UWSA က ဖမ္းဆီးလႊဲေျပာင္းေပးထားသည့္ မူးယစ္ေဆးသယ္သူ (၁၃)ဦးကို နယ္ေျမခံတပ္မေတာ္က စစ္ေဆးၿပီးေနာက္ မူးယစ္တပ္ဖြဲ႕စု (၂၉)ထံ ျပန္လည္လႊဲေျပာင္းUWSA က ဖမ္းဆီးလႊဲေျပာင္းေပးထားသည့္ မူးယစ္ေဆးသယ္သူ (၁၃)ဦးကို နယ္ေျမခံတပ္မေတာ္က စစ္ေဆးၿပီးေနာက္ မူးယစ္တပ္ဖြဲ႕စု (၂၉)ထံ ျပန္လည္လႊဲေျပာင္း

UWSA က ဖမ္းဆီးလႊဲေျပာင္းေပးထားသည့္ မူးယစ္ေဆးသယ္သူ (၁၃)ဦးကို နယ္ေျမခံတပ္မေတာ္က စစ္ေဆးၿပီးေနာက္ မူးယစ္တပ္ဖြဲ႕စု (၂၉)ထံ ျပန္လည္လႊဲေျပာင္းUWSA က ဖမ္းဆီးလႊဲေျပာင္းေပးထားသည့္ မူးယစ္ေဆးသယ္သူ (၁၃)ဦးကို နယ္ေျမခံတပ္မေတာ္က စစ္ေဆးၿပီးေနာက္ မူးယစ္တပ္ဖြဲ႕စု (၂၉)ထံ ျပန္လည္လႊဲေျပာင္း
စက်တင်ဘာ 15, 2019
By Tachileik News Agency
UWSA “၀” တပ္ဖြဲ႔က ဖမ္းဆီးၿပီး နယ္ေျမခံတပ္မေတာ္ထံ လႊဲေျပာင္းေပးထားသည့္ မူးယစ္ေဆးဝါး သယ္ေဆာင္သူ(၁၃)ဦးကို မူးယစ္တပ္ဖြဲ႕စု (၂၉)သို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၄)ရက္ေန႔က လႊဲေျပာင္းေပးလုိက္ၿပီးေနာက္ UWSA က က်န္ရိွဖမ္းဆီးရမိသူမ်ားကိုလည္း ဆက္လက္ လႊဲေျပာင္းေပးရန္ စိစစ္ေနေၾကာင္း သိရသည္။

“ဖမ္းဆီးရမိထားတဲ့ က်န္တဲ့သူေတြကိုလည္း ဆက္လက္စစ္ေဆးေနပါတယ္”ဟု UWSA ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ (၁၅)ရက္ေန႔တြင္ အတည္ျပဳေျပာၾကားသည္။

လႊဲေျပာင္းေပးလာသည့္ (၁၃)ဦးမွာ အသက္(၁၄)ႏွစ္မွ (၂၇)ႏွစ္အရြယ္ လူငယ္မ်ားျဖစ္ၾကၿပီး ထိုင္းႏိုင္ငံတြင္ ေနထိုင္သူ (၅)ဦးႏွင့္ မိုင္းဆတ္ၿမိဳ႕၊ မိုင္းယြန္း“၀”ေဒသတြင္ ေနထိုင္သူ (၈)ဦး ပါဝင္ေၾကာင္း သိရသည္။

၎တို႔ႏွင့္အတူ ဖမ္းဆီးရမိထားသည့္ WY စာတမ္းပါ ပန္းေရာင္စိတ္ႂကြ႐ူးသြပ္ေဆးျပား(၄၀,၁၈၀) ျပား၊ ၇၉ မမေလာင္ခ်ာ(၁)လက္ႏွင့္ ဗုံးသီး(၁၅)လုံး၊ ပစၥတို(၄)လက္၊ က်ည္အိမ္(၄)ခုႏွင့္ က်ည္(၆၄)ေတာင့္၊ M-16 (၂) လက္၊ က်ည္အိမ္(၃)ခုႏွင့္က်ည္(၁၈၁)ေတာင့္၊ AK အမ်ိဳးအစား(၂)လက္၊ က်ည္အိမ္(၅)ခုႏွင့္ က်ည္(၁၀၀) ေတာင့္၊ ဓားေျမႇာင္(၄)လက္တို႔ကိုလည္း စက္တင္ဘာလ (၁၄)ရက္ေန႔ နံနက္ (၁၁)နာရီခြဲက မူးယစ္တပ္ဖြဲ႕စု(၂၉)သို႔ လႊဲေျပာင္းေပးလုိက္ျခင္းျဖစ္သည္။

