မယ္ဆိုင္ဂူကယ္ဆယ္ေရးအေၾကာင္း ရိုက္ကူးထားသည့္ The Cave ရုပ္ရွင္ကို ထိုင္းႏုိင္ငံတြင္ ႏို၀င္ဘာလ(၂၈)ရက္ေန႔ ျပသမည္

မယ္ဆိုင္ဂူကယ္ဆယ္ေရးအေၾကာင္း ရိုက္ကူးထားသည့္ The Cave ရုပ္ရွင္ကို ထိုင္းႏုိင္ငံတြင္ ႏို၀င္ဘာလ(၂၈)ရက္ေန႔ ျပသမည္
စက်တင်ဘာ 30, 2019
By Tachileik News Agency
ထိိုင္းႏုိင္ငံ မယ္ဆုိင္ဂူအတြင္းမွ ကေလး (၁၂)ဦးႏွင့္ လူငယ္ (၁)ဦးတုိ႔အား ကယ္ဆယ္ေရးအေၾကာင္းကို ရုိက္ကူးထားသည့္ The Cave ရုပ္ရွင္ကို ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၅)ရက္ေန႔မွစၿပီး ႏိုင္ငံတကာ ရုပ္ရွင္ျပပြဲမ်ားတြင္ စတင္ျပသေတာ့မည္ျဖစ္ၿပီး ထုိင္းနိုင္ငံတြင္ ႏိုဝင္ဘာ (၂၈)၌ ရံုတင္ျပသမည္ျဖစ္ေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံ၊ မယ္ဆိုင္ဂူအတြင္း ႏွစ္ပတ္ေက်ာ္ၾကာ ပိတ္မိေနသူ (၁၃)ဦးကို ႏုိင္ငံေတာ္အဆင့္ ကယ္ဆယ္ေရးအျဖစ္ ၂၀၁၈ ခုႏွစ္အတြင္းက လုပ္ေဆာင္ခဲ့ရာ ႏုိင္ငံတကာမွ ပူးေပါင္းကူညီခဲ့ၾကျခင္းျဖစ္သည္။

အဆိုပါ ျဖစ္စဥ္အား ဒါရိုက္တာ တြမ္ေဝၚလာက The Cave အမည္ျဖင့္ ရုပ္ရွင္ကို ရိုက္ကူးခဲ့ျခင္းျဖစ္ၿပီး စိတ္ဝင္စားဖြယ္ အေၾကာင္းအရာစံုလင္လွသည့္ မယ္ဆိုင္ဂူကယ္ဆယ္ေရးလုပ္ငန္းတြင္ ကမၻာတလႊားမွ လာေရာက္ ကူညီၾကသူမ်ားအျမင္မွ ရိုက္ကူးတင္ျပထားျခင္းျဖစ္ေၾကာင္း ဒါရုိက္တာ တြမ္ေဝၚလာက ေျပာၾကားထားသည္။

အဆိုပါ ရုပ္ရွင္တြင္ ပါဝင္ခဲ့သူမ်ားအေနျဖင့္ ကယ္ဆယ္စဥ္အခ်ိန္က ခံစားခ်က္ႏွင့္ ေတြ႔ႀကံဳခဲ့ရသည္မ်ားကို ျပန္လည္ခံစားသတိရေစၿပီး ရိုက္ကူးထားျခင္းျဖစ္သည္ဟု ဆိုသည္။

