ေက်ာက္မဲတြင္ မီးေဘးအႏၱရာယ္ကာကြယ္ေရးေဆာ္ၾသေနစဥ္ မီးေလာင္မႈျဖစ္၍ ေနအိမ္တိုက္ခန္း (၃) ခန္း မီးေဘးသင့္

ေက်ာက္မဲတြင္ မီးေဘးအႏၱရာယ္ကာကြယ္ေရးေဆာ္ၾသေနစဥ္ မီးေလာင္မႈျဖစ္၍ ေနအိမ္တိုက္ခန္း (၃) ခန္း မီးေဘးသင့္
စက်တင်ဘာ 26, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕တြင္ မီးသတ္တပ္ဖြဲ႕က မီးေဘးအႏၱရာယ္ကာကြယ္ေရး ေဆာ္ၾသေနစဥ္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၆) ရက္ေန႔ည (၇)နာရီခြဲဝန္းက်င္က ေနအိမ္တိုက္ခန္း တစ္ခုတြင္ မီးေလာင္မႈျဖစ္၍ အခန္း (၃)ခန္း မီးေဘးသင့္သြားေၾကာင္း သိရသည္။

အမွတ္ (၃) ရပ္ကြက္၊ ေအာင္ဆန္းလမ္းႏွင့္ ေရႊဖီဦးလမ္းေထာင့္ရွိ ေရႊလ်န္းေခါက္ဆြဲဆိုင္၏ အေပၚထပ္ရွိ လူေနအိမ္ခန္းအတြင္း မီးအားျမွင့္စက္ႏွင့္ ပန္ကာတြဲလ်က္ထားသည့္ေနရာမွ အပူလြန္ကဲ၍ ဝါယာေရွာ့ျဖစ္ကာ မီးစတင္ေလာင္ကြ်မ္းခဲ့ကာ အေပၚထပ္ရိွ အခန္း (၂)ခန္းကိုပါ မီးကူးစက္သြားျခင္းျဖစ္ေၾကာင္းသိရသည္။

မီးေလာင္မႈျဖစ္ပြားသည့္သတင္းကို အနီးတြင္ မီးေဘးအႏၱရာယ္ႀကိဳတင္ကာကြယ္ေရး ႏႈိးေဆာ္မႈျပဳလုပ္ေနသည့္ မီးသတ္ယာဥ္သို႔ လာေရာက္သတင္းေပးသျဖင့္ ေက်ာက္မဲခရိုင္မီးသတ္တပ္ဖြဲ႔မွ မီးသတ္ယာဥ္ (၄) စီး၊ မီးသတ္တပ္ဖြဲ႕အင္အား (၄၀)ျဖင့္ သြားေရာက္ၿငိႇမ္းသတ္ေပးရာ (၁၀)မိနစ္ဝန္းက်င္အတြင္း မီးၿငိႇမ္းသတ္ႏုိင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္က်ြမ္းမႈေၾကာင့္ ေခါက္ဆြဲဆိုင္အေပၚထပ္ႏွင့္ ေဘးကပ္လ်က္ရိွ မီးစက္ႏွင့္ဆိုင္ကယ္ျပင္ဆိုင္၏ အေပၚထပ္ အပါအဝင္ စုစုေပါင္း အေပၚထပ္ (၃) ခန္းအတြင္းရွိ ပရိေဘာဂပစၥည္းမ်ား မီးေလာင္က်ြမ္းခဲ့ရေၾကာင္း သိရသည္။

မီးစတင္ေလာင္ကၽြမ္းသည့္အခန္းမွ ေနအိမ္ပိုင္ရွင္အမ်ိဳးသားအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူရန္ ေဆာင္ရြက္ေနသည္ဟု သိရသည္။

Tachileik News Agency
သတင္း၊ဓါတ္ပံု ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မီးသတ်တပ်ဖွဲ့က မီးဘေးအန္တရာယ်ကာကွယ်ရေး ဆော်သြနေစဉ် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်နေ့ည (၇)နာရီခွဲဝန်းကျင်က နေအိမ်တိုက်ခန်း တစ်ခုတွင် မီးလောင်မှုဖြစ်၍ အခန်း (၃)ခန်း မီးဘေးသင့်သွားကြောင်း သိရသည်။

အမှတ် (၃) ရပ်ကွက်၊ အောင်ဆန်းလမ်းနှင့် ရွှေဖီဦးလမ်းထောင့်ရှိ ရွှေလျန်းခေါက်ဆွဲဆိုင်၏ အပေါ်ထပ်ရှိ လူနေအိမ်ခန်းအတွင်း မီးအားမြှင့်စက်နှင့် ပန်ကာတွဲလျက်ထားသည့်နေရာမှ အပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ မီးစတင်လောင်ကျွမ်းခဲ့ကာ အပေါ်ထပ်ရှိ အခန်း (၂)ခန်းကိုပါ မီးကူးစက်သွားခြင်းဖြစ်ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားသည့်သတင်းကို အနီးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နှိုးဆော်မှုပြုလုပ်နေသည့် မီးသတ်ယာဉ်သို့ လာရောက်သတင်းပေးသဖြင့် ကျောက်မဲခရိုင်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ် (၄) စီး၊ မီးသတ်တပ်ဖွဲ့အင်အား (၄၀)ဖြင့် သွားရောက်ငြှိမ်းသတ်ပေးရာ (၁၀)မိနစ်ဝန်းကျင်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှုကြောင့် ခေါက်ဆွဲဆိုင်အပေါ်ထပ်နှင့် ဘေးကပ်လျက်ရှိ မီးစက်နှင့်ဆိုင်ကယ်ပြင်ဆိုင်၏ အပေါ်ထပ် အပါအဝင် စုစုပေါင်း အပေါ်ထပ် (၃) ခန်းအတွင်းရှိ ပရိဘောဂပစ္စည်းများ မီးလောင်ကျွမ်းခဲ့ရကြောင်း သိရသည်။

မီးစတင်လောင်ကျွမ်းသည့်အခန်းမှ နေအိမ်ပိုင်ရှင်အမျိုးသားအား ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူရန် ဆောင်ရွက်နေသည်ဟု သိရသည်။

Tachileik News Agency
သတင်း၊ဓာတ်ပုံ နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net