အဆိုပါ လူငယ္ (၁၃)ဦးအဖြဲ႕အား UWSA “၀” တပ္ဖြဲ႕၊ တပ္မဟာ(၅၁၈)မွ ဩဂုတ္ (၂၅) ရက္ေန႔တြင္ မိုင္းယြန္းေက်း႐ြာအုပ္စု၊ မိုင္းယြမ္းေက်း႐ြာအနီး၌ ဖမ္းဆီးရမိခဲ့ၿပီး UWSA “၀” တပ္ဖြဲ႕မွ စစ္ေဒသ(၁၇၁) ေဟြေအာၿမိဳ႕နယ္မႉး႐ုံးတြင္ တပ္မေတာ္ စစ္ဗ်ဴဟာအေျခခ်(မိုင္းတုံ)သို႔ စက္တင္ဘာလ (၃) ရက္ ေန႔လယ္ပိုင္းက အခမ္းအနားျဖင့္ လႊဲေျပာင္းေပးအပ္ခဲ့ျခင္းျဖစ္သည္။

လႊဲေျပာင္းေပးလာသူမ်ားအား စစ္ဗ်ဴဟာအေျခခ်(မိုင္းတုံ)မွလိုအပ္ေသာ စစ္ေဆးမႈမ်ားျပဳလုပ္၍ မူးယစ္တပ္ဖြဲ႕စု(၂၉)သို႔ ျပန္လည္လႊဲ ေျပာင္းေပးအပ္ျခင္းျဖစ္ၿပီး တရားခံမ်ားအား မိုင္းဆတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံ၊ ခ်င္းမုိင္ခရိုင္၊ မယ့္အိုင္းေဒသႏွင့္ မ်က္ႏွာခ်င္းဆုိင္ရိွ ျမန္မာႏုိင္ငံ လြယ္လ်န္းေဒသကို ျဖတ္ကာ ထုိင္းဘက္သု႔ိ မူးယစ္ေဆးသယ္လာသည့္အဖြဲ႕မွ ထုိင္းႏိုင္ငံသား (၁၄) ဦးႏွင့္ ျမန္မာႏုိင္ငံသား (၃၉)ဦးကိုလည္း UWSA “ဝ”တပ္ဖြဲ႕က ၾသဂုတ္လ (၂၆)ရက္ေန႔က မူးယစ္ေဆး၊ လက္နက္မ်ားႏွင့္အတူ ဖမ္းဆီးရမိထားျခင္း ျဖစ္ၿပီး အဆိုပါအဖြဲ႕တြင္ ထိုင္းနိုင္ငံမွ တရားခံေျပးမ်ားပါဝင္ေနသည္ဟုလည္း ထုိင္းႏုိင္ငံဘက္က ေျပာၾကားထားသည္။

Tachileik News Agency
သတင္း - သန္းေဇာ္(မိုင္းဆတ္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

UWSA “ဝ” တပ်ဖွဲ့က ဖမ်းဆီးပြီး နယ်မြေခံတပ်မတော်ထံ လွှဲပြောင်းပေးထားသည့် မူးယစ်ဆေးဝါး သယ်ဆောင်သူ(၁၃)ဦးကို မူးယစ်တပ်ဖွဲ့စု (၂၉)သို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့က လွှဲပြောင်းပေးလိုက်ပြီးနောက် UWSA က ကျန်ရှိဖမ်းဆီးရမိသူများကိုလည်း ဆက်လက် လွှဲပြောင်းပေးရန် စိစစ်နေကြောင်း သိရသည်။

