မႏၱေလး နန္းတြင္း၌ က်င္းပမည့္ မင္းတုန္းမင္းအတြက္ မတကဘတ္ဆြမ္းဆက္ကပ္ျခင္းႏွင့္ ေဆြေတာ္မ်ိဳးေတာ္မ်ား သက္ႀကီးပူေဇာ္ပြဲသို႔ အမ်ားျပည္သူလည္း တက္ေရာက္ႏုိင္

မႏၱေလး နန္းတြင္း၌ က်င္းပမည့္ မင္းတုန္းမင္းအတြက္ မတကဘတ္ဆြမ္းဆက္ကပ္ျခင္းႏွင့္ ေဆြေတာ္မ်ိဳးေတာ္မ်ား သက္ႀကီးပူေဇာ္ပြဲသို႔ အမ်ားျပည္သူလည္း တက္ေရာက္ႏုိင္
စက်တင်ဘာ 29, 2019
By Tachileik News Agency

ရတနာပံု မႏၱေလးၿမိဳ႕တည္ နန္းတည္ မင္းတုန္းမင္းၾတားႀကီး၏ နတ္ျပည္စံသက္ ႏွစ္ (၁၄၁)နွစ္ျပည့္ မတကဘတ္ဆြမ္းဆက္ကပ္ လွဴဒါန္းျခင္းႏွင့္ ဆဌမအႀကိမ္ေျမာက္ ေဆြေတာ္မ်ိဳးေတာ္မ်ား သက္ႀကီးပူေဇာ္ပြဲ အခမ္းအနားကို မႏၱေလးၿမိဳ႕၊ ျမနန္းစံေက်ာ္ေရႊနန္းေတာ္အတြင္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၄)ရက္ေန႔တြင္ က်င္းပမည့္ ျဖစ္၍ မည္သူမဆို   တက္ေရာက္ႏုိင္မည္ျဖစ္ေၾကာင္း သိရသည္။

“အမ်ားစုကေတာ့ ေဆြေတာ္မ်ိဳးေတာ္အဆက္ေတြ လာၾကတယ္ဆိုေပမဲ့ မင္းတုန္းမင္းဆိုတာက မႏၱေလးၿမိဳ႕ကို တည္ေထာင္ခဲ့တာအျပင္ ပဥၥမသဂၤါယနာတင္ခဲ့တဲ့မင္းျဖစ္တယ္။ အားလံုးနဲ႔ဆိုင္တာဆိုေတာ့ သူ႔ကို ေက်းဇူးသိတဲ့ပြဲျဖစ္လုိ႔ ဘယ္သူမဆို တက္လို႔ရပါတယ္”ဟု ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားမွ ဦးထိပ္တင္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မင္းတုန္းမင္းၾတားႀကီးအတြက္ မတကဘတ္ဆြမ္း (ေသသူအားရည္စူး၍ ဆြမ္းဆက္ကပ္ျခင္းအလွဴ) ဆက္ကပ္လွဴဒါန္းျခင္းႏွင့္ ေဆြေတာ္မ်ိဳးေတာ္မ်ား သက္ႀကီးပူေဇာ္ပြဲကို ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားက ၂၀၁၅ ခုႏွစ္တြင္ စတင္ေဆာင္ရြက္ႏိုင္ခဲ့ျခင္းျဖစ္ၿပီး ေဆြေတာ္မ်ိဳးေတာ္မ်ား၊ ေစာ္ဘြားမ်ား၏ အႏြယ္ေတာ္မ်ား၊ ေဆြေတာ္မ်ိဳးေတာ္မ်ားႏွင့္ ဆက္စပ္အသိုင္းအဝုိုင္းမ်ား၏ ထည့္ဝင္လွဴဒါန္းေငြမ်ားျဖင့္ က်င္းပေနျခင္း ျဖစ္ေၾကာင္း သိရသည္။