ဘူဆန္ ႏုိင္ငံတကာရုပ္ရွင္ပြဲေတာ္တြင္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၅)၊ (၆)ရက္နွင့္ (၁၀)ရက္ေန႔မ်ားတြင္ လည္းေကာင္း BFI London ရုပ္ရွင္ပြဲေတာ္တြင္ ေအာက္တိုဘာလ (၁၁)ရက္မွ (၁၃)ရက္အထိလည္းေကာင္း၊ ဗင္ကူးဗားႏုိင္ငံတကာရုပ္ရွင္ပြဲေတာ္တြင္ ေအာက္တိုဘာလ (၈)ရက္ႏွင့္ (၉)ရက္ေန႔မ်ားတြင္ လည္းေကာင္း၊ ဖိလစ္ပိုင္ႏုိင္ငံ မနီလာတြင္က်င္းပမည့္ QCINEMA ႏုိင္ငံတကာရုပ္ရွင္ျပပြဲတြင္ ေအာက္တိုဘာ (၁၃)မွ (၂၂)ထိ လည္းေကာင္း၊ Byron Bay ႏုိင္ငံတကာရုပ္ရွင္ျပပြဲတြင္ ေအာက္တိုဘာလ (၂၆)ရက္ေန႔၌ လည္းေကာင္း အသီးသီး ျပသသြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref; The Cave Movie


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ ကလေး (၁၂)ဦးနှင့် လူငယ် (၁)ဦးတို့အား ကယ်ဆယ်ရေးအကြောင်းကို ရိုက်ကူးထားသည့် The Cave ရုပ်ရှင်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့မှစပြီး နိုင်ငံတကာ ရုပ်ရှင်ပြပွဲများတွင် စတင်ပြသတော့မည်ဖြစ်ပြီး ထိုင်းနိုင်ငံတွင် နိုဝင်ဘာ (၂၈)၌ ရုံတင်ပြသမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဂူအတွင်း နှစ်ပတ်ကျော်ကြာ ပိတ်မိနေသူ (၁၃)ဦးကို နိုင်ငံတော်အဆင့် ကယ်ဆယ်ရေးအဖြစ် ၂၀၁၈ ခုနှစ်အတွင်းက လုပ်ဆောင်ခဲ့ရာ နိုင်ငံတကာမှ ပူးပေါင်းကူညီခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ ဖြစ်စဉ်အား ဒါရိုက်တာ တွမ်ဝေါ်လာက The Cave အမည်ဖြင့် ရုပ်ရှင်ကို ရိုက်ကူးခဲ့ခြင်းဖြစ်ပြီး စိတ်ဝင်စားဖွယ် အကြောင်းအရာစုံလင်လှသည့် မယ်ဆိုင်ဂူကယ်ဆယ်ရေးလုပ်ငန်းတွင် ကမ္ဘာတလွှားမှ လာရောက် ကူညီကြသူများအမြင်မှ ရိုက်ကူးတင်ပြထားခြင်းဖြစ်ကြောင်း ဒါရိုက်တာ တွမ်ဝေါ်လာက ပြောကြားထားသည်။

အဆိုပါ ရုပ်ရှင်တွင် ပါဝင်ခဲ့သူများအနဖြေင့် ကယ်ဆယ်စဉ်အချိန်က ခံစားချက်နှင့် တွေ့ကြုံခဲ့ရသည်များကို ပြန်လည်ခံစားသတိရစပြေီး ရိုက်ကူးထားခြင်းဖြစ်သည်ဟု ဆိုသည်။

ဘူဆန် နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၅)၊ (၆)ရက်နှင့် (၁၀)ရက်နေ့များတွင် လည်းကောင်း BFI London ရုပ်ရှင်ပွဲတော်တွင် အောက်တိုဘာလ (၁၁)ရက်မှ (၁၃)ရက်အထိလည်းကောင်း၊ ဗင်ကူးဗားနိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် အောက်တိုဘာလ (၈)ရက်နှင့် (၉)ရက်နေ့များတွင် လည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ မနီလာတွင်ကျင်းပမည့် QCINEMA နိုင်ငံတကာရုပ်ရှင်ပြပွဲတွင် အောက်တိုဘာ (၁၃)မှ (၂၂)ထိ လည်းကောင်း၊ Byron Bay နိုင်ငံတကာရုပ်ရှင်ပြပွဲတွင် အောက်တိုဘာလ (၂၆)ရက်နေ့၌ လည်းကောင်း အသီးသီး ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref; The Cave Movie

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net