ဂုတ္ထိပ္ဘူတာအေရာက္ ရထားေပၚတြင္ ႏိုင္ငံျခားသူ၏ ခရီးေဆာင္အိတ္ ခိုးခံရ

ဂုတ္ထိပ္ဘူတာအေရာက္ ရထားေပၚတြင္ ႏိုင္ငံျခားသူ၏ ခရီးေဆာင္အိတ္ ခိုးခံရ
စက်တင်ဘာ 30, 2019
By Tachileik News Agency

မႏၱေလး - လားရႈိး အဆန္ရထားေပၚတြင္ ကေနဒါႏိုင္ငံသူ တစ္ဦး၏ ခရီးေဆာင္အိတ္အား ခိုးယူမႈ ျဖစ္ပြားၿပီး ခိုးယူသူအား ဂုတ္ထိပ္ဘူတာအနီးတြင္ ဖမ္းဆီးရမိထားေၾကာင္းႏွင့္ ကာယကံရွင္အား ဆက္သြယ္ထားေၾကာင္း သိရသည္။

မႏၱေလး မွ လားရႈိး သို႔ မီးရထားခရီးစဥ္ျဖင့္ လိုက္ပါလာသည့္ အသက္(၄၁)ႏွစ္ရွိ သိန္းထြန္း(ခ)ဘာဘူသည္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၉)ရက္ေန႔ နံနက္(၁၁)နာရီ၀န္းက်င္အခ်ိန္က ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေနာင္ခ်ဳိၿမိဳ႕နယ္အတြင္း ဂုတ္ထိပ္ဘူတာအနီးအေရာက္တြင္ တစ္တြဲတည္း လိုက္ပါလာသည့္  အသက္(၂၃)ႏွစ္အရြယ္ ကေနဒါႏိုင္ငံသူ Amy Melissa Tom ၏ ခရီးေဆာင္အိတ္အား ခိုးယူၿပီး ရထားေပၚမွာ ပစ္ခ်ခဲ့ေၾကာင္း ႏွင့္ ဂုတ္ထိပ္ဘူတာတြင္ ရထား ေခတၱရပ္စဥ္ ၎သည္ ပစ္ခ်ခဲ့သည့္ အိတ္အား သြားေကာက္ရန္ ဆင္းသြားခဲ့ေၾကာင္း သိရသည္။

ဂုတ္ထိပ္ေက်း႐ြာ တံတားလုံၿခဳံေရး ရဲတပ္ဖြဲ႕ဝင္မ်ား က ဂုတ္ထိပ္ေက်း႐ြာအနီး ရထားလမ္း၏ မိုင္တိုင္(၄၁၆/၁၂-၁၃)ၾကားတြင္ သိန္းထြန္း(ခ)ဘာဘူအား ခရီးေဆာင္အိတ္ျဖင့္ ေတြ႔ရွိရ၍ ၎အား မသကၤာ၍ စစ္ေဆးရာ အိတ္အတြင္းမွ ပစၥည္းမ်ားမွာ ႏိုင္ငံျခားသူ၏ ပစၥည္းမ်ား ျဖစ္ေနေၾကာင္း သိရသည္။

အဆိုပါ ခရီးေဆာင္အိတ္အတြင္းမွ  အင္ဒိုနီးရွားေငြ/ အေႂကြေစ့ေရာရာ ၅၀,၈၀၀ ႐ူပီးရား၊ Apple တံဆိပ္ပါ ဖုန္းဘတၳရီ (၁)လုံး၊ ဖုန္းအားသြင္းႀကိဳး (၅) ေခ်ာင္း၊ ေဆးဝါးမ်ား အေမရိကန္ေဒၚလာ ၁၃ ေဒၚလာ၊ ဗီယက္နမ္ေငြ (၄၀,၀၀၀)ေဒါင္၊ တ႐ုတ္ေငြ (၅၅၀)ယြမ္၊ ၊ အဝတ္အစားမ်ားႏွင့္ အသုံးအေဆာင္ပစၥည္းမ်ား ထည့္ထားသည့္ ခရီးေဆာင္အိတ္ ၁ လုံးအား ေတြ႕ရွိရေၾကာင္း သိရသည္။

