တာခ်ီလိတ္တြင္ တစ္ရက္တာအတြင္း ေဖၚထုတ္ဖမ္းဆီးမႈ (၄)ေနရာမွ မူးယစ္ေဆးမ်ိဳးစံုႏွင့္အတူ ဆက္စပ္သူ (၄)ဦးဖမ္းမိၿပီး (၁)ဦးလြတ္ေျမာက္

တာခ်ီလိတ္တြင္ တစ္ရက္တာအတြင္း ေဖၚထုတ္ဖမ္းဆီးမႈ (၄)ေနရာမွ မူးယစ္ေဆးမ်ိဳးစံုႏွင့္အတူ ဆက္စပ္သူ (၄)ဦးဖမ္းမိၿပီး (၁)ဦးလြတ္ေျမာက္
စက်တင်ဘာ 29, 2019
By Tachileik News Agency

နယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ မူးယစ္ေဆးဖမ္းဆီး ရရွိမႈ၏  ဆက္စပ္ေဖၚထုတ္ၿပီး တစ္ရက္တာအတြင္း စိတ္ၾကြရူးသြပ္ေဆးျပား (၁၈,၀၆၄ )ျပား၊ ဘိန္းစိမ္း (၀.၀၅)ကီလိုႏွင့္ ဆိုဒီယမ္ဆိုင္ယာႏိုဒ္ (၁၈၀၀) ကီလိုတို႔ကို ဖမ္းဆီးရမိေၾကာင္း  သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆိုင္း(ခ)ရပ္ကြက္၊ ဝမ္မိုင္ေက်း႐ြာလမ္းတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၈)ရက္ေန႔ နံနက္ (၃)နာရီ (၁၅)မိနစ္အခ်ိန္က အသက္ (၃၀)အရြယ္ သူရိန္ထြန္း(ခ) ညီညီအားထံက   စိတ္ႂကြေဆးျပား (၆၀,၀၀)ကို ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေပၚေပါက္ခ်က္အရ နံနက္ (၅)နာရီခြဲဝန္းက်င္၌ ပါဆတ္ရပ္ကြက္ရွိ ညီညီႏိုင္၏ ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ကို မေတြ႔ရဘဲ ၿခံဝင္းအတြင္းရွိ ဂိုေထာင္ထဲမွ ဆာလာအိတ္ (၃၆) အိတ္ျဖင့္ ထည့္ထားသည့္ ဆိုဒီယမ္ဆိုင္ယာႏိုဒ္ (၁၈၀၀) ကီလိုအား ေတြ႔ရွိ သိမ္းဆည္းရမိသည္။

ယင္းေနာက္ နံနက္ (၆)နာရီခြဲ ဝန္းက်င္တြင္ ဝမ္လုံးေက်း႐ြာရိွ မဘူးဒို၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ မဘူးဒိုႏွင့္ မဘူးစူတို႔အား ေတြ႔ရၿပီး ေနအိမ္ အိပ္ခန္းႏွင့္ ေနအိမ္ေအာက္ေျမႀကီးထဲမွ WY စိတ္ႂကြေဆးျပား (၂၃၂၀) ျပားတို႔ကို ေတြ႔ရွိ သိမ္းဆည္း ဖမ္းမိျခင္းျဖစ္ေၾကာင္း သိရသည္။

ဆက္လက္ၿပီး လြယ္စီတုံ(ေအာက္)ေက်း႐ြာေန အားမဲ(ခ)အားေလာင္၏ ေနအိမ္အား နံနက္ (၈)နာရီေက်ာ္တြင္ ဝင္ေရာက္ရွာေဖြရာ ၎အားေနအိမ္တြင္ ေတြ႔ရၿပီး ေနအိမ္အိပ္ခန္းႏွင့္ ဂိုေထာင္အတြင္းမွ WY စိတ္ႂကြေဆးျပား (၉,၇၄၄) ျပား၊ ဘိန္းစိမ္း (၀.၀၅) ကီလိုတို႔ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းမိသူမ်ားႏွင့္ ဖမ္းမမိေသးသူမ်ားကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရာ  သူရိန္ထြန္း(ခ)ညီညီအား မယ(ပ)၁၂၂/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က) ျဖင့္ လည္းေကာင္း၊ သူရိန္ထြန္း(ခ)ညီညီ၊ မဘူးစူႏွင့္ မဘူးဒိုတို႔ (၃)ဦးတို႔အား မယ(ပ)၁၂၃/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္ လည္းေကာင္း၊ သူရိန္ထြန္း(ခ)ညီညီႏွင့္ အားမဲ(ခ)အားေလာင္ (ဖမ္းမိ)တို႔အား မယ(ပ)၁၂၄/၂၀၁၉၊ မူးစိတ္ပုဒ္မ ၁၉(က)/၂၁ ျဖင့္လည္းေကာင္း၊ သူရိန္ထြန္း(ခ)ညီညီႏွင့္ လြတ္ေျမာက္ေနဆဲျဖစ္သည့္ ညီညီႏိုင္တို႔အား (ပ)၅၄၆/၂၀၁၉၊ ဓာတုပစၥည္းႏွင့္ ဆက္စပ္ပစၥည္းမ်ားအႏၲရာယ္မွ တားဆီးကာကြယ္ေရး ဥပေဒပုဒ္မ ၃၇/၃၈ ျဖင့္ လည္းေကာင္း အမႈဖြင့္ထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

နယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် မူးယစ်ဆေးဖမ်းဆီး ရရှိမှု၏ ဆက်စပ်ဖော်ထုတ်ပြီး တစ်ရက်တာအတွင်း စိတ်ကြွရူးသွပ်ဆေးပြား (၁၈,ဝ၆၄ )ပြား၊ ဘိန်းစိမ်း (ဝ.ဝ၅)ကီလိုနှင့် ဆိုဒီယမ်ဆိုင်ယာနိုဒ် (၁၈၀၀) ကီလိုတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ကျေးရွာလမ်းတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၈)ရက်နေ့ နံနက် (၃)နာရီ (၁၅)မိနစ်အချိန်က အသက် (၃၀)အရွယ် သူရိန်ထွန်း(ခ) ညီညီအားထံက စိတ်ကြွဆေးပြား (၆၀,ဝဝ)ကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရ နံနက် (၅)နာရီခွဲဝန်းကျင်၌ ပါဆတ်ရပ်ကွက်ရှိ ညီညီနိုင်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်ကို မတွေ့ရဘဲ ခြံဝင်းအတွင်းရှိ ဂိုထောင်ထဲမှ ဆာလာအိတ် (၃၆) အိတ်ဖြင့် ထည့်ထားသည့် ဆိုဒီယမ်ဆိုင်ယာနိုဒ် (၁၈၀၀) ကီလိုအား တွေ့ရှိ သိမ်းဆည်းရမိသည်။

ယင်းနောက် နံနက် (၆)နာရီခွဲ ဝန်းကျင်တွင် ဝမ်လုံးကျေးရွာရှိ မဘူးဒို၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ မဘူးဒိုနှင့် မဘူးစူတို့အား တွေ့ရပြီး နေအိမ် အိပ်ခန်းနှင့် နေအိမ်အောက်မြကြေီးထဲမှ WY စိတ်ကြွဆေးပြား (၂၃၂၀) ပြားတို့ကို တွေ့ရှိ သိမ်းဆည်း ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး လွယ်စီတုံ(အောက်)ကျေးရွာနေ အားမဲ(ခ)အားလောင်၏ နေအိမ်အား နံနက် (၈)နာရီကျော်တွင် ဝင်ရောက်ရှာဖွေရာ၎င်းအားနေအိမ်တွင် တွေ့ရပြီး နေအိမ်အိပ်ခန်းနှင့် ဂိုထောင်အတွင်းမှ WY စိတ်ကြွဆေးပြား (၉,၇၄၄) ပြား၊ ဘိန်းစိမ်း (ဝ.ဝ၅) ကီလိုတို့ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသူများနှင့် ဖမ်းမမိသေးသူများကို တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရာ သူရိန်ထွန်း(ခ)ညီညီအား မယ(ပ)၁၂၂/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က) ဖြင့် လည်းကောင်း၊ သူရိန်ထွန်း(ခ)ညီညီ၊ မဘူးစူနှင့် မဘူးဒိုတို့ (၃)ဦးတို့အား မယ(ပ)၁၂၃/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် လည်းကောင်း၊ သူရိန်ထွန်း(ခ)ညီညီနှင့် အားမဲ(ခ)အားလောင် (ဖမ်းမိ)တို့အား မယ(ပ)၁၂၄/၂၀၁၉၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့်လည်းကောင်း၊ သူရိန်ထွန်း(ခ)ညီညီနှင့် လွတ်မြောက်နေဆဲဖြစ်သည့် ညီညီနိုင်တို့အား (ပ)၅၄၆/၂၀၁၉၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ ဖြင့် လည်းကောင်း အမှုဖွင့်ထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net