ေလာင္းကစား ဥပေဒသစ္ေၾကာင့္ ေရႊႀတိဂံေဒသရိွ ဟိုတယ္မ်ား ႀကိဳတင္ျပင္ဆင္ေန

ေလာင္းကစား ဥပေဒသစ္ေၾကာင့္ ေရႊႀတိဂံေဒသရိွ ဟိုတယ္မ်ား ႀကိဳတင္ျပင္ဆင္ေန
စက်တင်ဘာ 29, 2019
By Tachileik News Agency

ကာစီႏိုတရားဝင္ဖြင့္ခြင့္ေပးၿပီး အခြန္စည္းၾကပ္မည့္ ဥပေဒသစ္ေၾကာင့္ နယ္စပ္ေဒသရိွ ဟိုတယ္မ်ားက စိတ္ဝင္စားမႈျမွင့္တက္ေနၿပီး ႀကိဳတင္ျပင္ဆင္မႈလုပ္ေဆာင္ေနမႈမ်ားလည္း ရိွေနၿပီျဖစ္ေၾကာင္း ရွမ္းျပည္နယ္အေရွ႕ပိုင္း ေရႊႀတိဂံဟိုတယ္ဇုန္ တာဝန္ရိွသူမ်ားထံမွ သိရသည္။

“ဥပေဒမွာ ျပဌာန္းလုိက္တာက ဒါေတြ တရားမဝင္ျဖစ္ေနတာထက္ တရားဝင္လည္း စနစ္တက်ခြင့္ျပဳမယ္။ ဒါဆို ႏုိင္ငံေတာ္လည္း အခြန္အခ မဆံုးရံႈးဘူး။ စနစ္တက်ျဖစ္မယ္ဆိုၿပီး ျပဌာန္းတာလုိ႔ ကၽြန္ေတာ္တုိ႔ ျမင္ပါတယ္။ ဖြင့္ခြင့္ရမယ္ဆိုေတာ့ ကၽြန္ေတာ္တုိ႔ က်ိဳင္းတံုထက္ တာခ်ီလိတ္ကေတာ့ နယ္စပ္ဆိုေတာ့ သူတို႔က ပိုစိတ္ဝင္စားၾကတယ္။ ဒါေပမဲ့ နည္းဥပေဒအရ သတ္မွတ္ခ်က္ေတြက ဘာေတြလာမလဲ ဥပမာ အခန္းေတြ အက်ယ္အဝန္းကစ ဘယ္လိုသတ္မွတ္မယ္။ ၾကယ္ပြင့္အဆင့္ ဘယ္ေလာက္သတ္မွတ္မယ္ ဆိုတာေတြကအစ လိုေသးတာေပါ့။ တစ္ခ်ိဳ႕လည္း ႀကိဳတင္ျပင္ဆင္တာေတြရိွေနပါၿပီ”ဟု ေရႊႀတိဂံဟိုတယ္ဇုန္ နာယက ဦးစိုးေရႊက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ ဒုတိယပတ္က ေျပာသည္။

ေလာင္းကစားလုပ္ငန္းမ်ားႏွင့္ပတ္သက္ၿပီး ျပဌာန္းခ်က္မ်ား၊ ျပစ္မႈျပစ္ဒဏ္မ်ား ေခတ္ႏွင့္အညီ ျဖစ္ေစေရးအတြက္ ၁၉၈၆ ခုႏွစ္ ေလာင္းကစားဥပေဒကို ျပန္လည္ျပင္ဆင္သည့္ ၂၀၁၉ ခုႏွစ္ ေလာင္းကစားဥပေဒကို ၂၀၁၉ ခုႏွစ္၊ ေမလ (၇)ရက္ေန႔က ျပဌာန္းခဲ့ျခင္းျဖစ္သည္။