ခရီးေဆာင္အိတ္ခိုးယူသူ  သိန္းထြန္း(ခ) ဘာဘူအား ဖမ္းဆီးရမိကာ ေနာင္ခ်ိဳၿမိဳ႕မရဲစခန္း (ပ)၂၀၄/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၉/က်င့္ ၅၄(ခိုးမႈ)ျဖင့္ အမႈဖြင့္လိုက္ေၾကာင္းႏွင့္ ႏိုင္ငံျခားသူမွာ သီေပါၿမိဳ႕ ဘူတာတြင္ ဆင္းသြားသည့္အတြက္ ဆက္သြယ္ထားရွိေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေး - လားရှိုး အဆန်ရထားပေါ်တွင် ကနေဒါနိုင်ငံသူ တစ်ဦး၏ ခရီးဆောင်အိတ်အား ခိုးယူမှု ဖြစ်ပွားပြီး ခိုးယူသူအား ဂုတ်ထိပ်ဘူတာအနီးတွင် ဖမ်းဆီးရမိထားကြောင်းနှင့် ကာယကံရှင်အား ဆက်သွယ်ထားကြောင်း သိရသည်။

မန္တလေး မှ လားရှိုး သို့ မီးရထားခရီးစဉ်ဖြင့် လိုက်ပါလာသည့် အသက်(၄၁)နှစ်ရှိ သိန်းထွန်း(ခ)ဘာဘူသည် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်အချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်း ဂုတ်ထိပ်ဘူတာအနီးအရောက်တွင် တစ်တွဲတည်း လိုက်ပါလာသည့် အသက်(၂၃)နှစ်အရွယ် ကနေဒါနိုင်ငံသူ Amy Melissa Tom ၏ ခရီးဆောင်အိတ်အား ခိုးယူပြီး ရထားပေါ်မှာ ပစ်ချခဲ့ကြောင်း နှင့် ဂုတ်ထိပ်ဘူတာတွင် ရထား ခေတ္တရပ်စဉ်၎င်းသည် ပစ်ချခဲ့သည့် အိတ်အား သွားကောက်ရန် ဆင်းသွားခဲ့ကြောင်း သိရသည်။

ဂုတ်ထိပ်ကျေးရွာ တံတားလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ က ဂုတ်ထိပ်ကျေးရွာအနီး ရထားလမ်း၏ မိုင်တိုင်(၄၁၆/၁၂-၁၃)ကြားတွင် သိန်းထွန်း(ခ)ဘာဘူအား ခရီးဆောင်အိတ်ဖြင့် တွေ့ရှိရ၍၎င်းအား မသင်္ကာ၍ စစ်ဆေးရာ အိတ်အတွင်းမှ ပစ္စည်းများမှာ နိုင်ငံခြားသူ၏ ပစ္စည်းများ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ ခရီးဆောင်အိတ်အတွင်းမှ အင်ဒိုနီးရှားငွေ/ အကြွေစေ့ရောရာ ၅၀,၈၀၀ ရူပီးရား၊ Apple တံဆိပ်ပါ ဖုန်းဘတ္ထရီ (၁)လုံး၊ ဖုန်းအားသွင်းကြိုး (၅) ချောင်း၊ ဆေးဝါးများ အမေရိကန်ဒေါ်လာ ၁၃ ဒေါ်လာ၊ ဗီယက်နမ်ငွေ (၄၀,ဝဝဝ)ဒေါင်၊ တရုတ်ငွေ (၅၅၀)ယွမ်၊ အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများ ထည့်ထားသည့် ခရီးဆောင်အိတ် ၁ လုံးအား တွေ့ရှိရကြောင်း သိရသည်။

ခရီးဆောင်အိတ်ခိုးယူသူ သိန်းထွန်း(ခ) ဘာဘူအား ဖမ်းဆီးရမိကာ နောင်ချိုမြို့မရဲစခန်း (ပ)၂၀၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ကျင့် ၅၄(ခိုးမှု)ဖြင့် အမှုဖွင့်လိုက်ကြောင်းနှင့် နိုင်ငံခြားသူမှာ သီပေါမြို့ ဘူတာတွင် ဆင်းသွားသည့်အတွက် ဆက်သွယ်ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net