တာခ်ီလိတ္တြင္ သီတင္းကြ်တ္ကာလ မီးရွဴး မီးပန္းႏွင့္ ေဗ်ာက္အိုးေရာင္းခ်သည့္ဆိုင္မ်ားကို ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္မည္

တာခ်ီလိတ္တြင္ သီတင္းကြ်တ္ကာလ မီးရွဴး မီးပန္းႏွင့္ ေဗ်ာက္အိုးေရာင္းခ်သည့္ဆိုင္မ်ားကို ေရွာင္တခင္ စစ္ေဆးမႈမ်ား ျပဳလုပ္မည္
စက်တင်ဘာ 28, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္တြင္ သီတင္းကၽြတ္ကာလ မီးရွဴး၊ မီးပန္းႏွင့္ ေဗ်ာက္အိုး ေရာင္းခ်သည့္ဆိုင္မ်ားကို ေရွာင္တခင္ စစ္ေဆးမႈမ်ား လုပ္ေဆာင္မည္ျဖစ္ၿပီး ဖမ္းမိပါက အေရးယူမႈမ်ား လုပ္ေဆာင္သြားမည္ဟု ရဲတပ္ဖြဲ႕ထံမွ သိရသည္။

"ဖမ္းဖို႔ရိွတယ္။ အစီအစဥ္ေတြ ဆြဲၿပီးၿပီ။ ညႊန္ၾကားခ်က္လည္း ရိွတယ္။ ေရာင္းတဲ့ဆိုင္ေတြ ဖမ္းဖို႔ရိွတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးလွဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္ေန႔က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း ေစ်းႀကီးမ်ားရိွ ဆိုင္မ်ား၊ စတိုးဆိုင္ႀကီးမ်ားကို ရဲတပ္ဖြဲ႕ပါဝင္သည့္အဖြဲ႕စံုျဖင့္ ေရွာင္တခင္ ဝင္ေရာက္စစ္ေဆးရန္ စီစဥ္ထားၿပီး မီးရႈး၊ မီးပန္းႏွင့္ ေဗ်ာက္အိုးမ်ားေရာင္းခ်ေနသည္ကို စစ္ေဆးေတြ႕ရိွရပါက ပစၥည္းမ်ားသိမ္းဆည္းမည့္အျပင္ ဆိုင္ပိုင္ရွင္ကို တည္ဆဲဥပေဒအရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လူသူမ်ားအၾကား ႏွင့္ ရပ္ကြက္အတြင္း ေဗ်ာက္အိုးေဖာက္ျခင္းကိုပါ ရပ္/ေက်းမွ တဆင့္ တားျမစ္သြားရန္လည္း အစီအစဥ္ရွိေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသတြင္ အစဥ္အလာအရက်င္းပသည့္ ေဒသရိုးရာပြဲေတာ္မ်ားတြင္ မီးရႈးမီးပန္းမ်ား ပစ္လႊတ္ျခင္း၊ တရုတ္ႏွစ္သစ္ကူးမ်ားတြင္ ေဗ်ာက္ေဖါက္ျခင္း၊ မီးရႈးမီးပန္းလႊတ္ျခင္းမ်ား လုပ္ေဆာင္ေလ့ ရိွေသာ္လည္း သီတင္းကၽြတ္ကာလမ်ားတြင္ အမ်ားျပည္သူ အထိတ္တလန္႔မျဖစ္ေစရန္ တားျမစ္ေလ့ရိွျခင္း ျဖစ္သည္။

Tachileik News Agency
သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်တွင် သီတင်းကျွတ်ကာလ မီးရှုး၊ မီးပန်းနှင့် ဗျောက်အိုး ရောင်းချသည့်ဆိုင်များကို ရှောင်တခင် စစ်ဆေးမှုများ လုပ်ဆောင်မည်ဖြစ်ပြီး ဖမ်းမိပါက အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ရဲတပ်ဖွဲ့ထံမှ သိရသည်။

"ဖမ်းဖို့ရှိတယ်။ အစီအစဉ်တွေ ဆွဲပြီးပြီ။ ညွှန်ကြားချက်လည်း ရှိတယ်။ ရောင်းတဲ့ဆိုင်တွေ ဖမ်းဖို့ရှိတယ်"ဟု တာချီလိတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့က ပြောသည်။

တာချီလိတ်မြို့တွင်း ဈေးကြီးများရှိ ဆိုင်များ၊ စတိုးဆိုင်ကြီးများကို ရဲတပ်ဖွဲ့ပါဝင်သည့်အဖွဲ့စုံဖြင့် ရှောင်တခင် ဝင်ရောက်စစ်ဆေးရန် စီစဉ်ထားပြီး မီးရှုး၊ မီးပန်းနှင့် ဗျောက်အိုးများရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိရပါက ပစ္စည်းများသိမ်းဆည်းမည့်အပြင် ဆိုင်ပိုင်ရှင်ကို တည်ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လူသူများအကြား နှင့် ရပ်ကွက်အတွင်း ဗျောက်အိုးဖောက်ခြင်းကိုပါ ရပ်/ကျေးမှ တဆင့် တားမြစ်သွားရန်လည်း အစီအစဉ်ရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် အစဉ်အလာအရကျင်းပသည့် ဒေသရိုးရာပွဲတော်များတွင် မီးရှုးမီးပန်းများ ပစ်လွှတ်ခြင်း၊ တရုတ်နှစ်သစ်ကူးများတွင် ဗျောက်ဖောက်ခြင်း၊ မီးရှုးမီးပန်းလွှတ်ခြင်းများ လုပ်ဆောင်လေ့ ရှိသော်လည်း သီတင်းကျွတ်ကာလများတွင် အများပြည်သူ အထိတ်တလန့်မဖြစ်စေရန် တားမြစ်လေ့ရှိခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net