ယခင္ ၁၉၆၈ ခုႏွစ္ ေလာင္းကစားဥပေဒအရ ကာစီႏိုဖြင့္လွစ္ခြင့္မရိွခဲ့ေသာ္လည္း ကန္႔သတ္ဧရိယာမ်ားတြင္ တည္ရွိသည့္ ဟိုတယ္မ်ား၌ နိုင္ငံျခားသားမ်ားအတြက္ ကာစီႏိုလုပ္ငန္းကို ျပည္ေထာင္စုအစိုးရအဖြဲ႔၏ သေဘာတူညီခ်က္၊ ျပည္ထဲေရးဝန္ႀကီးဌာန၏ စည္းမ်ဥ္းစည္းကမ္းအရ ဟိုတယ္နွင့္ခရီးသြားလာေရး ဝန္ႀကီးဌာနက ခြင့္ျပဳႏုိင္ေၾကာင္း ၂၀၁၃ ခုနွစ္ ျမန္မာနိုင္ငံရင္းနွီးျမဳပ္နွံမႈေကာ္မရွင္၏ အမိန္႔ေၾကာ္ျငာစာျဖင့္ ထုတ္ျပန္ခဲ့ၿပီး နယ္စပ္ေဒသမ်ားရိွ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ (FDI)ဟိုတယ္မ်ားတြင္ ကန္႔သတ္ခ်က္ျဖင့္ ဖြင့္လွစ္ခြင့္ျပဳထားခဲ့ျခင္းျဖစ္သည္။

“အရင္ကလည္း နယ္စပ္ေဒသေတြမွာ FDI ဟိုတယ္ေတြကို ခြင့္ျပဳခ်က္ေပးတတ္တာမ်ိဳးရိွတယ္။”ဟု ေရႊႀတိဂံဟိုတယ္ဇုန္ ဥကၠဌ ဦးရဲျမင့္ေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကာစီႏိုကစားဝိုင္း တရားဝင္ဖြင့္လွစ္ခြင့္ကုိ ၁၉၉၅ ခုႏွစ္က ေကာ့ေသာင္းၿမိဳ႕နယ္အတြင္း သူေဌးကၽြန္းရိွ Grand Adaman Hotel တြင္ ႏိုင္ငံျခားသားမ်ားသာ ကစားခြင့္ျပဳရန္ ကန္႔သတ္ခ်က္ျဖင့္ ခြင့္ျပဳထားခဲ့ျခင္းျဖစ္ၿပီး ကရင္ျပည္နယ္အတြင္း ကရင္နယ္ျခားေစာင့္တပ္ထိန္းခ်ဳပ္နယ္ေျမျဖစ္သည့္ ေသာင္ရင္းျမစ္ေဘး၌ တရုတ္ ရင္းနွီးျမဳပ္ႏွံမႈျဖစ္သည့္ ေရႊကုကၠိဳလ္ၿမိဳ႕သစ္စီမံကိန္းတြင္လည္း ကာစီႏိုကစားဝိုင္းမ်ား ဖြင့္လွစ္ထားျခင္းသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းတြင္လည္း အထူးေဒသ (၄)နယ္ေျမရိွ မုိင္းလားတြင္ ကာစီႏိုဝုိင္းမ်ား ဖြင့္လွစ္ထားျခင္းျဖစ္သည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကာစီနိုတရားဝင်ဖွင့်ခွင့်ပေးပြီး အခွန်စည်းကြပ်မည့် ဥပဒေသစ်ကြောင့် နယ်စပ်ဒေသရှိ ဟိုတယ်များက စိတ်ဝင်စားမှုမြှင့်တက်နပြေီး ကြိုတင်ပြင်ဆင်မှုလုပ်ဆောင်နေမှုများလည်း ရှိနပြေီဖြစ်ကြောင်း ရှမ်းပြည်နယ်အရှေ့ပိုင်း ရွှတြေိဂံဟိုတယ်ဇုန် တာဝန်ရှိသူများထံမှ သိရသည်။

