က်ိဳင္းတံုၿမိဳ႕ ေနာင္တုံကန္အတြင္း ငါးဖမ္းခြင့္လုပ္ငန္းလိုင္စင္ က်ပ္ (၂၁)သိန္းျဖင့္ တင္ဒါေအာင္

က်ိဳင္းတံုၿမိဳ႕ ေနာင္တုံကန္အတြင္း ငါးဖမ္းခြင့္လုပ္ငန္းလိုင္စင္ က်ပ္ (၂၁)သိန္းျဖင့္ တင္ဒါေအာင္
စက်တင်ဘာ 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕တြင္ (၃၅)ဧက နီးပါးက်ယ္ဝန္းသည့္ ေနာင္တံုကန္အတြင္း ငါးဖမ္းခြင့္လုပ္ငန္းလိုင္စင္အတြက္ ယခင္ႏွစ္က ေလွ်ာက္ထားသူမရိွသည့္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ကို ၂၀၁၉ - ၂၀၂၀ ဘ႑ာႏွစ္အတြက္ စက္တင္ဘာ (၂၆) ရက္ေန႔တြင္ လုပ္ငန္းရွင္တစ္ဦးက က်ပ္ (၂၁) သိန္းျဖင့္ တင္ဒါေအာင္ျမင္သြားေၾကာင္း သိရသည္။

“ဒီေန႔တင္ဒါက (၁) ေယာက္ပဲရိွတယ္။ ၾကမ္းခင္းေစ်းက က်ပ္သိန္း (၂၀) သတ္မွတ္ထားေပမဲ့ သူက (၂၁) သိန္း ေပးသြားတယ္။ ေနာင္တုံကန္ထဲကို ေရဝင္ဖို႔အတြက္လည္း ကၽြန္ေတာ္တို႔ လုပ္ေနတယ္”ဟု က်ိဳင္းတံုၿမိဳ႕နယ္စည္ပင္သာယာေရးဌာန အမႈေဆာင္အရာရိွ ဦးေက်ာ္မင္းထုိက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေနာင္တံုကန္အတြင္း ငါးဖမ္းလုပ္ငန္းလုိင္စင္ကို ၂၀၁၆ - ၂၀၁၇ ဘ႑ာႏွစ္အထိ အေထြေထြ အုပ္ခ်ဳပ္ေရးဦးစီးဌာနက ခြင့္ျပဳေပးေနခဲ့ၿပီးေနာက္ စည္ပင္သာယာေရးဌာနက စတင္လႊဲေျပာင္း ရယူခဲ့သည့္ ၂၀၁၇ - ၂၀၁၈ ဘ႑ာႏွစ္တြင္ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ခ်ထားေပးျခင္းမျပဳဘဲထားခဲ့ရာ ၂၀၁၈ ခုနွစ္၊ ေအာက္တိုဘာလတြင္ ကန္အတြင္း ငါးမ်ားအစုလုိက္အၿပံဳလုိက္ ေသဆံုးမႈမ်ား ျဖစ္ခဲ့သည္။

ေနာင္တံုကန္အတြင္း ငါးမ်ားေပါက္ပြားမႈမ်ားလာၿပီး ငါးေသဆံုးမႈ မျဖစ္ေစရန္အတြက္ ငါးဖမ္းခြင့္ေပးရန္ ငါးလုပ္ငန္းဦးစီးဌာန၏ အႀကံျပဳခ်က္အရ ငါးဖမ္းခြင့္လုပ္ငန္းလုိင္စင္ကို စည္ပင္သာယာေရးဌာနက ပထမဆံုးအျဖစ္ ၂၀၁၈ -၂၀၁၉ ဘ႑ာေရးႏွစ္အတြက္ စတင္ေခၚယူရာတြင္ ကန္အတြင္း ငါးေသဆံုးမႈမ်ားျဖစ္ခဲ့၍ လုိင္စင္ေလွ်ာက္ထားသူ မရိွခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
သတင္း -  ဟန္စိုးထုိက္
ဓါတ္ပံု - Wunna Soe


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် (၃၅)ဧက နီးပါးကျယ်ဝန်းသည့် နောင်တုံကန်အတွင်း ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်အတွက် ယခင်နှစ်က လျှောက်ထားသူမရှိသည့် ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွက် စက်တင်ဘာ (၂၆) ရက်နေ့တွင် လုပ်ငန်းရှင်တစ်ဦးက ကျပ် (၂၁) သိန်းဖြင့် တင်ဒါအောင်မြင်သွားကြောင်း သိရသည်။

“ဒီနေ့တင်ဒါက (၁) ယောက်ပဲရှိတယ်။ ကြမ်းခင်းဈေးက ကျပ်သိန်း (၂၀) သတ်မှတ်ထားပေမဲ့ သူက (၂၁) သိန်း ပေးသွားတယ်။ နောင်တုံကန်ထဲကို ရေဝင်ဖို့အတွက်လည်း ကျွန်တော်တို့ လုပ်နေတယ်”ဟု ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နောင်တုံကန်အတွင်း ငါးဖမ်းလုပ်ငန်းလိုင်စင်ကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာနှစ်အထိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုပေးနေခဲ့ပြီးနောက် စည်ပင်သာယာရေးဌာနက စတင်လွှဲပြောင်း ရယူခဲ့သည့် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ချထားပေးခြင်းမပြုဘဲထားခဲ့ရာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် ကန်အတွင်း ငါးများအစုလိုက်အပြုံလိုက် သေဆုံးမှုများ ဖြစ်ခဲ့သည်။

နောင်တုံကန်အတွင်း ငါးများပေါက်ပွားမှုများလာပြီး ငါးသေဆုံးမှု မဖြစ်စေရန်အတွက် ငါးဖမ်းခွင့်ပေးရန် ငါးလုပ်ငန်းဦးစီးဌာန၏ အကြံပြုချက်အရ ငါးဖမ်းခွင့်လုပ်ငန်းလိုင်စင်ကို စည်ပင်သာယာရေးဌာနက ပထမဆုံးအဖြစ် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်အတွက် စတင်ခေါ်ယူရာတွင် ကန်အတွင်း ငါးသေဆုံးမှုများဖြစ်ခဲ့၍ လိုင်စင်လျှောက်ထားသူ မရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - Wunna Soe

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net