ကျိုင်းတုံ နောင်တုံကန် ပတ်လမ်းအဆင့်မြှင့်တင်ရန်အတွက် ကျပ်သန်းပေါင်း (၁၂၄၆)သန်းကျော် ကုန်ကျမည်ဖြစ်၍ လတ်တလောတွင် ဆောင်ရွက်နိုင်ရေး အစီအစဉ်မရှိသေး

ကျိုင်းတုံ နောင်တုံကန် ပတ်လမ်းအဆင့်မြှင့်တင်ရန်အတွက် ကျပ်သန်းပေါင်း (၁၂၄၆)သန်းကျော် ကုန်ကျမည်ဖြစ်၍ လတ်တလောတွင် ဆောင်ရွက်နိုင်ရေး အစီအစဉ်မရှိသေး
စကျတငျဘာ 18, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် နောင်တုံကန်၏ ပတ်လမ်းအား နိုင်လွန်ကတ္တရာ AC လမ်းအဖြစ် ခင်းကျင်းမည်ဆိုပါက ကျပ်သန်းပေါင်း (၁၂၄၆)သန်းကျော် ကုန်ကျမည်ဖြစ်၍ စည်ပင်သာယာရေးဌာန၏  ရန်ပုံငွေအခြေအနေအရေ လတ်တလောတွင် ခင်းကျင်းပေးနိုင်မည့် အခြေအနေမရှိသေးကြောင်း ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ရှမ်းပြည်နယ်လွှတ်တော်တွင် ဖြေကြားလိုက်သည်။

"ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက် နောင်တုံကန်ပတ်လမ်း ကတ္တရာလမ်းအား  နိုင်လွန်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် တွက်ချက်မှုအရ နိုင်လွန်ကတ္တရာလမ်း (၆၃၀၀)ပေ x (၃၀)ပေ x(၆)လက်မခန့်အတွက် ခန့်မှန်းကုန်ကျငွေမှာ (၁၂၄၆.၇၀)သန်း နှင့် ကွန်ကရစ်ရေမြောင်း နှစ်ဖက် ပြုလုပ်ခြင်းမှာ (၆၃၀၀)ပေx (၃)ပေ x (၅)ပေအတွက် ခန့်မှန်းကုန်ကျငွေမှာ  ၆၀၂သန်းဖြစ်၍ စုစုပေါင်း ငွေ ၁၈၄၈.၇၀သန်း ကုန်ကျမည်ဖြစ်ပါသည်၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဌာန၀င်ငွေအရ လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေမှာ ငွေကျပ် (၁၆၈.၈၀)သန်း၊ လမ်းတံတားမွမ်းမံပြင်ဆင်ရေးအတွက် (၁၄၀.၄၅)သန်း၊ ရေပေးရေးတိုးချဲ့ (၁)အတွက် ကျပ် (၄၄.၅)သန်း၊ ရေပေးရေးမွမ်းမံပြင်ဆင်ရေးအတွက် ကျပ် ၁၅ သန်း၊  အခြားလုပ်ငန်းအတွက် (၂၁၉.၃၅)သန်း၊ စုစုပေါင်း ငွေလုံးငွေရင်း သုံးစွဲငွေ ကျပ် (၅၈၈.၁)သန်းဖြင့် စုစုပေါင်း လုပ်ငန်း (၅၉)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားရေးဆွဲပြီး ဖြစ်ပါသဖြင့် ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက် နောင်တုံကန်ပတ်လမ်း  ကတ္တရာလမ်းအား  နိုင်လွန်ကတ္တရာ လမ်းအဖြစ် လတ်တလောအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုပေါ် မူတည်၍ ဘဏ္ဍာနှစ်အလိုက် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားအပ်ပါသည်။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လွှတ်တော်တွင် ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ (၁၆)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးဖြစ်သည့်  ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့က ကျိုင်းတုံမြို့ရှိ နောင်တုံကန်ပတ်လမ်းအား နိုင်လွန်ကတ္တရာ AC လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝဏ္ဏစိုးက မေးမြန်းခြင်းဖြစ်သည်။

"နောင်တုံကန်ပတ်လမ်းတလျှောက် နံနက်ပိုင်း ညနေပိုင်းများမှာ ဒေသခံပြည်သူများက ကျန်းမာရေးအရ လမ်းလျှောက် အားကစားပြုလုပ်ကြတဲ့အပြင် မိသားစုအလိုက် လာရောက်အပန်းဖြေကြပါတယ်၊ ကျွန်တော်တို့ ကျိုင်းတုံမြို့ရဲ့ အထင်ကရနေရာ မြို့ရဲ့ကျက်သရေဆောင် နောင်တုံကန် ပတ်လမ်းရဲ့ လက်ရှိအနေအထားမှာ ပျက်စီးနေတာကို တွေ့ရပါတယ်၊ ဒါကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပါသဖြင့် ရှမ်းပြည်နယ်အစိုးရအနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ နောင်တုံကန် ပတ်လမ်းကို နိုင်လွန်ကတ္တရာ AC လမ်းအဖြစ် ဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေ ခွဲဝေချထားပေးနိုင်ရေး ရှိမရှိ နဲ့ အစီအစဉ်ရှိပါက အနီးဆုံးဘဏ္ဍာနှစ်မှာ ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခြင်းဖြစ်ကြောင်း" ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝဏ္ဏစိုးက မေးမြန်းခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သည့် နောင်တုံကန်၏ ပတ်လမ်းအား နိုင်လွန်ကတ္တရာ AC လမ်းအဖြစ် ခင်းကျင်းမည်ဆိုပါက ကျပ်သန်းပေါင်း (၁၂၄၆)သန်းကျော် ကုန်ကျမည်ဖြစ်၍ စည်ပင်သာယာရေးဌာန၏ ရန်ပုံငွေအခြေအနေအရေ လတ်တလောတွင် ခင်းကျင်းပေးနိုင်မည့် အခြေအနေမရှိသေးကြောင်း ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက ရှမ်းပြည်နယ်လွှတ်တော်တွင် ဖြကြေားလိုက်သည်။

"ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက် နောင်တုံကန်ပတ်လမ်း ကတ္တရာလမ်းအား နိုင်လွန်ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရန် တွက်ချက်မှုအရ နိုင်လွန်ကတ္တရာလမ်း (၆၃၀၀)ပေ x (၃၀)ပေ x(၆)လက်မခန့်အတွက် ခန့်မှန်းကုန်ကျငွေမှာ (၁၂၄၆.၇၀)သန်း နှင့် ကွန်ကရစ်ရေမြောင်း နှစ်ဖက် ပြုလုပ်ခြင်းမှာ (၆၃၀၀)ပေx (၃)ပေ x (၅)ပေအတွက် ခန့်မှန်းကုန်ကျငွေမှာ ၆၀၂သန်းဖြစ်၍ စုစုပေါင်း ငွေ ၁၈၄၈.၇၀သန်း ကုန်ကျမည်ဖြစ်ပါသည်၊ ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဌာနဝင်ငွေအရ လမ်းတံတား တည်ဆောက်ရေးလုပ်ငန်းတွေမှာ ငွေကျပ် (၁၆၈.၈၀)သန်း၊ လမ်းတံတားမွမ်းမံပြင်ဆင်ရေးအတွက် (၁၄၀.၄၅)သန်း၊ ရေပေးရေးတိုးချဲ့ (၁)အတွက် ကျပ် (၄၄.၅)သန်း၊ ရေပေးရေးမွမ်းမံပြင်ဆင်ရေးအတွက် ကျပ် ၁၅ သန်း၊ အခြားလုပ်ငန်းအတွက် (၂၁၉.၃၅)သန်း၊ စုစုပေါင်း ငွေလုံးငွေရင်း သုံးစွဲငွေ ကျပ် (၅၈၈.၁)သန်းဖြင့် စုစုပေါင်း လုပ်ငန်း (၅၉)ခုအား အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားရေးဆွဲပြီး ဖြစ်ပါသဖြင့် ကျိုင်းတုံမြို့ အမှတ်(၅)ရပ်ကွက် နောင်တုံကန်ပတ်လမ်း ကတ္တရာလမ်းအား နိုင်လွန်ကတ္တရာ လမ်းအဖြစ် လတ်တလောအခြေအနေတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ ဘဏ္ဍာငွေရရှိမှုပေါ် မူတည်၍ ဘဏ္ဍာနှစ်အလိုက် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြကြေားအပ်ပါသည်။"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းက လွှတ်တော်တွင် ပြန်လည်ဖြကြေားလိုက်ခြင်းဖြစ်သည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ (၁၆)ကြိမ်မြောက် လွှတ်တော်အစည်းအေဝးဖြစ်သည့် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့က ကျိုင်းတုံမြို့ရှိ နောင်တုံကန်ပတ်လမ်းအား နိုင်လွန်ကတ္တရာ AC လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝဏ္ဏစိုးက မေးမြန်းခြင်းဖြစ်သည်။

"နောင်တုံကန်ပတ်လမ်းတလျှောက် နံနက်ပိုင်း ညနေပိုင်းများမှာ ဒေသခံပြည်သူများက ကျန်းမာရေးအရ လမ်းလျှောက် အားကစားပြုလုပ်ကြတဲ့အပြင် မိသားစုအလိုက် လာရောက်အပန်းဖြကြေပါတယ်၊ ကျွန်တော်တို့ ကျိုင်းတုံမြို့ရဲ့ အထင်ကရနေရာ မြို့ရဲ့ကျက်သရေဆောင် နောင်တုံကန် ပတ်လမ်းရဲ့ လက်ရှိအနေအထားမှာ ပျက်စီးနေတာကို တွေ့ရပါတယ်၊ ဒါကို ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပါသဖြင့် ရှမ်းပြည်နယ်အစိုးရအနဖြေင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်မှာ နောင်တုံကန် ပတ်လမ်းကို နိုင်လွန်ကတ္တရာ AC လမ်းအဖြစ် ဆောင်ရွက်နိုင်ရေး၊ ရန်ပုံငွေ ခွေဲဝချထားပေးနိုင်ရေး ရှိမရှိ နဲ့ အစီအစဉ်ရှိပါက အနီးဆုံးဘဏ္ဍာနှစ်မှာ ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်းခြင်းဖြစ်ကြောင်း" ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာဝဏ္ဏစိုးက မေးမြန်းခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net