တာခ်ီလိတ္တြင္ အရက္မူးၿပီးရမ္းကားသည္ဟု ရဲတုိင္ခံရသူအား ဖမ္းဆီးရာမွ ေလာင္းကစားဂိမ္းခံုပါ ဖမ္းဆီးရမိ

တာခ်ီလိတ္တြင္ အရက္မူးၿပီးရမ္းကားသည္ဟု ရဲတုိင္ခံရသူအား ဖမ္းဆီးရာမွ ေလာင္းကစားဂိမ္းခံုပါ ဖမ္းဆီးရမိ
စက်တင်ဘာ 26, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္အတြင္း စတုတၳေျမာက္ ေလာင္းကစားမႈအျဖစ္ ပုန္းထြန္ရပ္ကြက္အတြင္းရွိ ၿမိဳ႕မသုသာန္အနီးတြင္ တဲထုိး၍ ဖြင့္ထားသည့္ ငါးမန္းဂိမ္းေလာင္းကစားခံုကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၆)ရက္ေန႔ နံနက္ပိုင္းတြင္ ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးေၾကာင္း သိရသည္။

အဆိုပါ ဂိမ္းခံုအား စက္တင္ဘာလ (၂၅)ရက္ေန႔ ညပိုင္းက ဓါးျဖင့္ဝင္ခုတ္သည့္ အမ်ိဳးသားတစ္ဦးအား အရက္မူးၿပီး ရပ္ကြက္တြင္းေသာင္းက်န္းေနသည္ဟုဆိုကာ ရဲတပ္ဖြဲ႕ထံ တုိင္ၾကားသျဖင့္ ရဲတပ္ဖြဲ႕က သြားေရာက္ထိန္းသိမ္းခဲ့ရာတြင္ ျပန္လည္ခုခံသျဖင့္ ပစ္ခတ္ဖမ္းဆီးခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

ပစ္ခတ္ဖမ္းဆီးခဲ့သူက ၎သည္ ဂိမ္းခံုအတြင္းဝင္၍ ဓါးျဖင့္ခုတ္ခဲ့ရာမွ ျပႆနာျဖစ္ရျခင္းျဖစ္ေၾကာင္း စစ္ေဆးေတြ႕ရိွရသျဖင့္ ရဲတပ္ဖြဲ႕က စက္တင္ဘာလ (၂၆)ရက္ေန႔တြင္ ဂိမ္းခံုေနရာအား ဝင္ေရာက္ဖမ္းဆီးရာ ငါးမန္းဂိမ္းကစားသည့္ ခံုအႀကီး၊ ခံုအေသး စုစုေပါင္း ဂိမ္းေလာင္းကစားခံု (၂)ခု၊ ထုိင္းဘတ္ေငြ (၉၈၀)ႏွင့္ အမ်ိဳးသမီး(၁)ဦးတုိ႔ကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဂိမ္းခံုႏွင့္အတူ ဖမ္းမိသည့္ အသက္(၁၉)နွစ္အရြယ္အမ်ိဳးသမီး သဲႏုေဇာ္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ႏုိင္ရန္ စစ္ေဆးေနဆဲျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ ပထမဆံုး ေလာင္းကစားဖမ္းဆီးမႈအျဖစ္ ၀ိန္းေက်ာက္ရပ္ကြက္၊ ေတာ္ေကာ့(တြင္း)၌ ေနအိမ္ငွားရမ္းၿပီး အြန္လုိင္းေလာင္းကစားလုပ္ငန္း လုပ္ကိုင္ေနၾကသည့္ ထုိင္းႏုိင္ငံသား (၅)ဦးႏွင့္ ထုိင္းႏုိင္ငံသူ (၁)ဦးတို႔အား ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၂)ရက္ေန႔က ဖမ္းမိခဲ့ျခင္းျဖစ္ၿပီး ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၉)ရက္ေန႔ကလည္း ဝမ္ေကာင္းရပ္ကြက္အတြင္းရိွ ဘုရင့္ေနာင္ေစ်း အနီးတြင္ ဖြင့္လွစ္ထားသည့္ ေလာင္းကစားဂိမ္းခံုကို ရဲတပ္ဖြဲ႕က ဝင္ေရာက္ဖမ္းဆီးရာ ငါးဂိမ္းခံု စုစုေပါင္း (၆)ခံုႏွင့္အတူ အမ်ိဳးသား(၃)ဦး၊ အမ်ိဳးသမီး(၁)ဦးတုိ႔ကို ထိန္းသိမ္းခဲ့ၿပီး ဖဲေလာင္းကစားဝိုင္းတစ္ခုကိုလည္း ၂၀၁၉ ခုႏွစ္အတြင္း ဖမ္းဆီးရမိထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်အတွင်း စတုတ္ထမြောက် လောင်းကစားမှုအဖြစ် ပုန်းထွန်ရပ်ကွက်အတွင်းရှိ မြို့မသုသာန်အနီးတွင် တဲထိုး၍ ဖွင့်ထားသည့် ငါးမန်းဂိမ်းလောင်းကစားခုံကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးကြောင်း သိရသည်။

