္လွစ္ေပးခဲ့သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲ (၃)ခုမှ ဆုရကစားသမားများကို ဆုချီးမြှင့်
**************
ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများမှ စစ်တုရင်၊ မြန်မာ့သိုင်းဗန်တိုအတိုက်နှင့် ဘော်လီဘောပြိုင်ပွဲများမှ ဆုရအားကစားသမားများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇) ရက်နေ့ ညနေပိုင်းတွင် ခရိုင်အားကစားခန်းမ၌ ဆုချီးမြှင့်သည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်အစီအစဉ်ဖြင့် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မြန်မာ့သိုင်း၊ မီနီမာရသွန်၊ ပြေးခုန်ပစ်၊ U 21 အမျိုးသားဘောလုံး၊ U 16 အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

အဆိုပါအားကစားပြိုင်ပွဲများဖွင့်ပွဲကို စက်တင်ဘာလ (၂၁) ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net