တာချီလိတ်မြို့ ပုန်းထွန် နှင့် လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေး တွေ့ဆုံဆွေးနွေးနေ

တာချီလိတ်မြို့ ပုန်းထွန် နှင့် လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေး တွေ့ဆုံဆွေးနွေးနေ
စက်တင်ဘာ 5, 2019
By Tachileik News Agency

တာချီလိတ်မြို့ ပုန်းထွန် နှင့် လွယ်တော်ခမ်းသွားလမ်း မယ်ဆိုင်ချောင်းဘေးတစ်လျှောက် ကျူးကျော်နေထိုင်သူများ ဖယ်ရှားပေးရေး တွေ့ဆုံဆွေးနွေးနေ




ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ပုန်းထွန် နှင့် လွယ်တော်ခမ်းကျေးရွာအုပ်စုသို့ သွားရာလမ်းရှိ မယ်ဆိုင်ချောင်းအတွင်း ကျူးကျော်နေထိုင်နေသည့် အိမ်ထောင်စု (၅၀) ခန့်ကို သက်ဆိုင်ရာအစုအဖွဲ့အလိုက်ခေါ်ယူပြီး လွတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများမှ တွေ့ဆုံပြီး အသိပေးမှုများ ဆောင်ရွက်နပြေီဖြစ်ကြောင်း သိရသည်။

"သူတို့ကိုခေါ်ပြီး ပြောပြနေတာပေါ့။ လွယ်တော်ခမ်းက (၄၀)၊ နမ့်မယွန်းက (၁၀) ဦးရှိတာပေါ့။ သူတို့ကို ရောင်းထားတာလား၊ ဝယ်ပြီးတော့ ဖြစ်လာတာလားဆိုတာ အဓိက ကျွန်တော်တို့ လေ့လာတယ်။ ပြီးရင် သူတို့ကို ကြီးကြီးမားမားအဆောက်အဦးတွေ မဆောက်ဖို့၊ နိုင်ငံတော်ပိုင်မြဖြေစ်တဲ့အတွက် မြစ်ချောင်းဖြိုး ဥပဒေအရ ဘယ်လိုရှိတယ်ဆိုတဲ့ဟာကို ပြောပြတာပါ"ဟု ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှဝ် ဦးခင်မောင်တင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်း တာချီလိတ် - မိုင်းဆတ် ကားလမ်းဘေး မယ်ဆိုင်ချောင်းဘေး တစ်လျှောက်တွင် ကျူးကျော်နေထိုင်သူများကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ နေ့လယ်ပိုင်း၌ တာချီလိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊ စည်ပင်သာသာရေးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန( မြေစာရင်း)၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။

ချောင်းအတွင်း မြေဖို့တည်ဆောက်မှုများ လုပ်ဆောင်ထားသည့် အိမ်ခြေ (၄၀) ကျော်ကို စစ်ဆေးတွေ့ရှိထားပြီး၎င်းတို့က ၂၀၁၅ ခုနှစ်ကတည်းက စတင်ကျူးကျော်ထားကြခြင်းဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
သတင်း - ဟန်စိုးထိုက် 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net