အဆိုပါ ဂိမ်းခုံအား စက်တင်ဘာလ (၂၅)ရက်နေ့ ညပိုင်းက ဓားဖြင့်ဝင်ခုတ်သည့် အမျိုးသားတစ်ဦးအား အရက်မူးပြီး ရပ်ကွက်တွင်းသောင်းကျန်းနေသည်ဟုဆိုကာ ရဲတပ်ဖွဲ့ထံ တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းခဲ့ရာတွင် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းဆီးခဲ့သူက၎င်းသည် ဂိမ်းခုံအတွင်းဝင်၍ ဓားဖြင့်ခုတ်ခဲ့ရာမှ ပြဿနာဖြစ်ရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့က စက်တင်ဘာလ (၂၆)ရက်နေ့တွင် ဂိမ်းခုံနေရာအား ဝင်ရောက်ဖမ်းဆီးရာ ငါးမန်းဂိမ်းကစားသည့် ခုံအကြီး၊ ခုံအသေး စုစုပေါင်း ဂိမ်းလောင်းကစားခုံ (၂)ခု၊ ထိုင်းဘတ်ငွေ (၉၈၀)နှင့် အမျိုးသမီး(၁)ဦးတို့ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ဂိမ်းခုံနှင့်အတူ ဖမ်းမိသည့် အသက်(၁၉)နှစ်အရွယ်အမျိုးသမီး သဲနုဇော်အား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်နိုင်ရန် စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ပထမဆုံး လောင်းကစားဖမ်းဆီးမှုအဖြစ် ဝိန်းကျောက်ရပ်ကွက်၊ တော်ကော့(တွင်း)၌ နေအိမ်ငှါးရမ်းပြီး အွန်လိုင်းလောင်းကစားလုပ်ငန်း လုပ်ကိုင်နကြေသည့် ထိုင်းနိုင်ငံသား (၅)ဦးနှင့် ထိုင်းနိုင်ငံသူ (၁)ဦးတို့အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့က ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ ဇွန်လ(၉)ရက်နေ့ကလည်း ဝမ်ကောင်းရပ်ကွက်အတွင်းရှိ ဘုရင့်နောင်ဈေး အနီးတွင် ဖွင့်လှစ်ထားသည့် လောင်းကစားဂိမ်းခုံကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ ငါးဂိမ်းခုံ စုစုပေါင်း (၆)ခုံနှင့်အတူ အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦးတို့ကို ထိန်းသိမ်းခဲ့ပြီး ဖဲလောင်းကစားဝိုင်းတစ်ခုကိုလည်း ၂၀၁၉ ခုနှစ်အတွင်း ဖမ်းဆီးရမိထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net