ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းသစ်ကို ပြည်ပကျွမ်းကျင်ပညာရှင်များ ပါဝင်ရေးဆွဲနေ
ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းသစ်ကို ပြည်ပကျွမ်းကျင်ပညာရှင်များ ပါဝင်ရေးဆွဲနေ
စကျတငျဘာ 29, 2019
By Tachileik News Agency
ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းများကို သက်ဆိုင်ရာဌာနများက မလေးရှားနှင့် ထိုင်းမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် ရေးဆွဲနေပြီး မြန်မာ့ဟိုတယ်အများစု၏ လက်ရှိ အခြေအနေမှာ ထိုင်းနိုင်ငံ၏ ကြယ်ပွင့်အဆင့်သတ်မှတ်မှုစံနှုန်းဖြင့် တိုင်းတာပါက လက်ရှိရထားသည့်အဆင့်မှ လျော့ကျဖွယ်ရှိသည်ဟု သိရသည်။
မြန်မာနိုင်ငံရှိ ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းရေးဆွဲရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်ပ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့က ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ငပလီနှင့် ကော့သောင်းဒေသများမှ ဟိုတယ်များအား ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း သွားရောက်လေ့လာခဲ့သည့်အပြင် ဟိုတယ်ဇုန်များမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ကိုလည်း သြဂုတ်လအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းများကို သက်ဆိုင်ရာဌာနများက မလေးရှားနှင့် ထိုင်းမှ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့ဖြင့် ရေးဆွဲနပြေီး မြန်မာ့ဟိုတယ်အများစု၏ လက်ရှိ အခြေအနေမှာ ထိုင်းနိုင်ငံ၏ ကြယ်ပွင့်အဆင့်သတ်မှတ်မှုစံနှုန်းဖြင့် တိုင်းတာပါက လက်ရှိရထားသည့်အဆင့်မှ လျော့ကျဖွယ်ရှိသည်ဟု သိရသည်။
“သြဂုတ်လ ဒုတိယပတ်အတွင်းမှာ ထိုင်းကို ဇုန်အတော်များများကနေ (၁၉)ဦးပါတဲ့အဖွဲ့နဲ့ ထိုင်းနိုင်ငံရဲ့ ကြယ်ပွင့်အဆင့် သတ်မှတ်ချက်ကို သွားလေ့လာရပါတယ်။ သူတို့ဆီမှာ အတိအကျစစ်ဆေးတာမျိုးပါ။ သက်တမ်းတိုး စစ်ဆေးတဲ့အဖွဲ့ (၂)ဖွဲ့ရှိပါတယ်။ ISO စစ်တဲ့အဖွဲ့ရှိတယ်။ Star သတ်မှတ်တာကို စစ်ဆေးတဲ့အဖွဲ့ရှိတယ်။ ကျွန်တော်တို့က သူတို့ Star သတ်မှတ်တဲ့အဖွဲ့နဲ့ လိုက်သွားတာဖြစ်တဲ့အတွက် သူတို့စစ်ဆေးတဲ့နေရာတွေ အကြောင်းအရာတွေကို တွေ့ခဲ့ရပါတယ်။ သူတို့သတ်မှတ်ချက်တွေအတိုင်းဆို ကျွန်တော်တို့ဆီက ဟိုတယ်တော်တော်များများ လက်ရှိရထားတာကနေ ပြုတ်သွားမှာပါ”ဟု ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှတြေိဂံဟိုတယ်ဇုန် ဥက္ကဌ ဦးရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်းက ပြောသည်။
မြန်မာနိုင်ငံရှိ ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းရေးဆွဲရန်အတွက် သက်ဆိုင်ရာဌာနများနှင့် ပြည်ပ ကျွမ်းကျင်ပညာရှင်များ ပါဝင်သည့်အဖွဲ့က ရန်ကုန်၊ နပြေည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ ငပလီနှင့် ကော့သောင်းဒေသများမှ ဟိုတယ်များအား ၂၀၁၉ ခုနှစ်၊ ဧပြီလအတွင်း သွားရောက်လေ့လာခဲ့သည့်အပြင် ဟိုတယ်ဇုန်များမှ တာဝန်ရှိသူများ ပါဝင်သည့်အဖွဲ့ကိုလည်း သြဂုတ်လအတွင်းက ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာစေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စံနှုန်းရေးဆွဲရေးအဖွဲ့တွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဟိုတယ်များအသင်းနှင့် မြန်မာနိုင်ငံ ဈေးကွက်မြှင့်တင်ရေးအသင်းတို့မှ အဖွဲ့ဝင်များအဖြစ် ပါဝင်ပြီး ပြည်ပကျွမ်းကျင်ပညာရှင်များနှင့်အတူ ကနဦး လေ့လာမှုမှတွေ့ရှိချက်များကို အခြေခံကာရေးဆွဲမည့် ကြယ်ပွင့်အဆင့်သတ်မှတ်ရေးစံနှုန်းများကို ဝန်ကြီးဌာနသို့ တင်ပြအတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံရှိဟိုတယ်များ အဆင့်အတန်းမြင့်မားစေရေးနှင့် ဝန်ဆောင်မှု အရည်အသွေး ပိုမို တိုးတက်ကောင်းမွန်စေရန်အတွက် ဟိုတယ်များကို ကြယ်ပွင့်အဆင့်အတန်းသတ်မှတ်မည့် စံနှုန်း ပြင်ဆင်ရေးဆွဲရန် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အစည်းအဝေးတွင် ညှိနှိုင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net