မယ္ဆိုင္မွ ခ်င္းမိုင္ဘက္သို႔ သြားသည့္ ထိုင္းလူမႈကူညီေရးအသင္းကားေပၚက စိတ္ၾကြေဆး (၅)သိန္းေက်ာ္ ေတြ႔ရွိ

မယ္ဆိုင္မွ ခ်င္းမိုင္ဘက္သို႔ သြားသည့္ ထိုင္းလူမႈကူညီေရးအသင္းကားေပၚက စိတ္ၾကြေဆး (၅)သိန္းေက်ာ္ ေတြ႔ရွိ
စက်တင်ဘာ 30, 2019
By Tachileik News Agency

ျမန္မာႏုိင္ငံႏွင့္နယ္စပ္ျဖစ္သည့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕မွ ခ်င္းမိုင္ဘက္သို႔ မယ္ဆိုင္အေျခစိုက္ လူမႈကူညီေရးအသင္းကားျဖင့္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၅)သိန္းကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၃၀)ရက္ေန႔ နံနက္(၈)နာရီေက်ာ္က ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

လူမႈကူညီေရးအသင္းကားတြင္ သယ္လာသည့္ စိတ္ၾကြရူးသြပ္ေဆးျပား (၅)သိန္းကို ယာဥ္ေပၚ၌ လုိက္ပါလာသည့္ လူငယ္ (၂)ဦးႏွင့္အတူ ဖမ္းမိၿပီးေနာက္ ဆက္စပ္ေဖၚထုတ္ခ်က္အရ အမ်ိဳးသမီးတစ္ဦးကိုလည္း စိတ္ၾကြေဆးျပား (၉၂,၀၀၀)ျဖင့္ပါ ထပ္မံဖမ္းမိရေၾကာင္း သိရသည္။

အဆိုပါ လူမႈကူညီေရးအသင္းမွာ မယ္ဆုိင္ၿမိဳ႕တြင္ ႏွစ္ေပါင္းမ်ားစြာကတည္းက လူမႈေရးလုပ္ငန္းမ်ား၊ ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ကိုင္ေနသည့္ အသင္းျဖစ္ၿပီး လူသိမ်ားလွသည့္ အသင္းလည္းျဖစ္သျဖင့္ ရဲတပ္ဖြဲ႕က အသင္းတာဝန္ရိွသူမ်ားအား စစ္ေဆးမႈမ်ား လုပ္ေနသည့္အျပင္ ဖမ္းမိထားသည့္ လူငယ္ႏွစ္ဦးအနက္ တစ္ဦးမွာ ကာစီႏိုတစ္ခုႏွင့္ ဆက္စပ္ေနသည္ကို ရဲတပ္ဖြဲ႕က စစ္ေဆးေတြ႔ရိွထားေၾကာင္း သိရသည္။

ဖမ္းဆီးရမိမႈ အေသးစိတ္ကို ေအာက္တိုဘာလ(၁)ရက္ေန႔တြင္ သတင္းစာရွင္းလင္းပြဲျဖင့္ ရွင္းလင္းအသိေပးမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Photo: chiangraireport


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံနှင့်နယ်စပ်ဖြစ်သည့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ချင်းမိုင်ဘက်သို့ မယ်ဆိုင်အခြေစိုက် လူမှုကူညီရေးအသင်းကားဖြင့် သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၅)သိန်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်(၈)နာရီကျော်က ဖမ်းဆီးရမိထားကြောင်း သိရသည်။

လူမှုကူညီရေးအသင်းကားတွင် သယ်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား (၅)သိန်းကို ယာဉ်ပေါ်၌ လိုက်ပါလာသည့် လူငယ် (၂)ဦးနှင့်အတူ ဖမ်းမိပြီးနောက် ဆက်စပ်ဖော်ထုတ်ချက်အရ အမျိုးသမီးတစ်ဦးကိုလည်း စိတ်ကြွဆေးပြား (၉၂,ဝဝဝ)ဖြင့်ပါ ထပ်မံဖမ်းမိရကြောင်း သိရသည်။

အဆိုပါ လူမှုကူညီရေးအသင်းမှာ မယ်ဆိုင်မြို့တွင် နှစ်ပေါင်းများစွာကတည်းက လူမှုရေးလုပ်ငန်းများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အသင်းဖြစ်ပြီး လူသိများလှသည့် အသင်းလည်းဖြစ်သဖြင့် ရဲတပ်ဖွဲ့က အသင်းတာဝန်ရှိသူများအား စစ်ဆေးမှုများ လုပ်နေသည့်အပြင် ဖမ်းမိထားသည့် လူငယ်နှစ်ဦးအနက် တစ်ဦးမှာ ကာစီနိုတစ်ခုနှင့် ဆက်စပ်နေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။

ဖမ်းဆီးရမိမှု အသေးစိတ်ကို အောက်တိုဘာလ(၁)ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲဖြင့် ရှင်းလင်းအသိပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Photo: chiangraireport

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net