“ ကုန္းေဘာင္ဆက္ေဆြေတာ္မ်ိဳးေတာ္မ်ား ေအာက္ျမန္မာျပည္ ရန္ကုန္အသင္းမွာဆိုရင္ ေစာ္ဘြားဘက္က အဆက္ေတြ အမ်ားႀကီးပါတယ္။ သူတုိ႔ေတြကတစ္ဆင့္ လွဴဒါန္းတာေတြ၊ လာတာေတြ၊ ဖိတ္ေပးတာေတြကအစ လုပ္ၾကပါတယ္။ ေတာ္ေတာ္လည္း လာလည္း တက္ၾကပါတယ္”ဟု ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားမွ ဦးထိပ္တင္ေအာင္က ေျပာသည္။

မႏၱေလး ျမနန္းစံေက်ာ္ေရႊနန္းေတာ္အတြင္း က်င္းပခြင့္ကို ၂၀၁၆ ခုႏွစ္က စတင္ရရိွခဲ့ျခင္းျဖစ္ၿပီး က်င္းပခြင့္ကို မႏၱေလးတုိင္းေဒသႀကီး အစိုးရအဖြဲ႕၊ အလယ္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္ႏွင့္ ေရွးေဟာင္းသုေတသနဦးစီးဌာနတုိ႔သို႔ တင္ျပၿပီး ေဆာင္ရြက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

“အခုႏွစ္က နည္းနည္းေတာ့ အခက္အခဲရိွတယ္ေပါ့ေနာ္။ အဓိက က အရာအားလံုးက အလွဴေငြေပၚမွာ မူတည္ၿပီး လုပ္ေနရတာဆိုေတာ့ အလွဴေငြရရိွမႈပမာဏအေပၚမူတည္ၿပီး စီစဥ္ရတာ နည္းနည္းေတာ့ အခက္အခဲရိွတယ္။”ဟု ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားမွ ဦးထိပ္တင္ေအာင္က ေျပာသည္။

မင္းတုန္းမင္းအတြက္ မတကဘတ္ဆြမ္းဆက္ကပ္ျခင္းႏွင့္ ေဆြေတာ္မ်ိဳးေတာ္မ်ား သက္ႀကီးပူေဇာ္ပြဲကို ကုန္းေဘာင္ဆက္ေမာင္ႏွမမ်ားက ၂၀၁၅ ခုႏွစ္တြင္ စတင္က်င္းပခဲ့စဥ္က မႏၱေလးၿမိဳ႕  မဟာဓမၼိကာရာမေရႊက်င္တိုက္မႀကီးရိွ မင္းတုန္းမင္းၾတားႀကီးကုသိုလ္ျဖစ္ေသာ ကၽြန္းေက်ာင္းေတာ္ႀကီးတြင္ စတင္က်င္းပခဲ့ၾကျခင္းျဖစ္သည္။

ယင္းေနာက္ ၂၀၁၆ ခုႏွစ္မွစ၍ မႏၱေလးၿမိဳ႕ရိွ ျမနန္းစံေက်ာ္ ေရႊနန္းေတာ္တြင္ က်င္းပခြင့္ရခဲ့ရာ ဘုရင္ပါေတာ္မူၿပီးေနာက္ ႏွစ္ေပါင္း (၁၃၀)အတြင္း ပထမဆံုးအျဖစ္ နန္းတြင္း၌ က်င္းပခြင့္ရခဲ့ျခင္းျဖစ္သည္။