“ဖမ်းဆီးရမိထားတဲ့ ကျန်တဲ့သူတွေကိုလည်း ဆက်လက်စစ်ဆေးနေပါတယ်”ဟု UWSA ၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁၅)ရက်နေ့တွင် အတည်ပြုပြောကြားသည်။

လွှဲပြောင်းပေးလာသည့် (၁၃)ဦးမှာ အသက်(၁၄)နှစ်မှ (၂၇)နှစ်အရွယ် လူငယ်များဖြစ်ကြပြီး ထိုင်းနိုင်ငံတွင် နေထိုင်သူ (၅)ဦးနှင့် မိုင်းဆတ်မြို့၊ မိုင်းယွန်း“ဝ”ဒေသတွင် နေထိုင်သူ (၈)ဦး ပါဝင်ကြောင်း သိရသည်။

၎င်းတို့နှင့်အတူ ဖမ်းဆီးရမိထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၄၀,၁၈၀) ပြား၊ ၇၉ မမလောင်ချာ(၁)လက်နှင့် ဗုံးသီး(၁၅)လုံး၊ ပစ္စတို(၄)လက်၊ ကျည်အိမ်(၄)ခုနှင့် ကျည်(၆၄)တောင့်၊ M-16 (၂) လက်၊ ကျည်အိမ်(၃)ခုနှင့်ကျည်(၁၈၁)တောင့်၊ AK အမျိုးအစား(၂)လက်၊ ကျည်အိမ်(၅)ခုနှင့် ကျည်(၁၀၀) တောင့်၊ ဓားမြှောင်(၄)လက်တို့ကိုလည်း စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၁၁)နာရီခွဲက မူးယစ်တပ်ဖွဲ့စု(၂၉)သို့ လွှဲပြောင်းပေးလိုက်ခြင်းဖြစ်သည်။

အဆိုပါ လူငယ် (၁၃)ဦးအဖွဲ့အား UWSA “ဝ” တပ်ဖွဲ့၊ တပ်မဟာ(၅၁၈)မှ ဩဂုတ် (၂၅) ရက်နေ့တွင် မိုင်းယွန်းကျေးရွာအုပ်စု၊ မိုင်းယွမ်းကျေးရွာအနီး၌ ဖမ်းဆီးရမိခဲ့ပြီး UWSA “ဝ” တပ်ဖွဲ့မှ စစ်ဒေသ(၁၇၁) ဟွေအောမြို့နယ်မှူးရုံးတွင် တပ်မတော် စစ်ဗျူဟာအခြေချ(မိုင်းတုံ)သို့ စက်တင်ဘာလ (၃) ရက် နေ့လယ်ပိုင်းက အခမ်းအနားဖြင့် လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းပေးလာသူများအား စစ်ဗျူဟာအခြေချ(မိုင်းတုံ)မှလိုအပ်သော စစ်ဆေးမှုများပြုလုပ်၍ မူးယစ်တပ်ဖွဲ့စု(၂၉)သို့ ပြန်လည်လွှဲ ပြောင်းပေးအပ်ခြင်းဖြစ်ပြီး တရားခံများအား မိုင်းဆတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ မယ့်အိုင်းဒေသနှင့် မျက်နှာချင်းဆိုင်ရှိ မြန်မာနိုင်ငံ လွယ်လျန်းဒေသကို ဖြတ်ကာ ထိုင်းဘက်သို့ မူးယစ်ဆေးသယ်လာသည့်အဖွဲ့မှ ထိုင်းနိုင်ငံသား (၁၄) ဦးနှင့် မြန်မာနိုင်ငံသား (၃၉)ဦးကိုလည်း UWSA “ဝ”တပ်ဖွဲ့က သြဂုတ်လ (၂၆)ရက်နေ့က မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိထားခြင်း ဖြစ်ပြီး အဆိုပါအဖွဲ့တွင် ထိုင်းနိုင်ငံမှ တရားခံပြေးများပါဝင်နေသည်ဟုလည်း ထိုင်းနိုင်ငံဘက်က ပြောကြားထားသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net