ထိုင္းႏုိင္ငံတြင္ ေလယာဥ္မွဴးႏွစ္ဦးလံုး ေသဆံုးခဲ့ရသည့္ မိုးတုရြာသြန္းေရးသံုး ေလယာဥ္ငယ္မွာ ဘတ္ဂ်က္မရိွ၍ သက္တမ္းၾကာျမင့္စြာသံုးခဲ့ရေၾကာင္း စိုက္ပ်ိဳးေရးဒုဝန္ႀကီးေျပာၾကား

ထိုင္းႏုိင္ငံတြင္ ေလယာဥ္မွဴးႏွစ္ဦးလံုး ေသဆံုးခဲ့ရသည့္ မိုးတုရြာသြန္းေရးသံုး ေလယာဥ္ငယ္မွာ ဘတ္ဂ်က္မရိွ၍ သက္တမ္းၾကာျမင့္စြာသံုးခဲ့ရေၾကာင္း စိုက္ပ်ိဳးေရးဒုဝန္ႀကီးေျပာၾကား
စက်တင်ဘာ 25, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံ၊ ကန္ခ်နဘူရီခရိုင္အတြင္း ပ်က္က်ခဲ့သည့္ မုိုးတုရြာသြန္းေရးေလယာဥ္ငယ္မွာ အင္ဂ်င္ခ်ိဳ႕ယြင္း၍ ပ်က္က်ခဲ့ျခင္းျဖစ္ၿပီး အဆိုပါေလယာဥ္ငယ္မွာ သက္တမ္း (၂၀)ခန္႔ ရိွေနၿပီျဖစ္၍ လဲလွယ္ရမည္ျဖစ္ေသာ္လည္း ဘတ္ဂ်က္မရိွသျဖင့္ အစားထိုးလဲလွယ္ႏုိင္ျခင္း မရိွေသးျခင္းျဖစ္ေၾကာင္း စိုက္ပ်ိဳးေရးဌာန ဒုဝန္ႀကီးက ေျပာၾကားသည္ဟု သိရသည္။

ေလယာဥ္ပ်က္က်မႈေၾကာင့္ ေသဆံုးခဲ့ရသည့္ ေလယာဥ္မွဴး (၂)ဦး၏ မိသားစုမ်ားကိုလည္း ဒုဝန္ႀကီးက ေတာင္းပန္ေၾကာင္း ထုိင္းသတင္းဌာနမ်ားတြင္ ေဖၚျပထားသည္။

အသက္ (၅၈)ႏွစ္အရြယ္ႏွင့္ အသက္ (၂၈)ႏွစ္အရြယ္ ေလယာဥ္မွဴးႏွစ္ဦးတုိ႔သည္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၄)ရက္ေန႔ နံနက္ (၉)နာရီက ဆူရာဆီတပ္စခန္းမွေန၍ ေလ့က်င့္ပ်ံသန္းမႈျပဳလုပ္ရန္ ပ်ံသန္းလာစဥ္ နာရီဝက္ခန္႔အၾကာ၌ သစ္ေတာအတြင္း ပ်က္က်ခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ပ်က္က်ခဲ့သည့္ ေလယာဥ္မွာ ၁၉၇၀ ခုႏွစ္ထုတ္ Cessna Caravan အမ်ိဳးအစားေလယာဥ္ျဖစ္ၿပီး အသံုးျပဳေနသည္မွာ သက္တမ္း (၂၀)ခန္႔ရိွေနသျဖင့္ လဲလွယ္ရန္ လိုအပ္ေနေသာ္လည္း ဘတ္ဂ်က္မရိွသျဖင့္ မလဲႏုိင္ဘဲျဖစ္ေနစဥ္ ယခုကဲ့သို႔ မေတာ္တဆမႈျဖစ္ပြားခဲ့ရျခင္းျဖစ္၍ က်န္ေလယာဥ္မ်ားကို ျပန္လည္စစ္ေဆးသြားရန္ စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ဝန္ႀကီးခ်ဳပ္ႏွင့္ အစိုးရအဖြဲ႕အစည္းအေဝးတြင္ ညႊန္ၾကားသြားမည္ျဖစ္ေၾကာင္းသိရသည္။

Tachileik News Agency
ref & Photo: hodmunha


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်အတွင်း ပျက်ကျခဲ့သည့် မိုးတုရွာသွန်းရေးလေယာဉ်ငယ်မှာ အင်ဂျင်ချို့ယွင်း၍ ပျက်ကျခဲ့ခြင်းဖြစ်ပြီး အဆိုပါလေယာဉ်ငယ်မှာ သက်တမ်း (၂၀)ခန့် ရှိနပြေီဖြစ်၍ လဲလှယ်ရမည်ဖြစ်သော်လည်း ဘတ်ဂျက်မရှိသဖြင့် အစားထိုးလဲလှယ်နိုင်ခြင်း မရှိသေးခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဌာန ဒုဝန်ကြီးက ပြောကြားသည်ဟု သိရသည်။

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးခဲ့ရသည့် လေယာဉ်မှူး (၂)ဦး၏ မိသားစုများကိုလည်း ဒုဝန်ကြီးက တောင်းပန်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အသက် (၅၈)နှစ်အရွယ်နှင့် အသက် (၂၈)နှစ်အရွယ် လေယာဉ်မှူးနှစ်ဦးတို့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၄)ရက်နေ့ နံနက် (၉)နာရီက ဆူရာဆီတပ်စခန်းမှနေ၍ လေ့ကျင့်ပျံသန်းမှုပြုလုပ်ရန် ပျံသန်းလာစဉ် နာရီဝက်ခန့်အကြာ၌ သစ်တောအတွင်း ပျက်ကျခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပျက်ကျခဲ့သည့် လေယာဉ်မှာ ၁၉၇၀ ခုနှစ်ထုတ် Cessna Caravan အမျိုးအစားလေယာဉ်ဖြစ်ပြီး အသုံးပြုနေသည်မှာ သက်တမ်း (၂၀)ခန့်ရှိနေသဖြင့် လဲလှယ်ရန် လိုအပ်နေသော်လည်း ဘတ်ဂျက်မရှိသဖြင့် မလဲနိုင်ဘဲဖြစ်နေစဉ် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ရခြင်းဖြစ်၍ ကျန်လေယာဉ်များကို ပြန်လည်စစ်ဆေးသွားရန် စိုက်ပျိုးရေးဝန်ကြီးဌာနက ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့အစည်းအဝေးတွင် ညွှန်ကြားသွားမည်ဖြစ်ကြောင်းသိရသည်။

Tachileik News Agency
ref & Photo: hodmunha

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net