ကျိုင်းတုံတွင် ယာဉ်၊လမ်းစည်းကမ်း အသိပညာပေးခြင်းကို ဆက်တိုက်ဆောင်ရွက်နေသော်လည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် လိုက်နာသူနည်းပါးနေဆဲ

ကျိုင်းတုံတွင် ယာဉ်၊လမ်းစည်းကမ်း အသိပညာပေးခြင်းကို ဆက်တိုက်ဆောင်ရွက်နေသော်လည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် လိုက်နာသူနည်းပါးနေဆဲ
စကျတငျဘာ 29, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ဆိုင်ကယ်စီးဦး ထုပ်ဆောင်းခြင်း အပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ဆက်တိုက် ဆောင်ရွက်ပေးနေရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့က မြို့မဈေးအနီးတွင် လုပ်ဆောင်သည်။


ကျိုင်းတုံမြို့တွင် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်းများကို အလှည့်ကျဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။


Tachileik News Agency
ဓါတ်ပုံ - KZ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများကို ဆိုင်ကယ်စီးဦး ထုပ်ဆောင်းခြင်း အပါအဝင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းကို ဆက်တိုက် ဆောင်ရွက်ပေးနေရာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၉)ရက်နေ့တွင် မြို့မဈေးအနီးတွင် လုပ်ဆောင်သည်။

“ပညာပေးတာ၊ စစ်ဆေးတာကို နေ့စဉ်လိုလို လုပ်ဖြစ်ပါတယ်။ အဓိကက ဦးထုပ်မဆောင်းတာတွေကို ပညာပေးတာ လုပ်သလို ဥပဒေအရ ဖမ်းဆီးအရေးယူတာလည်း လုပ်နေပါတယ်။ ဦးထုပ်မဆောင်းတာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာတာကို ရဲစခန်းမှာ အမှုဖွင့်ပြီး အရေးယူပါတယ်”ဟု အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် ဖမ်းဆီးအရေးယူခြင်းများကို အလှည့်ကျဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး အသက်သေဆုံးမှု လျှော့ချနိုင်ရန်အတွက် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန် အသိပညာပေးခြင်းလုပ်ဆောင်နေသော်လည်း လိုက်နာသူအားနည်းကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net