တာခ်ီလိတ္တြင္ အရက္မူးၿပီး ဂိမ္းခံုကိုဓါးျဖင့္ဝင္ခုတ္သူအား သြားေရာက္ထိန္းသိမ္းသည့္ ရဲတပ္ဖြဲ႕ကို ျပန္လည္ခုခံ၍ ပစ္ခတ္ဖမ္းဆီးရ

တာခ်ီလိတ္တြင္ အရက္မူးၿပီး ဂိမ္းခံုကိုဓါးျဖင့္ဝင္ခုတ္သူအား သြားေရာက္ထိန္းသိမ္းသည့္ ရဲတပ္ဖြဲ႕ကို ျပန္လည္ခုခံ၍ ပစ္ခတ္ဖမ္းဆီးရ
စက်တင်ဘာ 26, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဂိမ္းခံုအား ဓါးျဖင့္ဝင္ခုတ္သူတစ္ဦးကို အရက္မူးၿပီး ရပ္ကြက္ အတြင္း ေသာင္းက်န္းေနသည္ဟု ရဲတပ္ဖြဲ႕ထံတုိင္ၾကားသျဖင့္ သြားေရာက္ဖမ္းဆီးစဥ္ မူးရစ္ေသာင္းက်န္းေနသူက ရဲတပ္ၾကပ္တစ္ဦးအား   ရိုက္ႏွက္ထြက္ေျပးသျဖင့္ ရဲတပ္ဖြဲ႔က ပစ္ခတ္ဖမ္းဆီးလုိက္ရေၾကာင္း သိရသည္။

ပုန္းထြန္ရပ္ကြက္ရွိ ၿမိဳ႕မသခ်ဳႋင္းအနီးတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၅) ရက္ေန႔ ည (၁၁)နာရီ (၄၅)မိနစ္အခ်ိန္တြင္ အရက္ပုလင္းကိုင္၍ မူးယစ္ၿပီး အမ်ားသူငါအေႏွာင့္အယွက္ျဖစ္ေစရန္ ဆူပူေသာင္းက်န္းေနသျဖင့္ လာေရာက္ထိန္းသိမ္းေပးရန္ ရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔လာျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သြားေရာက္ထိန္းသိမ္းရာ အသက္ (၂၉)ႏွစ္အရြယ္ သန္းေဇာ္ဆိုသူက လာေရာက္ထိန္းသိမ္းသည့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား အရက္ပုလင္းျဖင့္ ဝင္ေရာက္ရိုက္ႏွက္သျဖင့္ ရဲတပ္ဖြဲ႕ဝင္တစ္ဦးတြင္ ေမးေစ့ေအာက္ ေပါက္ၿပဲဒဏ္ရာရသြားေၾကာင္း သိရသည္။

ယင္းေနာက္ သန္းေဇာ္က ထြက္ေျပးသျဖင့္ ေျခာက္လွန္႔ပစ္ခတ္ဖမ္းဆီးရာ တင္ပါးတြင္ ဒဏ္ရာရသြားသျဖင့္ တာခ်ီလိတ္ခရိုင္ေဆးရံု၌ ေဆးကုသမႈေပးထားရေၾကာင္း သိရသည္။

တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းအား ထိခိုက္ဒဏ္ရာရေစမႈျဖင့္ သန္းေဇာ္အား တာခ်ီလိတ္ၿမိဳ႕မ ရဲစခန္းတြင္ (ပ) ၅၃၅/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၃၃၂ ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဂိမ်းခုံအား ဓားဖြင့်ဝင်ခုတ်သူတစ်ဦးကို အရက်မူးပြီး ရပ်ကွက် အတွင်း သောင်းကျန်းနေသည်ဟု ရဲတပ်ဖွဲ့ထံတိုင်ကြားသဖြင့် သွားရောက်ဖမ်းဆီးစဉ် မူးရစ်သောင်းကျန်းနေသူက ရဲတပ်ကြပ်တစ်ဦးအား ရိုက်နှက်ထွက်ပြေးသဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးလိုက်ရကြောင်း သိရသည်။

ပုန်းထွန်ရပ်ကွက်ရှိ မြို့မသင်္ချိုင်းအနီးတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့ ည (၁၁)နာရီ (၄၅)မိနစ်အချိန်တွင် အရက်ပုလင်းကိုင်၍ မူးယစ်ပြီး အများသူငါအနှောင့်အယှက်ဖြစ်စေရန် ဆူပူသောင်းကျန်းနေသဖြင့် လာရောက်ထိန်းသိမ်းပေးရန် ရဲတပ်ဖွဲ့ထံ သတင်းပေးပို့လာခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သွားရောက်ထိန်းသိမ်းရာ အသက် (၂၉)နှစ်အရွယ် သန်းဇော်ဆိုသူက လာရောက်ထိန်းသိမ်းသည့် ရဲတပ်ဖွဲ့ဝင်များအား အရက်ပုလင်းဖြင့် ဝင်ရောက်ရိုက်နှက်သဖြင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးတွင် မေးစေ့အောက် ပေါက်ပြဲဒဏ်ရာရသွားကြောင်း သိရသည်။

ယင်းနောက် သန်းဇော်က ထွက်ပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ တင်ပါးတွင် ဒဏ်ရာရသွားသဖြင့် တာချီလိတ်ခရိုင်ဆေးရုံ၌ ဆေးကုသမှုပေးထားရကြောင်း သိရသည်။

တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအား ထိခိုက်ဒဏ်ရာရစေမှုဖြင့် သန်းဇော်အား တာချီလိတ်မြို့မ ရဲစခန်းတွင် (ပ) ၅၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၃၂ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net