“ဥပဒေမှာ ပြဌာန်းလိုက်တာက ဒါတွေ တရားမဝင်ဖြစ်နေတာထက် တရားဝင်လည်း စနစ်တကျခွင့်ပြုမယ်။ ဒါဆို နိုင်ငံတော်လည်း အခွန်အခ မဆုံးရှုံးဘူး။ စနစ်တကျဖြစ်မယ်ဆိုပြီး ပြဌာန်းတာလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဖွင့်ခွင့်ရမယ်ဆိုတော့ ကျွန်တော်တို့ ကျိုင်းတုံထက် တာချီလိတ်ကတော့ နယ်စပ်ဆိုတော့ သူတို့က ပိုစိတ်ဝင်စားကြတယ်။ ဒါပေမဲ့ နည်းဥပဒေအရ သတ်မှတ်ချက်တွေက ဘာတွေလာမလဲ ဥပမာ အခန်းတွေ အကျယ်အဝန်းကစ ဘယ်လိုသတ်မှတ်မယ်။ ကြယ်ပွင့်အဆင့် ဘယ်လောက်သတ်မှတ်မယ် ဆိုတာတွေကအစ လိုသေးတာပေါ့။ တစ်ချို့လည်း ကြိုတင်ပြင်ဆင်တာတွေရှိနေပါပြီ”ဟု ရွှတြေိဂံဟိုတယ်ဇုန် နာယက ဦးစိုးရွှေက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်က ပြောသည်။

လောင်းကစားလုပ်ငန်းများနှင့်ပတ်သက်ပြီး ပြဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များ ခေတ်နှင့်အညီ ဖြစ်စေရေးအတွက် ၁၉၈၆ ခုနှစ် လောင်းကစားဥပဒေကို ပြန်လည်ပြင်ဆင်သည့် ၂၀၁၉ ခုနှစ် လောင်းကစားဥပဒေကို ၂၀၁၉ ခုနှစ်၊ မေလ (၇)ရက်နေ့က ပြဌာန်းခဲ့ခြင်းဖြစ်သည်။

ယခင် ၁၉၆၈ ခုနှစ် လောင်းကစားဥပဒေအရ ကာစီနိုဖွင့်လှစ်ခွင့်မရှိခဲ့သော်လည်း ကန့်သတ်ဧရိယာများတွင် တည်ရှိသည့် ဟိုတယ်များ၌ နိုင်ငံခြားသားများအတွက် ကာစီနိုလုပ်ငန်းကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ စည်းမျဉ်းစည်းကမ်းအရ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ခွင့်ပြုနိုင်ကြောင်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင်၏ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့ပြီး နယ်စပ်ဒေသများရှိ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု (FDI)ဟိုတယ်များတွင် ကန့်သတ်ချက်ဖြင့် ဖွင့်လှစ်ခွင့်ပြုထားခဲ့ခြင်းဖြစ်သည်။

“အရင်ကလည်း နယ်စပ်ဒေသတွေမှာ FDI ဟိုတယ်တွေကို ခွင့်ပြုချက်ပေးတတ်တာမျိုးရှိတယ်။”ဟု ရွှတြေိဂံဟိုတယ်ဇုန် ဥက္ကဌ ဦးရဲမြင့်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကာစီနိုကစားဝိုင်း တရားဝင်ဖွင့်လှစ်ခွင့်ကို ၁၉၉၅ ခုနှစ်က ကော့သောင်းမြို့နယ်အတွင်း သူဌေးကျွန်းရှိ Grand Adaman Hotel တွင် နိုင်ငံခြားသားများသာ ကစားခွင့်ပြုရန် ကန့်သတ်ချက်ဖြင့် ခွင့်ပြုထားခဲ့ခြင်းဖြစ်ပြီး ကရင်ပြည်နယ်အတွင်း ကရင်နယ်ခြားစောင့်တပ်ထိန်းချုပ်နယ်မြဖြေစ်သည့် သောင်ရင်းမြစ်ဘေး၌ တရုတ် ရင်းနှီးမြုပ်နှံမှုဖြစ်သည့် ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းတွင်လည်း ကာစီနိုကစားဝိုင်းများ ဖွင့်လှစ်ထားခြင်းသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင်လည်း အထူးဒေသ (၄)နယ်မြေရှိ မိုင်းလားတွင် ကာစီနိုဝိုင်းများ ဖွင့်လှစ်ထားခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net