တာခ်ီလိတ္ေရႊတိဂံုရင္ျပင္တြင္ ေဆးလိပ္ ေသာက္ျခင္း၊ ေရာင္းခ်ျခင္းမ်ားကို ဒီဇင္ဘာ (၁)ရက္မွစ၍ အေရးယူမည္

တာခ်ီလိတ္ေရႊတိဂံုရင္ျပင္တြင္ ေဆးလိပ္ ေသာက္ျခင္း၊ ေရာင္းခ်ျခင္းမ်ားကို ဒီဇင္ဘာ (၁)ရက္မွစ၍ အေရးယူမည္
စက်တင်ဘာ 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေရႊတိဂံုရင္ျပင္တြင္ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ ေၾကညာႏုိင္ေရးအတြက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁)ရက္ေန႔မွ ႏိုဝင္ဘာလ (၃၀)ရက္ေန႔အထိ ပညာေပးကာလ သတ္မွတ္ၿပီး ေစာင့္ၾကည့္ပညာေပးလုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ ဒီဇင္ဘာလ (၁)ရက္ေန႔ကေနစၿပီး တည္ဆဲဥပေဒနဲ႔အညီ အေရးယူသြားမွာပါ။ ပညာေပးကာလမွာေရာ အေရးယူကာလမွာေရာ ေစာင့္ၾကည့္တာေတြကို ေဂါပကနဲ႔ ဘုရားလံုၿခံဳေရးအဖြဲ႕က လုပ္မယ္။ ေနာက္ပိုင္း က်ေတာ့ ဝန္ႀကီးက CCTV ခ်ေပးမယ္ေျပာတယ္။ CCTV တပ္ၿပီးရင္ေတာ့ ေဂါပကရံုးခန္းကေန ေစာင့္ၾကည့္ရံုေပါ့။ ပညာေပးကာလမွာေတာ့ ေဂါပကအဖြဲ႕နဲ႔ လံုၿခံဳေရးက ေခၚၿပီး သတိေပးတာ၊ ေဆးလိပ္သိမ္းတာတို႔ေလာက္ပဲ လုပ္မယ္။ ဘုရားပတ္ဝန္းက်င္က ေစ်းသည္ေတြကိုလည္း ေခၚၿပီး ေဆြးေႏြးဖို႔ရိွတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္ သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဆးလိပ္ေငြ႕ကင္းစင္ေနရာအျဖစ္ တာခ်ီလိတ္ေရႊတိဂံုဘုရားရင္ျပင္တြင္ စတင္မည္ျဖစ္ၿပီး ဘုရားပရဝုဏ္ အတြင္းကို လတ္တေလာ ကန္႔သတ္ရန္မရိွေသးေၾကာင္း သိရသည္။

ေရႊတိဂံုဘုရားရင္ျပင္ကို တာခ်ီလိတ္ၿမိဳ႕၏ ေဆးလိပ္ေငြ႕ကင္းစင္နယ္ေျမအျဖစ္ သတ္မွတ္ႏုိင္ေရးအတြက္ ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ က်န္းမာေရးဦးစီးဌာန၊ ပညာေရးဌာန၊ သာသနာေရးဦးစီးဌာန၊ ေဂါပကအဖြဲ႕၊ ဘုရားလံုၿခံဳေရးအဖြဲ႕ႏွင့္ ၿမိဳ႕မိၿမိဳ႕ဖတုိ႔က  ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၆) ရက္ေန႔ ေန႔လယ္ (၁)နာရီက ေရႊတိဂံုဘုရားရင္ျပင္ရိွ ဓမၼာရံု၌ အစည္းအေဝးက်င္းပ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံရင်ပြင်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ် ကြေညာနိုင်ရေးအတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ပညာပေးကာလ သတ်မှတ်ပြီး စောင့်ကြည့်ပညာပေးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ ဒီဇင်ဘာလ (၁)ရက်နေ့ကနေစပြီး တည်ဆဲဥပဒေနဲ့အညီ အရေးယူသွားမှာပါ။ ပညာပေးကာလမှာရော အရေးယူကာလမှာရော စောင့်ကြည့်တာတွေကို ဂေါပကနဲ့ ဘုရားလုံခြုံရေးအဖွဲ့က လုပ်မယ်။ နောက်ပိုင်း ကျတော့ ဝန်ကြီးက CCTV ချပေးမယ်ပြောတယ်။ CCTV တပ်ပြီးရင်တော့ ဂေါပကရုံးခန်းကနေ စောင့်ကြည့်ရုံပေါ့။ ပညာပေးကာလမှာတော့ ဂေါပကအဖွဲ့နဲ့ လုံခြုံရေးက ခေါ်ပြီး သတိပေးတာ၊ ဆေးလိပ်သိမ်းတာတို့လောက်ပဲ လုပ်မယ်။ ဘုရားပတ်ဝန်းကျင်က ဈေးသည်တွေကိုလည်း ခေါ်ပြီး ဆွေးနွေးဖို့ရှိတယ်”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

ဆေးလိပ်ငွေ့ကင်းစင်နေရာအဖြစ် တာချီလိတ်ရွှေတိဂုံဘုရားရင်ပြင်တွင် စတင်မည်ဖြစ်ပြီး ဘုရားပရဝုဏ် အတွင်းကို လတ်တလော ကန့်သတ်ရန်မရှိသေးကြောင်း သိရသည်။

ရွှေတိဂုံဘုရားရင်ပြင်ကို တာချီလိတ်မြို့၏ ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် သတ်မှတ်နိုင်ရေးအတွက် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာန၊ သာသနာရေးဦးစီးဌာန၊ ဂေါပကအဖွဲ့၊ ဘုရားလုံခြုံရေးအဖွဲ့နှင့် မြို့မိမြို့ဖတို့က ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့ နေ့လယ် (၁)နာရီက ရွှေတိဂုံဘုရားရင်ပြင်ရှိ ဓမ္မာရုံ၌ အစည်းအဝေးကျင်းပ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net