သီတင္းကြ်တ္လျပည့္ညတြင္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္၌ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲ က်င္းပမည္

သီတင္းကြ်တ္လျပည့္ညတြင္ တာခ်ီလိတ္ေရႊတိဂံုေစတီေတာ္ရင္ျပင္၌ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲ က်င္းပမည္
စက်တင်ဘာ 23, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ေရႊတိဂံုဘုရားရင္ျပင္ေတာ္ေပၚတြင္ သီတင္းကြ်တ္လျပည့္ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲ က်င္းပျပဳလုပ္ရန္အတြက္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ စုေပါင္းရံုးတြင္ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၃)ရက္ေန႔ နံနက္က ေဆြးေႏြးခဲ့ၾကသည္။

ေဒသအုပ္ခ်ဳပ္ေရးဆိုင္ရာ ဌာနဆိုင္ရာမ်ားႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား စုေပါင္းက ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁၃)ရက္ေန႔ သီတင္းကြ်တ္လျပည့္ေန႔ညတြင္ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲ  က်င္းပျပဳလုပ္မည္ျဖစ္သည္။

မီးထြန္းပြဲမက်င္းပမီ ေအာက္တိုဘာလ(၉)ရက္ေန႔တြင္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္စုေပါင္းရံုးရွိ ဓမၼာရံုတြင္ ပ႒ာန္းရြတ္ၿပိဳင္ပြဲအား က်င္းပျပဳလုပ္မည္ျဖစ္ၿပီး ၿပိုင္ပြဲ၏ ဆုေပးပြဲအား အဆိုပါ ဓမၼာရံုတြင္ ေအာက္တိုဘာလ(၁၀)ရက္ေန႔၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

ဆီမီးတစ္ေထာင္ပူေဇာ္ပြဲ ႏွင့္ ပ႒ာန္းရြတ္ၿပိဳင္ပြဲ က်င္းပႏုိင္ေရးအတြက္ တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အပါအ၀င္ လုပ္ငန္းရွင္မ်ားႏွင့္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)သတၱဳလုပ္ငန္းရွင္မ်ားအသင္းက စုေပါင္းေငြလွူဒါန္းထားေၾကာင္း သိရသည္။

ေအာက္တိုဘာလ(၁၃)ရက္ေန႔ သီတင္းကြ်တ္လျပည့္ေန႔ ညပိုင္းတြင္ တာခ်ီလိတ္ေရႊတိဂံုဘုရားရင္ျပင္ေတာ္ေပၚ၌ ဆီမီးတစ္ေထာင္ပူေဇာ္ပြဲ က်င္းပျပဳလုပ္ရန္အတြက္ ေအာက္တိုဘာလ(၁၂)ရက္ေန႔ နံနက္ပိုင္းတြင္ ရင္ျပင္ေတာ္ေပၚ၌ စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္မည္ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ တာချီလိတ်ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်တွင် သီတင်းကျွတ်လပြည့် ဆီမီးတစ်ထောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ရန်အတွက် တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့ နံနက်က ဆွေးနွေးခဲ့ကြသည်။

ဒေသအုပ်ချုပ်ရေးဆိုင်ရာ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ၊ စီးပွားရေးလုပ်ငန်းရှင်များ စုပေါင်းက ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁၃)ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ညတွင် ဆီမီးတစ်ထောင်ပူဇော်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်သည်။

မီးထွန်းပွဲမကျင်းပမီ အောက်တိုဘာလ(၉)ရက်နေ့တွင် တာချီလိတ်ခရိုင်/မြို့နယ်စုပေါင်းရုံးရှိ ဓမ္မာရုံတွင် ပဋ္ဌာန်းရွတ်ပြိုင်ပွဲအား ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲ၏ ဆုပေးပွဲအား အဆိုပါ ဓမ္မာရုံတွင် အောက်တိုဘာလ(၁၀)ရက်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဆီမီးတစ်ထောင်ပူဇော်ပွဲ နှင့် ပဋ္ဌာန်းရွတ်ပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် လုပ်ငန်းရှင်များနှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)သတ္တုလုပ်ငန်းရှင်များအသင်းက စုပေါင်းငွေလှူဒါန်းထားကြောင်း သိရသည်။

အောက်တိုဘာလ(၁၃)ရက်နေ့ သီတင်းကျွတ်လပြည့်နေ့ ညပိုင်းတွင် တာချီလိတ်ရွှေတိဂုံဘုရားရင်ပြင်တော်ပေါ်၌ ဆီမီးတစ်ထောင်ပူဇော်ပွဲ ကျင်းပပြုလုပ်ရန်အတွက် အောက်တိုဘာလ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရင်ပြင်တော်ပေါ်၌ စုပေါင်းသန့်ရှင်းရေး ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net