အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႕အၾကား ေဆြးေႏြးပြဲတြင္ တရုတ္ၾကားဝင္ ညိႇႏိႈင္းေဆြးေႏြးျခင္းမရိွ

အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႕အၾကား ေဆြးေႏြးပြဲတြင္ တရုတ္ၾကားဝင္ ညိႇႏိႈင္းေဆြးေႏြးျခင္းမရိွ
စက်တင်ဘာ 17, 2019
By Tachileik News Agency

အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕ၾကား ေဆြးေႏြးပြဲျဖစ္ေျမာက္ေရးအတြက္ တရုတ္ႏုိင္ငံက ပံ့ပိုးကူညီေပးမႈမ်ားရိွေသာ္လည္း ေဆြးေႏြးမႈမ်ားတြင္ ၾကားဝင္ညိႇႏိႈင္းျခင္းမရိွေၾကာင္း သိရသည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ Amazing Kengtong Resort တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၇)ရက္ေန႔က က်င္းပသည့္ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန (NRPC)ႏွင့္ အပစ္မရပ္ရေသးသည့္ ေျမာက္ပိုင္းမဟာမိတ္(၄)ဖြဲ႕တုိ႔၏ ေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းလင္းပြဲတြင္ ႏိုင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက အတည္ျပဳေျပာၾကားခဲ့ျခင္းျဖစ္သည္။

 “ကၽြန္ေတာ္တို႔ကေတာ့ သူတို႔နဲ႔ (မဟာမိတ္ ၄ ဖြဲ႕) တိုက္ရိုက္ညႇိပါတယ္။ တရုတ္ပါလာတဲ့အဖြဲ႕က သြားေရး၊ လာေရးေပါ့။ သူတို႔အဆင္ေျပေအာင္ ပံ့ပိုးကူညီတဲ့အပိုင္းလို႔ ကၽြန္ေတာ္တို႔က အဲဒီလိုပဲျမင္တယ္။ တကယ္ေဆြးေႏြးတာက သူတို႔နဲ႔ ကၽြန္ေတာ္တို႔ ေဆြးေႏြးတာ။ တရုတ္နဲ႔ ေဆြးေႏြးတာမဟုတ္ဘူး။ ၾကားခံညိႇႏိႈင္းဖို႔လည္း ေဆြးေႏြးတာမရိွပါဘူး”ဟု ႏုိင္ငံေတာ္အတုိင္ပင္ခံရံုးဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌးက တာခ်ီလိတ္သတင္းေအဂ်င္စီ၏ ေမးျမန္းခ်က္ကို ျပန္လည္ေျဖၾကားသည္။

အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ ပဏာမအပစ္ရပ္မေရးထိုးရေသးသည့္ ေျမာက္ပိုင္းမဟာမိတ္ (၄)ဖြဲ႕ျဖစ္ေသာ AA၊ TNLA၊ MNDAA ႏွင့္ KIA တို႔ၾကား ေဆြးေႏြးပြဲမ်ားကို တရုတ္ႏုိင္ငံ ကူမင္းၿမိဳ႕တြင္ စတင္ခဲ့ၿပီး က်ိဳင္းတံုၿမိဳ႕တြင္ က်င္းပသည့္ ေဆြးေႏြးပြဲ ႏွစ္ႀကိမ္လံုးအတြက္ကိုလည္း မဟာမိတ္ (၄)ဖြဲ႕လံုၿခံဳေရးအတြက္ တရုတ္ႏိုင္ငံ ယူနန္ရဲတပ္ဖြဲ႕က လုိက္ပါေပးခဲ့သည္ကို ေတြ႔ရျခင္းျဖစ္သည္။

