ထုိင္းဘက္တြင္ ျပစ္ဒဏ္ေစ့သည့္ ျမန္မာႏုိင္ငံသား (၂၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ

ထုိင္းဘက္တြင္ ျပစ္ဒဏ္ေစ့သည့္ ျမန္မာႏုိင္ငံသား (၂၇)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္းလာ
စက်တင်ဘာ 27, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံဘက္သို႔ တရားမဝင္ ဝင္ေရာက္သြားၿပီး ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသား (၂၇) ဦး ျပစ္ဒဏ္ေစ့၍ ျမန္မာႏိုင္ငံ၊ တာခ်ီလိတ္ဘက္သို႔ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂၇)ရက္ေန႔ နံနက္ (၁၁)နာရီဝန္းက်င္က ထုိင္းတာဝန္ရိွသူမ်ားက လႊဲေျပာင္းေပးလာသည္။

ျပန္လည္လႊဲေျပာင္းေပးလာသည့္ အမ်ိဳးသား (၁၈)ဦးႏွင့္ အမ်ိဳးသမီး (၉)ဦးတုိ႔သည္ ရွမ္းျပည္နယ္အတြင္းမွျဖစ္ၾကၿပီး ထုိင္းႏုိင္ငံတြင္းသို႔  သြားေရာက္ခြင့္ျပဳထားသည့္ နယ္ေျမထက္ေက်ာ္လြန္သြားလာမႈ၊ တရားမဝင္ ဝင္ေရာက္မႈတို႔ျဖင့္ ဖမ္းဆီးခံရကာ ျပစ္ဒဏ္က်ခံရၿပီးေနာက္ ျမန္မာဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးခံရျခင္းျဖစ္သည္။

တာခ်ီလိတ္မွ မယ္ဆိုင္သို႔ သြားရန္အတြက္ နယ္စပ္ျဖတ္သန္းလက္မွတ္မ်ားအျဖစ္ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ ( Border Pass ) ႏွင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(Temporary Border Pass)တို႔ျပဳလုပ္ရာတြင္ အဆိုပါ လက္မွတ္မ်ားသည္ ထိုင္းႏုိင္ငံ မယ္ဆိုင္ၿမိဳ႕အထြက္ ဘန္႔ထန္႔ဂိတ္ကို ေက်ာ္လြန္၍ သြားေရာက္ျခင္းမရွိေၾကာင္း ႏွင့္ သတ္မွတ္နယ္ေျမထက္ ေက်ာ္လြန္သြားပါက  အေရးယူခံရမည္ျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံဘက္မွ မယ္ဆုိင္ လဝကအရာရိွ Somsak Singkham ဦးစီးသည့္အဖြဲ႕က လႊဲေျပာင္းေပးအပ္ရာတြင္ ျမန္မာဘက္မွ ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ အလုပ္သမား လူဝင္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္ အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဝင်ရောက်သွားပြီး ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၂၇) ဦး ပြစ်ဒဏ်စေ့၍ မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်သို့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက်နေ့ နံနက် (၁၁)နာရီဝန်းကျင်က ထိုင်းတာဝန်ရှိသူများက လွှဲပြောင်းပေးလာသည်။

ပြန်လည်လွှဲပြောင်းပေးလာသည့် အမျိုးသား (၁၈)ဦးနှင့် အမျိုးသမီး (၉)ဦးတို့သည် ရှမ်းပြည်နယ်အတွင်းမှဖြစ်ကြပြီး ထိုင်းနိုင်ငံတွင်းသို့ သွားရောက်ခွင့်ပြုထားသည့် နယ်မြေထက်ကျော်လွန်သွားလာမှု၊ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခံရပြီးနောက် မြန်မာဘက်သို့ ပြန်လည်လွှဲပြောင်းပေးခံရခြင်းဖြစ်သည်။

တာချီလိတ်မှ မယ်ဆိုင်သို့ သွားရန်အတွက် နယ်စပ်ဖြတ်သန်းလက်မှတ်များအဖြစ် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass)တို့ပြုလုပ်ရာတွင် အဆိုပါ လက်မှတ်များသည် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အထွက် ဘန့်ထန့်ဂိတ်ကို ကျော်လွန်၍ သွားရောက်ခြင်းမရှိကြောင်း နှင့် သတ်မှတ်နယ်မြေထက် ကျော်လွန်သွားပါက အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံဘက်မှ မယ်ဆိုင် လဝကအရာရှိ Somsak Singkham ဦးစီးသည့်အဖွဲ့က လွှဲပြောင်းပေးအပ်ရာတွင် မြန်မာဘက်မှ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက်ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net