က်ဳိင္းတံု ေနာင္တံုကန္အတြင္း ေရ၀င္ေရာက္ေရးအတြက္ ရွမ္းျပည္နယ္အစိုးရဘတ္ဂ်က္ က်ပ္သိန္းေပါင္း (၂၅၅၀) သံုးစြဲမည္

က်ဳိင္းတံု ေနာင္တံုကန္အတြင္း ေရ၀င္ေရာက္ေရးအတြက္ ရွမ္းျပည္နယ္အစိုးရဘတ္ဂ်က္ က်ပ္သိန္းေပါင္း (၂၅၅၀) သံုးစြဲမည္
စက်တင်ဘာ 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ (၃၅)ဧက နီးပါးက်ယ္ဝန္းသည့္ ေနာင္တံုကန္အတြင္း ေရဝင္ေရာက္ေစေရးအတြက္ ရွမ္းျပည္နယ္အစိုးရ၏ ၂၀၁၉ -၂၀၂၀ ဘတ္ဂ်က္ က်ပ္သိန္း (၂၅၅၀) ျဖင့္ ေရသြယ္ယူမႈလုပ္ငန္းမ်ားကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ဘတ္ဂ်က္ႏွစ္အစမွာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ဘတ္ဂ်က္ ၁/၂၇ မွာ ရမွာေပါ့။ တင္ဒါေခၚၿပီး တင္ဒါေအာင္တဲ့ ကုမၸဏီက လုပ္ရမွာေပါ့။ အခုေလာေလာဆယ္က ငါးေတြေသေနတဲ့အတြက္ စည္ပင္ကေရ မရ၊ ရေအာင္ ျဖစ္တဲ့နည္းနဲ႔ ေဖာက္ခိုင္းထားတာ။ ေရရေအာင္လို႔။ အခုေလာေလာဆယ္ စည္ပင္က စက္ေတြနဲ့ တူးေနတာေပါ့။ ဒီဘက္မွာ လယ္သမားေတြကို ေပးတဲ့ေျမာင္းေတြရိွတယ္။ အဲဒီကေန သြယ္ေနတာေပါ့။ မနက္ျဖန္၊ သဘက္ခါဆို ေရရမယ္"ဟု ရွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္တုံကန္တြင္း ေရဝင္ေရာက္ေစရန္ က်ိဳင္းေဖာင္းေခ်ာင္းမွ အရွည္ (၉၂၀၀) ေပကို ေျမသားေျမာင္း တူးေဖာ္ျခင္း၊ အရွည္ (၃၂၀၀) ေပကို ပိုက္ျဖင့္ ေရသြယ္တန္းျခင္းႏွင့္ အရွည္ (၅၄၀၀) ေပကို အုတ္စီေရေျမာင္းျဖင့္ ေရသြယ္တန္းျခင္း လုပ္ငန္း (၃) ခုကို ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"ေတာင္သူလယ္သမားေတြက စိုက္ပ်ိဳးေျမအတြက္ ေရယူတဲ့အခါက်ေတာ့ ေနာင္တုံကန္ထဲကို ေရကမေရာက္သေလာက္ ျဖစ္ေနတဲ့အခါ  ကန္ကလည္းက်ယ္ေတာ့ ကန္ထဲေရဝင္ဖို႔အတြက္ လုပ္ေနတာေပါ့။ ဒီႏွစ္ကမိုးနည္းေတာ့ ေတာင္သူေတြကလည္း စိုက္ပ်ိဳးေရးယူေနရတာဆိုေတာ့ ဌာနအေနနဲ႔ ေတာင္သူေတြနဲ႔ ေရခြဲေဝသံုးစြဲဖို႔ ခက္ခက္ခဲခဲလုပ္ေနရတာေပါ့"ဟု က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၏ အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထုိက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္တုံကန္တြင္ ၂၀၁၈ ခုနွစ္၊ ေအာက္တိုဘာလအတြင္း ငါးမ်ားအစုလိုက္ေသဆံုးမႈျဖစ္ေပၚခဲ့သျဖင့္ ထပ္မံမျဖစ္ပြားေစရန္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ကို ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ က်ပ္ (၂၁)သိန္းျဖင့္ တင္ဒါေပးထားၿပီး ကန္အတြင္း ေရဝင္ေကာင္းေစရန္လည္း ေဆာင္ရြက္ေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Wunna Soe


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ (၃၅)ဧက နီးပါးကျယ်ဝန်းသည့် နောင်တုံကန်အတွင်း ရေဝင်ရောက်စေရေးအတွက် ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက် ကျပ်သိန်း (၂၅၅၀) ဖြင့် ရေသွယ်ယူမှုလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ဘတ်ဂျက်နှစ်အစမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘတ်ဂျက် ၁/၂၇ မှာ ရမှာပေါ့။ တင်ဒါခေါ်ပြီး တင်ဒါအောင်တဲ့ ကုမ္ပဏီက လုပ်ရမှာပေါ့။ အခုလောလောဆယ်က ငါးတွေသေနေတဲ့အတွက် စည်ပင်ကရေ မရ၊ ရအောင် ဖြစ်တဲ့နည်းနဲ့ ဖောက်ခိုင်းထားတာ။ ရေရအောင်လို့။ အခုလောလောဆယ် စည်ပင်က စက်တွေနဲ့ တူးနေတာပေါ့။ ဒီဘက်မှာ လယ်သမားတွေကို ပေးတဲ့မြောင်းတွေရှိတယ်။ အဲဒီကနေ သွယ်နေတာပေါ့။ မနက်ဖြန်၊ သဘက်ခါဆို ရေရမယ်"ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်တုံကန်တွင်း ရေဝင်ရောက်စေရန် ကျိုင်းဖောင်းချောင်းမှ အရှည် (၉၂၀၀) ပေကို မြေသားမြောင်း တူးဖော်ခြင်း၊ အရှည် (၃၂၀၀) ပေကို ပိုက်ဖြင့် ရေသွယ်တန်းခြင်းနှင့် အရှည် (၅၄၀၀) ပေကို အုတ်စီရေမြောင်းဖြင့် ရေသွယ်တန်းခြင်း လုပ်ငန်း (၃) ခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"တောင်သူလယ်သမားတွေက စိုက်ပျိုးမြေအတွက် ရေယူတဲ့အခါကျတော့ နောင်တုံကန်ထဲကို ရေကမရောက်သလောက် ဖြစ်နေတဲ့အခါ ကန်ကလည်းကျယ်တော့ ကန်ထဲရေဝင်ဖို့အတွက် လုပ်နေတာပေါ့။ ဒီနှစ်ကမိုးနည်းတော့ တောင်သူတွေကလည်း စိုက်ပျိုးရေးယူနေရတာဆိုတော့ ဌာနအနေနဲ့ တောင်သူတွေနဲ့ ရေခွဲဝေသုံးစွဲဖို့ ခက်ခက်ခဲခဲလုပ်နေရတာပေါ့"ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်တုံကန်တွင် ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ငါးများအစုလိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သဖြင့် ထပ်မံမဖြစ်ပွားစေရန် ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ကျပ် (၂၁)သိန်းဖြင့် တင်ဒါပေးထားပြီး ကန်အတွင်း ရေဝင်ကောင်းစေရန်လည်း ဆောင်ရွက်နခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - Wunna Soe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net