“ကၽြန္ေတာ္တို႔ ေဆြးေႏြးတဲ့အထဲမွာ တရုတ္ပါဝင္ၿပီးေတာ့ ေဆြးေႏြးတာေတာ့ မရိွဘူး။ တရုတ္က ပါဝင္ကူညီေပးတာက ဆိုေတာ့ အခုေလာေလာဆယ္ဆယ္မွာ ေျမာက္ပိုင္းဘက္မွာ တိုက္ပြဲက ျပင္းျပင္းထန္ထန္ျဖစ္ေနေတာ့ အစိုးရဘက္က ေတြ႕ဆံုေဆြးေႏြးမယ့္ေနရာကို ေရြးတဲ့အခ်ိန္မွာ အခက္အခဲရိွတာေပါ့။ အစိုးရဖက္က ေရြးတဲ့ေနရာမွာ ေျမာက္ပိုင္းအဖြဲ႕က လာဖို႔ဆိုရာမွာ တိုက္ပြဲေတြ ျဖစ္ေနတဲ့အတြက္ စိုးရိမ္မႈေတြရိွေနတယ္။ အဲဒီလိုျဖစ္ေနတဲ့အခ်ိန္မွာ တရုတ္အစိုးရကေန ၾကားဝင္ၿပီးေတာ့မွ အခုက်ိဳင္းတံုေဆြးေႏြးပြဲမွာ  တရုတ္ဘက္ကေန လက္နက္နဲ႔ ဘာနဲ႔လံုၿခံဳေရးယူေပးတဲ့ သေဘာမဟုတ္ဘဲ တရုတ္ရဲေတြက အရပ္ဝတ္နဲ႔ လုိက္ပါေပးတာမ်ိဳးလုပ္ေပးတယ္။ အဟန္႔သေဘာေပါ့ဗ်ာ”ဟု မဟာမိတ္ (၄)ဖြဲ႕ႏွင့္ အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ၾကား ေဆြးေႏြးပြဲမ်ားျဖစ္ေျမာက္ေရး လုိက္ပါေဆာင္ရြက္ေပးေနသည့္ ကခ်င္ၿငိမ္းခ်မ္းေရးအက်ိဳးေဆာင္တစ္ဦးျဖစ္သူ ဦးလမိုင္ဂြမ္ဂ်ာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုေဆြးေႏြးပြဲသို႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာန(NRPC) မွ ဒုဥကၠဌ ဦးထြန္းထြန္းဦး ဦးေဆာင္ၿပီး တပ္မေတာ္သားကိုယ္စားလွယ္မ်ားျဖစ္သည့္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး(ၾကည္း)မွ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ ၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မင္းေနာင္၊ ဒုတိယဗိုလ္ခ်ဳပ္ႀကီး တင္ေမာင္ဝင္း၊ ၿငိမ္းခ်မ္းေရးေကာ္မရွင္ ဒုတိယဥကၠဌ ဦးသိန္းေဇာ္၊အတြင္းေရးမွဴး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ဦးခင္ေဇာ္ဦး (အၿငိမ္းစား)၊ အႀကံေပးအဖြဲ႕ဝင္ ဦးမိုးေဇာ္ဦး၊ ႏုိင္ငံေတာ္သမၼတရံုး ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေဇာ္ေဌး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ နယ္စပ္ေရးရာႏွင့္ လံုၿခံဳေရးဝန္ႀကီး ဗိုလ္မွဴးႀကီး လွဦး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမွဴး ဦးစိုးစိုးေဇာ္၊ အက်ိဳးေဆာင္ ဦးသက္ႏုိင္တုိ႔ ပါဝင္သည့္အဖြဲ႕ တက္ေရာက္ျခင္းျဖစ္သည္။

ေျမာက္ပိုင္းမဟာမိတ္အဖြဲ႔တြင္ KIO/KIA မွ KIO အေထြေထြအတြင္းေရးမွဴး ဦးကြမ္ထပ္ထိန္နန္၊ KIC အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္ေရာ္၊ ဒုစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ေခါင္လြမ္းႏွင့္ စစ္ဦးစီးအရာရိွခ်ဳပ္ ဗုိလ္မွဴးခ်ဳပ္ ေဇာ္ေတာင္ဦးေဆာင္သည့္အဖြဲ႕၊ MNTJP/ MNDAA မွ ဒုစစ္ဦးစီးခ်ဳပ္ ရန္ဝင္က်ဳံး၊ ျပင္ပဆက္ဆံေရးဌာနမွဴး ဖုန္ဝင္းနုိင္ႏွင့္ ျပင္ပဆက္ဆံေရးဌာန ရံုးတာဝန္ခံ လီၾကားခြမ္းတုိ႔ဦးေဆာင္သည့္အဖြဲ႔၊ PSLF/TNLA မွ အေထြေထြအတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ တားဘုန္းေက်ာ္ႏွင့္ မဟာမိတ္ ဆက္ဆံေရးရံုး အရာရိွ ဒုဗိုလ္မွဴးႀကီး တားအိုက္ထြန္း ဦးေဆာင္သည့္အဖြဲ႔၊ ULA/AA မွ အေထြေထြ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္၊ အတြင္းေရးမွဴး (၁) ဗိုလ္မွဴးႀကီးေက်ာ္ဟန္ ဦးေဆာင္သည့္အဖြဲ႔တို႔ တက္ေရာက္လာၾကျခင္း ျဖစ္သည္။

ၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ အပစ္ရပ္သေဘာတူညီခ်က္လက္မွတ္မထိုးရေသးသည့္ ေျမာက္ပိုင္းမဟာမိတ (၄)ဖြဲ႕ျဖစ္ေသာ ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA ႏွင့္ KIO/KIA တုိ႔၏ စက္တင္ဘာလ (၁၇)ရက္ေန႔ ေဆြးေႏြးပြဲမွာ (၆)ႀကိမ္ေျမာက္ျဖစ္ၿပီး  ၂၀၁၉ ခုႏွစ္အတြင္း ဇန္နဝါရီလ (၂၁)ရက္ေန႔တြင္ တရုတ္ႏုိင္ငံ ကူမင္းၿမိဳ႕၊ ေဖေဖၚဝါရီလ (၂၅)ရက္ေန႔တြင္ တရုတ္ႏုိင္ငံ ကူမင္းၿမိဳ႕၊ မတ္လ (၂၁)ရက္ေန႔တြင္ ေနျပည္ေတာ္၊ ဧၿပီလ (၃၀)ရက္ေန႔တြင္ မူဆယ္ႏွင့္ ၾသဂုတ္လ (၃၁)ရက္ေန႔တြင္ က်ိဳင္းတံုၿမိဳ႕တို႔၌ ေဆြးေႏြးခဲ့ၾကျခင္းျဖစ္သည္။

