မိုင္းဆတ္ၿမိဳ႕တြင္ အမ်ဳိးသားတစ္ဦးအား စိတ္ၾကြေဆး အပါအ၀င္ လက္နက္ခဲယမ္းမ်ားျဖင့္ ဖမ္းမိ

မိုင္းဆတ္ၿမိဳ႕တြင္ အမ်ဳိးသားတစ္ဦးအား စိတ္ၾကြေဆး အပါအ၀င္ လက္နက္ခဲယမ္းမ်ားျဖင့္ ဖမ္းမိ
စက်တင်ဘာ 25, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) မုိင္းဆတ္ၿမိဳ႕နယ္၊ ဝမ္မုိင္(အာခါ)ေက်းရြာရိွ ေနအိမ္တစ္လံုးကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔ နံနက္ (၇)နာရီခြဲ၀န္းက်င္အခ်ိန္က  ပူးေပါင္းအဖြဲ႔မွ ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား၊ ေဆးမႈန္႔ႏွင့္ လက္နက္ခဲယမ္းမ်ားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

မူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု(၂၉)မိုင္းဆတ္မွ တပ္ဖြဲ႕ဝင္မ်ား ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႕ မိုင္းဆတ္ၿမိဳ႕၊ ဝမ္မိုင္(အာခါ)ေက်း႐ြာရိွ ေလာ္ဘယ္၏ ေနအိမ္သို႔ ဝင္ေရာက္ရွာေဖြရာ အိပ္ခန္းအတြင္းရွိ ဆာလာအိတ္ထဲမွ WY စိတ္ႂကြေဆးျပား (၃၆,၀၀၀) ျပား၊ စိတ္ႂကြေဆးမႈန႔္ (၄) ကီလို၊ ပြိဳင့္ ၂၂ ေသနတ္ တစ္လက္၊ M 22 ေသနတ္ တစ္လက္၊ အရွည္ ၂ ေပ ၄ လက္မခန႔္ Right Magazine Capacity စာတန္းႏွင့္ ထိုင္းစာတန္းပါ ေသနတ္ တစ္ လက္၊ M 22 က်ည္ (၈၀) ေတာင့္ႏွင့္ ၅.၅၆ က်ည္ (၁၂၀) ေတာင့္တို႔ႏွင့္အတူ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆး၊ လက္နက္မ်ားႏွင့္အတူ ဖမ္းမိသည့္ အသက္(၄၆)ႏွစ္ရွိ ေလာ္ဘယ္အား မိုင္းတြမ္းနယ္ေျမရဲစခန္းတြင္ မယ(ပ)၄၁/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၂(ခ)ျဖင့္ အမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ ဝမ်မိုင်(အာခါ)ကျေးရွာရှိ နေအိမ်တစ်လုံးကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက် (၇)နာရီခွဲဝန်းကျင်အချိန်က ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား၊ ဆေးမှုန့်နှင့် လက်နက်ခဲယမ်းများကို ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့ မိုင်းဆတ်မြို့၊ ဝမ်မိုင်(အာခါ)ကျေးရွာရှိ လော်ဘယ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းရှိ ဆာလာအိတ်ထဲမှ WY စိတ်ကြွဆေးပြား (၃၆,ဝဝဝ) ပြား၊ စိတ်ကြွဆေးမှုန့် (၄) ကီလို၊ ပွိုင့် ၂၂ သေနတ် တစ်လက်၊ M 22 သေနတ် တစ်လက်၊ အရှည် ၂ ပေ ၄ လက်မခန့် Right Magazine Capacity စာတန်းနှင့် ထိုင်းစာတန်းပါ သေနတ် တစ် လက်၊ M 22 ကျည် (၈၀) တောင့်နှင့် ၅.၅၆ ကျည် (၁၂၀) တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး၊ လက်နက်များနှင့်အတူ ဖမ်းမိသည့် အသက်(၄၆)နှစ်ရှိ လော်ဘယ်အား မိုင်းတွမ်းနယ်မြေရဲစခန်းတွင် မယ(ပ)၄၁/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၂(ခ)ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net