တောင်ကိုရီးယားတွင် အာဖရိက၀က်တုပ်ကွေးဖြစ်ပွားနေခြင်းကြောင့် လေဆိပ်များ၌ အထူးကြပ်မတ် စစ်ဆေးနေ၍ မြန်မာနိုင်ငံသားများ အကြော်အလှော်များ မယူလာရင် အသိပေး

တောင်ကိုရီးယားတွင် အာဖရိက၀က်တုပ်ကွေးဖြစ်ပွားနေခြင်းကြောင့် လေဆိပ်များ၌ အထူးကြပ်မတ် စစ်ဆေးနေ၍ မြန်မာနိုင်ငံသားများ အကြော်အလှော်များ မယူလာရင် အသိပေး
စကျတငျဘာ 27, 2019
By Tachileik News Agency

တောင်ကိုရီးယားနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးဖြစ်ပွားနေ၍ ရောဂါမပြန့်ပွားရေး လေဆိပ်များတွင် အထူးကြပ်မတ် စစ်ဆေးနေရာ ကိုရီးယားသို့ ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအနေဖြင့် စားသောက်ဖွယ်ရာ၊ အကြော်အလှော်များ သယ်ဆောင်လာခြင်းမပြုကြရန် မြန်မာအလုပ်သမားသံအရာရှိရုံးက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့က အသိပေးကြေညာထားသည်။

ကိုရီးယားသမ္မတနိုင်ငံအတွင်း ဒေသအချို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ အာဖရိက ဝက်တုပ်ကွေးရောဂါ (ASF) များ ပြန့်ပွားလျက်ရှိရာ ကိုရီးယားအစိုးရအနေဖြင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်နေရာတွင် ပြည်ပမှ ဝင်ရောက်ရာအဓိက လမ်းကြောင်းဖြစ်သည့် လေဆိပ်တွင် ယခုရက်ပိုင်းအတွင်း အထူးစီမံချက်ချမှတ်၍ ထိန်းချုပ်ဆောင်ရွက်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်မည့် E-9 လုပ်သားများ အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများအနေဖြင့် ယခုရက်ပိုင်းအတွင်း မည်သည့် စားသောက်ဖွယ်ရာ အကြော်အလှော်မျှ သယ်ဆောင်လာခြင်း မပြုရန် အသိပေးအပ်ပါသည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးက သတိပေးထားသည်။

Tachileik News Agency
Photo: Suh Myung-geon/AP


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တောင်ကိုရီးယားနိုင်ငံတွင် အာဖရိကဝက်တုပ်ကွေးဖြစ်ပွားနေ၍ ရောဂါမပြန့်ပွားရေး လေဆိပ်များတွင် အထူးကြပ်မတ် စစ်ဆေးနေရာ ကိုရီးယားသို့ ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအနဖြေင့် စားသောက်ဖွယ်ရာ၊ အကြော်အလှော်များ သယ်ဆောင်လာခြင်းမပြုကြရန် မြန်မာအလုပ်သမားသံအရာရှိရုံးက ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၇)ရက်နေ့က အသိပေးကြေညာထားသည်။

ကိုရီးယားသမ္မတနိုင်ငံအတွင်း ဒေသအချို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်မှစတင်၍ အာဖရိက ဝက်တုပ်ကွေးရောဂါ (ASF) များ ပြန့်ပွားလျက်ရှိရာ ကိုရီးယားအစိုးရအနဖြေင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေး ဆောင်ရွက်နေရာတွင် ပြည်ပမှ ဝင်ရောက်ရာအဓိက လမ်းကြောင်းဖြစ်သည့် လေဆိပ်တွင် ယခုရက်ပိုင်းအတွင်း အထူးစီမံချက်ချမှတ်၍ ထိန်းချုပ်ဆောင်ရွက်နေသည်ဟု သိရသည်။

မြန်မာနိုင်ငံမှ ကိုရီးယားသမ္မတနိုင်ငံသို့ ဝင်ရောက်မည့် E-9 လုပ်သားများ အပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားများအနဖြေင့် ယခုရက်ပိုင်းအတွင်း မည်သည့် စားသောက်ဖွယ်ရာ အကြော်အလှော်မျှ သယ်ဆောင်လာခြင်း မပြုရန် အသိပေးအပ်ပါသည်ဟု မြန်မာအလုပ်သမားသံအရာရှိရုံးက သတိပေးထားသည်။

Tachileik News Agency
Photo: Suh Myung-geon/AP

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net