ဧရာဝတီတံတားပေါ် စစ်ကိုင်းဘက်အခြမ်းမှ ခုန်ချကာ သေကြောင်းကြံစည်သည့် သီလရှင်အား အရေးပေါ်ကယ်ဆယ်ဆယ်ရေးအဖွဲ့က အချိန်မီကယ်ဆယ်နိုင်ခဲ့

ဧရာဝတီတံတားပေါ် စစ်ကိုင်းဘက်အခြမ်းမှ ခုန်ချကာ သေကြောင်းကြံစည်သည့် သီလရှင်အား အရေးပေါ်ကယ်ဆယ်ဆယ်ရေးအဖွဲ့က အချိန်မီကယ်ဆယ်နိုင်ခဲ့
စကျတငျဘာ 30, 2019
By Tachileik News Agency

ဧရာဝတီိတံတား ရတနာပုံ စစ်ကိုင်းဘက်ခြမ်းတွင် တံတားပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်သည့် သီလရှင်တစ်ပါးအား  အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က အသက်ရှင်လျက်ဖြင့် အချိန်မီကယ်ဆယ်လိုက်နိုင်ကြောင်း  သိရသည်။

ဧရာဝတီတံတားပေါ် စစ်ကိုင်းဘက်အခြမ်းတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က  သီလရှင်တစ်ပါးသည် တံတားပေါ်မှ ခုန်ချရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၏ ရေပြင်ကယ်ဆယ်ရေးအဖွဲ့မှ တွေ့ရှိပြီး အချိန်မီ အသက်ရှင်လျက်ဖြင့် ကယ်ဆယ်လိုက်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။



Tachileik News Agency
ဓါတ်ပုံ - SERT


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဧရာဝတိီတံတား ရတနာပုံ စစ်ကိုင်းဘက်ခြမ်းတွင် တံတားပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်သည့် သီလရှင်တစ်ပါးအား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)က အသက်ရှင်လျက်ဖြင့် အချိန်မီကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။

ဧရာဝတီတံတားပေါ် စစ်ကိုင်းဘက်အခြမ်းတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့ နံနက်(၁၁)နာရီခွဲဝန်းကျင်အချိန်က သီလရှင်တစ်ပါးသည် တံတားပေါ်မှ ခုန်ချရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)၏ ရပြေင်ကယ်ဆယ်ရေးအဖွဲ့မှ တွေ့ရှိပြီး အချိန်မီ အသက်ရှင်လျက်ဖြင့် ကယ်ဆယ်လိုက်နိုင်ခြင်း ဖြစ်ကြောင်း သိရသည်။

"ဘာဖြစ်လို့လဲ ဆိုတာတော့ အတိအကျ မသိသေးဘူးဗျ၊ လောလောဆယ်တော့ ဆေးရုံကို ပို့ပေးထားခဲ့ပါတယ်၊ ဒဏ်ရာရတာတော့မရှိဘူး၊ လောလောဆယ် ရေမွန်းပြီး မောနေတာပဲ ရှိပါတယ်၊ ကျောင်းကို မပြန်ဘူးဆိုပြီး ပြောနေတာပါ၊ IBEC မှာ ကိုးတန်းတက်နေတဲ့ ဆရာလေးလို့ သိရပါတယ်"ဟု အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(စစ်ကိုင်း)မှ အတွင်းရေးမှူး ဦးစိုးမင်းဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဧရာဝတီတံတားပေါ် စစ်ကိုင်းဘက်အခြမ်းတွင် တံတားပေါ်မှ ခုန်ချကာ သေကြောင်းကြံစည်မှု မကြာခဏဖြစ်ပွားရာတွင် အလောင်းများမှ အနည်းဆုံး တစ်ရက်ကြာမှ ရှာဖွေဆယ်ယူရရှိမှုများရှိခဲ့သော်လည်း ယခု ကယ်ဆယ်မှုမှာ အသက်ရှင်လျက်ဖြင့် ကယ်ဆယ်လိုက်နိုင်ခြင်း ဖြစ်ပြီး ၂၀၁၉ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလ(၃၀)ရက်နေ့အထိ အဆိုပါ တံတားပေါ်က ခုန်ချကာသေကြောင်းကြံစည်မှုမှာ (၇)ကြိမ်ရှိပြီဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - SERT

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net