ေဆြေတာ္မ်ိဳးေတာ္မ်ား သက္ႀကီးပူေဇာ္ပြဲကိုလည္း ၂၀၁၅ ခုႏွစ္မွစ၍ က်င္းပခဲ့ရာ မင္းတုန္းမင္းႏွင့္ အိမ္ေရွ႕ကေနာင္မင္းသားတို႔၏ ေဆြေတာ္မ်ိဳးေတာ္ စုစုေပါင္း (၅၆)ပါး၊ ၂၀၁၆ ခုႏွစ္တြင္ ေဆြေတာ္မ်ိဳးေတာ္ စုစုေပါင္း (၈၁)ပါး၊ ၂၀၁၇ ခုႏွစ္တြင္ ေဆြေတာ္မ်ိဳးေတာ္ စုစုေပါင္း (၇၇)ပါး၊ ၂၀၁၈ ခုႏွစ္တြင္ ေဆြေတာ္မ်ိဳးေတာ္ စုစုေပါင္း (၇၂)ပါးတို႔ကို ပူေဇာ္ကန္ေတာ့ခဲ့ၾကၿပီး ၂၀၁၉ ခုႏွစ္တြင္ စုစုေပါင္း (၉၆)ပါးကို ပူေဇာ္ကန္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ျမနန္းစံေက်ာ္ေရႊနန္းေတာ္အတြင္း ၂၀၁၆ ခုႏွစ္ စတင္က်င္းပခြင့္ရစဥ္မွစ၍ ေဆြေတာ္မ်ိဳးေတာ္မ်ား၏ စုေပါင္းျပဳျပင္မႈျဖင့္ မင္းတုန္းမင္းၾတားႀကီး၏ ျပႆဒ္ေတာ္အျပင္ စုစုေပါင္းျပႆဒ္ (၄)ခုကို ျပင္ဆင္ထားႏုိင္ၿပီျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရတနာပုံ မန္တလေးမြို့တည် နန်းတည် မင်းတုန်းမင်းတြားကြီး၏ နတ်ပြည်စံသက် နှစ် (၁၄၁)နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ် လှူဒါန်းခြင်းနှင့် ဆဌမအကြိမ်မြောက် ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို မန္တလေးမြို့၊ မြနန်းစံကျော်ရွှေနန်းတော်အတွင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ကျင်းပမည့် ဖြစ်၍ မည်သူမဆို တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

“အများစုကတော့ ဆွေတော်မျိုးတော်အဆက်တွေ လာကြတယ်ဆိုပေမဲ့ မင်းတုန်းမင်းဆိုတာက မန္တလေးမြို့ကို တည်ထောင်ခဲ့တာအပြင် ပဉ္စမသင်္ဂါယနာတင်ခဲ့တဲ့မင်းဖြစ်တယ်။ အားလုံးနဲ့ဆိုင်တာဆိုတော့ သူ့ကို ကျေးဇူးသိတဲ့ပွဲဖြစ်လို့ ဘယ်သူမဆို တက်လို့ရပါတယ်”ဟု ကုန်းဘောင်ဆက်မောင်နှမများမှ ဦးထိပ်တင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မင်းတုန်းမင်းတြားကြီးအတွက် မတကဘတ်ဆွမ်း (သေသူအားရည်စူး၍ ဆွမ်းဆက်ကပ်ခြင်းအလှူ) ဆက်ကပ်လှူဒါန်းခြင်းနှင့် ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲကို ကုန်းဘောင်ဆက်မောင်နှမများက ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဆွေတော်မျိုးတော်များ၊ စော်ဘွားများ၏ အနွယ်တော်များ၊ ဆွေတော်မျိုးတော်များနှင့် ဆက်စပ်အသိုင်းအဝိုင်းများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ကျင်းပနခြေင်း ဖြစ်ကြောင်း သိရသည်။

“ ကုန်းဘောင်ဆက်ဆွေတော်မျိုးတော်များ အောက်မြန်မာပြည် ရန်ကုန်အသင်းမှာဆိုရင် စော်ဘွားဘက်က အဆက်တွေ အများကြီးပါတယ်။ သူတို့တွေကတစ်ဆင့် လှူဒါန်းတာတွေ၊ လာတာတွေ၊ ဖိတ်ပေးတာတွေကအစ လုပ်ကြပါတယ်။ တော်တော်လည်း လာလည်း တက်ကြပါတယ်”ဟု ကုန်းဘောင်ဆက်မောင်နှမများမှ ဦးထိပ်တင်အောင်က ပြောသည်။

