တာခ်ီလိတ္ေရႊတိဂံုေစတီ ဧရိယာအတြင္း ဆိုင္ကယ္ခိုးခံရမႈ မၾကာခဏ ျဖစ္ပြားေန

တာခ်ီလိတ္ေရႊတိဂံုေစတီ ဧရိယာအတြင္း ဆိုင္ကယ္ခိုးခံရမႈ မၾကာခဏ ျဖစ္ပြားေန
စက်တင်ဘာ 16, 2019
By Tachileik News Agency

နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေရႊတိဂံုေစတီ၏ ဧရိယာအတြင္း ဆိုင္ကယ္မ်ား ခိုးခံရမႈ မၾကာခဏျဖစ္ပြားေနမႈမ်ားရွိေနရာ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၄)ရက္ေန႔ ညပိုင္းက ဆိုင္ကယ္တစ္စီးထပ္မံခိုးခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ေပ်ာက္ဆံုးေနသည့္ ဆိုင္ကယ္အမ်ဳိးအစားမွာ ၂၀၁၄ခုႏွစ္ထုတ္ wave အမ်ဳိးအစား နက္ျပာေရာင္ဆိုင္ကယ္ျဖစ္ၿပီး၍ ေတြ႔ရွိရသူမ်ားအေနျဖင့္ ဖုန္း 09260798644 သို႔ ဆက္သြယ္အသိေပးအေၾကာင္းၾကားႏိုင္ေၾကာင္းႏွင့္ အေၾကာင္းေပးသူအား ေက်းဇူးဆပ္မည္ျဖစ္ေၾကာင္း ဆိုင္ကယ္ပိုင္ရွင္က ဆိုသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ ဆိုင္ကယ္ ခိုးယူခံရမႈမ်ားႏွင့္ ပတ္သက္၍ ခိုးယူခံရသည့္ ဆိုင္ကယ္မ်ားမွာ လိုင္စင္ပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ သက္ဆိုင္ရာ ရဲစခန္းသို႔ လာေရာက္တိုင္ၾကားရန္ လိုအပ္ေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္က တုိက္တြန္းေျပာၾကားထားသည္။

"ဆိုင္ကယ္ေပ်ာက္ရင္ေတာ့ ရဲစခန္းမွာ ဘယ္လိုဘဲျဖစ္ျဖစ္ အေၾကာင္းၾကား အမႈဖြင့္တာေတာ့ ေဆာင္ရြက္ ေစခ်င္ပါတယ္။ လိုင္စင္မဲ့ျဖစ္ရင္လည္း ကိုယ့္မွာအေထာက္အထားရိွလို႔ရွိရင္ သြားတိုင္ပါ။ လိုင္စင္မဲ့ျဖစ္လို႔ မိခဲ့ရင္ ဒီမွာက လိုင္စင္မဲ့ေတြကို လိုင္စင္ထုတ္ေပးတဲ့လုပ္ငန္းေတြကို သူ႕ရဲ႕သတ္မွတ္ေစ်းႏႈန္းနဲ႔ OSS ရံုးမွာ ေန႔ခ်င္းၿပီးေဆာင္ရြက္ေပးေနတဲ့ လုပ္ငန္းေတြရိွပါတယ္။ ဒီမွာမိတဲ့ဆိုင္ကယ္ေတြကို တရားဝင္ လိုင္စင္ျဖစ္ဖို႔ ေဆာင္ရြက္ၿပီးမွ အတတ္ႏိုင္ဆံုး  ေဆာင္ရြက္ေပးပါတယ္။ ဘာဘဲပ်ာက္ေပ်ာက္ ရဲစခန္းမွာ အေၾကာင္းၾကားဖို႔ လိုပါတယ္"ဟု ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ဒုတိယျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားထားျခင္း ျဖစ္သည္။

တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ ဧရိယာအတြင္း၌ ဘုရားဖူးလာသူမ်ား၏ ဆိုင္ကယ္မ်ားမွာ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ ႏွင့္ စက္တင္ဘာလအတြင္း မၾကာခဏ ခိုးယူခံရမႈမ်ား ျဖစ္ပြားေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံစေတီ၏ ဧရိယာအတွင်း ဆိုင်ကယ်များ ခိုးခံရမှု မကြာခဏဖြစ်ပွားနေမှုများရှိနေရာ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၄)ရက်နေ့ ညပိုင်းက ဆိုင်ကယ်တစ်စီးထပ်မံခိုးခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပျောက်ဆုံးနေသည့် ဆိုင်ကယ်အမျိုးအစားမှာ ၂၀၁၄ခုနှစ်ထုတ် wave အမျိုးအစား နက်ပြာရောင်ဆိုင်ကယ်ဖြစ်ပြီး၍ တွေ့ရှိရသူများအနဖြေင့် ဖုန်း 09260798644 သို့ ဆက်သွယ်အသိပေးအကြောင်းကြားနိုင်ကြောင်းနှင့် အကြောင်းပေးသူအား ကျေးဇူးဆပ်မည်ဖြစ်ကြောင်း ဆိုင်ကယ်ပိုင်ရှင်က ဆိုသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆိုင်ကယ် ခိုးယူခံရမှုများနှင့် ပတ်သက်၍ ခိုးယူခံရသည့် ဆိုင်ကယ်များမှာ လိုင်စင်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သက်ဆိုင်ရာ ရဲစခန်းသို့ လာရောက်တိုင်ကြားရန် လိုအပ်ကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တိုက်တွန်းပြောကြားထားသည်။

"ဆိုင်ကယ်ပျောက်ရင်တော့ ရဲစခန်းမှာ ဘယ်လိုဘဲဖြစ်ဖြစ် အကြောင်းကြား အမှုဖွင့်တာတော့ ဆောင်ရွက် စေချင်ပါတယ်။ လိုင်စင်မဲ့ဖြစ်ရင်လည်း ကိုယ့်မှာအထောက်အထားရှိလို့ရှိရင် သွားတိုင်ပါ။ လိုင်စင်မဲ့ဖြစ်လို့ မိခဲ့ရင် ဒီမှာက လိုင်စင်မဲ့တွေကို လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းတွေကို သူ့ရဲ့သတ်မှတ်ဈေးနှုန်းနဲ့ OSS ရုံးမှာ နေ့ချင်းပြီးဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေရှိပါတယ်။ ဒီမှာမိတဲ့ဆိုင်ကယ်တွေကို တရားဝင် လိုင်စင်ဖြစ်ဖို့ ဆောင်ရွက်ပြီးမှ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါတယ်။ ဘာဘဲပျာက်ပျောက် ရဲစခန်းမှာ အကြောင်းကြားဖို့ လိုပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားခြင်း ဖြစ်သည်။

တာချီလိတ်ရွှေတိဂုံစေတီတော် ဧရိယာအတွင်း၌ ဘုရားဖူးလာသူများ၏ ဆိုင်ကယ်များမှာ ၂၀၁၉ခုနှစ် သြဂုတ်လ နှင့် စက်တင်ဘာလအတွင်း မကြာခဏ ခိုးယူခံရမှုများ ဖြစ်ပွားနေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net