တာချီလိတ်တွင် အရှည်(၁၃)ပေ၀န်းကျင်ရှိ စပါးကြီးမြွေတစ်ကောင်ကို ဆီပန့်အတွင်း ဖမ်းမိ၍ ဘေးမဲ့တောသို့ လွှဲပြောင်း

တာချီလိတ်တွင် အရှည်(၁၃)ပေ၀န်းကျင်ရှိ စပါးကြီးမြွေတစ်ကောင်ကို ဆီပန့်အတွင်း ဖမ်းမိ၍ ဘေးမဲ့တောသို့ လွှဲပြောင်း
စကျတငျဘာ 26, 2019
By Tachileik News Agency


လေယာဉ်ကွင်း သွားရာလမ်းဘေးရှိ အဆိုပါ ဆီပန့်တွင်တွေ့ရသည့်  စပါးကြီးမြွေကို ဖမ်းဆီးပြီး တာချီလိတ်နာရေးကူညီမှုအသင်းထံ အပ်နှံသဖြင့် ရွှေတြိဂံဘေးမဲ့တောသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ရွှေတြိဂံဘေးမဲ့တောမှာ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့က   “ထာဝရ တိရိစ္ဆာန်ဘေးမဲ့ လွှတ်တော”အမည်ဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။


Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆေခမ်းရပ်ကွက်အတွင်းရှိ တော်ဝင်ဆီပန့်တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်က အရှည် (၁၃)ပေရှိသည့် စပါးကြီးမြွေတစ်ကောင် တွေ့ရှိရကြောင်း သိရသည်။

လေယာဉ်ကွင်း သွားရာလမ်းဘေးရှိ အဆိုပါ ဆီပန့်တွင်တွေ့ရသည့် စပါးကြီးမြွေကို ဖမ်းဆီးပြီး တာချီလိတ်နာရေးကူညီမှုအသင်းထံ အပ်နှံသဖြင့် ရွှတြေိဂံဘေးမဲ့တောသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

ရွှတြေိဂံဘေးမဲ့တောမှာ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းကျေးရွာအုပ်စု၊ ကျကကျေးရွာအနီးတွင် တည်ရှိပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့က “ထာဝရ တိရိစာ္ဆန်ဘေးမဲ့ လွှတ်တော”အမည်ဖြစ် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဘေးမဲ့တောကို တာချီလိတ်မြို့ နဂါးနှစ်ကောင်ဆရာတော်၊ မိုင်းဖုန်းဆရာတော်၊ မိုင်းလင်းဆရာတော်၊ ထိုင်ပေဆရာတော်တို့ကို အမှူးထားပြီး တာချီလိတ်မြို့မှ လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးအာဖာ(တပင်ရွှေထီး)က တည်ထောင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net