မန္တလေး မြနန်းစံကျော်ရွှေနန်းတော်အတွင်း ကျင်းပခွင့်ကို ၂၀၁၆ ခုနှစ်က စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ကျင်းပခွင့်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ရှေးဟောင်းသုတေသနဦးစီးဌာနတို့သို့ တင်ပြပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

“အခုနှစ်က နည်းနည်းတော့ အခက်အခဲရှိတယ်ပေါ့နော်။ အဓိက က အရာအားလုံးက အလှူငွေပေါ်မှာ မူတည်ပြီး လုပ်နေရတာဆိုတော့ အလှူငွေရရှိမှုပမာဏအပေါ်မူတည်ပြီး စီစဉ်ရတာ နည်းနည်းတော့ အခက်အခဲရှိတယ်။”ဟု ကုန်းဘောင်ဆက်မောင်နှမများမှ ဦးထိပ်တင်အောင်က ပြောသည်။

မင်းတုန်းမင်းအတွက် မတကဘတ်ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲကို ကုန်းဘောင်ဆက်မောင်နှမများက ၂၀၁၅ ခုနှစ်တွင် စတင်ကျင်းပခဲ့စဉ်က မန္တလေးမြို့ မဟာဓမ္မိကာရာမရွှေကျင်တိုက်မကြီးရှိ မင်းတုန်းမင်းတြားကြီးကုသိုလ်ဖြစ်သော ကျွန်းကျောင်းတော်ကြီးတွင် စတင်ကျင်းပခဲ့ကြခြင်းဖြစ်သည်။

ယင်းနောက် ၂၀၁၆ ခုနှစ်မှစ၍ မန္တလေးမြို့ရှိ မြနန်းစံကျော် ရွှေနန်းတော်တွင် ကျင်းပခွင့်ရခဲ့ရာ ဘုရင်ပါတော်မူပြီးနောက် နှစ်ပေါင်း (၁၃၀)အတွင်း ပထမဆုံးအဖြစ် နန်းတွင်း၌ ကျင်းပခွင့်ရခဲ့ခြင်းဖြစ်သည်။

ဆွေတော်မျိုးတော်များ သက်ကြီးပူဇော်ပွဲကိုလည်း ၂၀၁၅ ခုနှစ်မှစ၍ ကျင်းပခဲ့ရာ မင်းတုန်းမင်းနှင့် အိမ်ရှေ့ကနောင်မင်းသားတို့၏ ဆွေတော်မျိုးတော် စုစုပေါင်း (၅၆)ပါး၊ ၂၀၁၆ ခုနှစ်တွင် ဆွေတော်မျိုးတော် စုစုပေါင်း (၈၁)ပါး၊ ၂၀၁၇ ခုနှစ်တွင် ဆွေတော်မျိုးတော် စုစုပေါင်း (၇၇)ပါး၊ ၂၀၁၈ ခုနှစ်တွင် ဆွေတော်မျိုးတော် စုစုပေါင်း (၇၂)ပါးတို့ကို ပူဇော်ကန်တော့ခဲ့ကြပြီး ၂၀၁၉ ခုနှစ်တွင် စုစုပေါင်း (၉၆)ပါးကို ပူဇော်ကန်တော့မည်ဖြစ်ကြောင်း သိရသည်။

မြနန်းစံကျော်ရွှေနန်းတော်အတွင်း ၂၀၁၆ ခုနှစ် စတင်ကျင်းပခွင့်ရစဉ်မှစ၍ ဆွေတော်မျိုးတော်များ၏ စုပေါင်းပြုပြင်မှုဖြင့် မင်းတုန်းမင်းတြားကြီး၏ ပြဿဒ်တော်အပြင် စုစုပေါင်းပြဿဒ် (၄)ခုကို ပြင်ဆင်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net