Tachileik News Agency

 


~~~~~~~~⊰❂ Unicode Version ~~~~~~~~

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့ကြား ဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံက ပံ့ပိုးကူညီပေးမှုများရှိသော်လည်း ဆွေးနွေးမှုများတွင် ကြားဝင်ညှိနှိုင်းခြင်းမရှိကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ Amazing Kengtong Resort တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၇)ရက်နေ့က ကျင်းပသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)နှင့် အပစ်မရပ်ရသေးသည့် မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့တို့၏ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြုပြောကြားခဲ့ခြင်းဖြစ်သည်။

 “ကျွန်တော်တို့ကတော့ သူတို့နဲ့ (မဟာမိတ် ၄ ဖွဲ့) တိုက်ရိုက်ညှိပါတယ်။ တရုတ်ပါလာတဲ့အဖွဲ့က သွားရေး၊ လာရေးပေါ့။ သူတို့အဆင်ပြေအောင် ပံ့ပိုးကူညီတဲ့အပိုင်းလို့ ကျွန်တော်တို့က အဲဒီလိုပဲမြင်တယ်။ တကယ်ဆွေးနွေးတာက သူတို့နဲ့ ကျွန်တော်တို့ ဆွေးနွေးတာ။ တရုတ်နဲ့ ဆွေးနွေးတာမဟုတ်ဘူး။ ကြားခံညှိနှိုင်းဖို့လည်း ဆွေးနွေးတာမရှိပါဘူး”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက တာချီလိတ်သတင်းအေဂျင်စီ၏ မေးမြန်းချက်ကို ပြန်လည်ဖြကြေားသည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် ပဏာမအပစ်ရပ်မရေးထိုးရသေးသည့် မြောက်ပိုင်းမဟာမိတ် (၄)ဖွဲ့ဖြစ်သော AA၊ TNLA၊ MNDAA နှင့် KIA တို့ကြား ဆွေးနွေးပွဲများကို တရုတ်နိုင်ငံ ကူမင်းမြို့တွင် စတင်ခဲ့ပြီး ကျိုင်းတုံမြို့တွင် ကျင်းပသည့် ဆွေးနွေးပွဲ နှစ်ကြိမ်လုံးအတွက်ကိုလည်း မဟာမိတ် (၄)ဖွဲ့လုံခြုံရေးအတွက် တရုတ်နိုင်ငံ ယူနန်ရဲတပ်ဖွဲ့က လိုက်ပါပေးခဲ့သည်ကို တွေ့ရခြင်းဖြစ်သည်။

“ကျွန်တော်တို့ ဆွေးနွေးတဲ့အထဲမှာ တရုတ်ပါဝင်ပြီးတော့ ဆွေးနွေးတာတော့ မရှိဘူး။ တရုတ်က ပါဝင်ကူညီပေးတာက ဆိုတော့ အခုလောလောဆယ်ဆယ်မှာ မြောက်ပိုင်းဘက်မှာ တိုက်ပွဲက ပြင်းပြင်းထန်ထန်ဖြစ်နေတော့ အစိုးရဘက်က တွေ့ဆုံဆွေးနွေးမယ့်နေရာကို ရွေးတဲ့အချိန်မှာ အခက်အခဲရှိတာပေါ့။ အစိုးရဖက်က ရွေးတဲ့နေရာမှာ မြောက်ပိုင်းအဖွဲ့က လာဖို့ဆိုရာမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် စိုးရိမ်မှုတွေရှိနေတယ်။ အဲဒီလိုဖြစ်နေတဲ့အချိန်မှာ တရုတ်အစိုးရကနေ ကြားဝင်ပြီးတော့မှ အခုကျိုင်းတုံဆွေးနွေးပွဲမှာ တရုတ်ဘက်ကနေ လက်နက်နဲ့ ဘာနဲ့လုံခြုံရေးယူပေးတဲ့ သဘောမဟုတ်ဘဲ တရုတ်ရဲတွေက အရပ်ဝတ်နဲ့ လိုက်ပါပေးတာမျိုးလုပ်ပေးတယ်။ အဟန့်သဘောပေါ့ဗျာ”ဟု မဟာမိတ် (၄)ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်ကြား ဆွေးနွေးပွဲများဖြစ်မြောက်ရေး လိုက်ပါဆောင်ရွက်ပေးနေသည့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးလမိုင်ဂွမ်ဂျာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံဆွေးနွေးပွဲသို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) မှ ဒုဥက္ကဌ ဦးထွန်းထွန်းဦး ဦးဆောင်ပြီး တပ်မတော်သားကိုယ်စားလှယ်များဖြစ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဌ ဦးသိန်းဇော်၊အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဦးခင်ဇော်ဦး (အငြိမ်းစား)၊ အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး လှဦး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ အကျိုးဆောင် ဦးသက်နိုင်တို့ ပါဝင်သည့်အဖွဲ့ တက်ရောက်ခြင်းဖြစ်သည်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွင် KIO/KIA မှ KIO အထွေထွေအတွင်းရေးမှူး ဦးကွမ်ထပ်ထိန်နန်၊ KIC အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်ရော်၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ခေါင်လွမ်းနှင့် စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် ဇော်တောင်ဦးဆောင်သည့်အဖွဲ့၊ MNTJP/ MNDAA မှ ဒုစစ်ဦးစီးချုပ် ရန်ဝင်ကျုံး၊ ပြင်ပဆက်ဆံရေးဌာနမှူး ဖုန်ဝင်းနိုင်နှင့် ပြင်ပဆက်ဆံရေးဌာန ရုံးတာဝန်ခံ လီကြားခွမ်းတို့ဦးဆောင်သည့်အဖွဲ့၊ PSLF/TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်းကျော်နှင့် မဟာမိတ် ဆက်ဆံရေးရုံး အရာရှိ ဒုဗိုလ်မှူးကြီး တားအိုက်ထွန်း ဦးဆောင်သည့်အဖွဲ့၊ ULA/AA မှ အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဒေါက်တာညိုထွန်းအောင်၊ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီးကျော်ဟန် ဦးဆောင်သည့်အဖွဲ့တို့ တက်ရောက်လာကြခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်သဘောတူညီချက်လက်မှတ်မထိုးရသေးသည့် မြောက်ပိုင်းမဟာမိတ (၄)ဖွဲ့ဖြစ်သော ULA/AA၊ PSLF/TNLA၊ MNTJP/ MNDAA နှင့် KIO/KIA တို့၏ စက်တင်ဘာလ (၁၇)ရက်နေ့ ဆွေးနွေးပွဲမှာ (၆)ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလ (၂၁)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့တွင် တရုတ်နိုင်ငံ ကူမင်းမြို့၊ မတ်လ (၂၁)ရက်နေ့တွင် နပြေည်တော်၊ ဧပြီလ (၃၀)ရက်နေ့တွင် မူဆယ်နှင့် သြဂုတ်လ (၃၁)ရက်နေ့တွင် ကျိုင်းတုံမြို့တို့၌ ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net