သီေပါၿမိဳ႕ရွိ ေရေဟာ္ ဘ/ကေက်ာင္းတြင္ ေက်ာင္းသားအား ရိုက္ႏွက္ခဲ့သည့္ ဘုန္းေတာ္ႀကီးအား စာသင္ခြင့္ပိတ္ပင္

သီေပါၿမိဳ႕ရွိ ေရေဟာ္ ဘ/ကေက်ာင္းတြင္ ေက်ာင္းသားအား ရိုက္ႏွက္ခဲ့သည့္ ဘုန္းေတာ္ႀကီးအား စာသင္ခြင့္ပိတ္ပင္
သြဂုတ် 15, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ ( ေျမာက္ပိုင္း ) သီေပါၿမိဳ႕ရိွ ေရေဟာ္ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတြင္ အသက္(၈)ႏွစ္အရြယ္ ေက်ာင္းသားတစ္ဦးကို ဝါယာႀကိဳးျဖင့္ ရိုက္ႏွက္အျပစ္ေပးသည့္ စာသင္ဘုန္းေတာ္ႀကီးအား ၂၀၁၉ ခုနွစ္၊ ၾသဂုတ္လ (၁၄) ရက္ေန႔မွစ၍ စာသင္ၾကားခြင့္ ပိတ္ပင္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

"အဲဒီ ဘ/ကေက်ာင္းက ဦးဇင္းတို႔ရဲ့အုပ္ခ်ဳပ္မႈေအာက္မွာရွိတာဆိုေတာ့ ဒီေန႔ သက္ဆိုင္သူေတြနဲ႔ ေတြ႔ဆံု ေဆြးေႏြးပြဲမွာ ကေလးေတြကို ရိုက္ႏွက္ခဲ့တာအတြက္ ေတာင္းပန္ေပးခဲ့တယ္။ ရိုက္တဲ့ သံဃာကလည္း အဲဒီေက်ာင္းမွာ စာသင္ၾကားခဲ့ၿပီး အခုဆို တကၠသိုလ္ ေနာက္ဆံုးႏွစ္ေတာင္ တက္ေနၿပီ။ တကၠသိုလ္တက္ ေနရင္း ကေလး (၁၈၀) ဦးေလာက္ကို သူက စာသင္ေပးေနတာပါ။ အျပစ္ေပးတဲ့အေနနဲ႔ စာသင္ခြင့္ လံုးဝပိတ္ပင္လိုက္ပါတယ္"  ဟု ေရေဟာ္ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းမ်ား၏ တာဝန္ရွိသူျဖစ္သည့္ ဆရာေတာ္ဦးပညာသီရိက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ မိန္႔သည္။

အဆိုပါ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္းတြင္ ၾသဂုတ္လ (၁၃) ရက္ေန႔ မြန္းလြဲပိုင္းက စာသင္ၾကားေနစဥ္ ဆူညံေနသည့္ ေက်ာင္းသားႏွစ္ဦးအား စာသင္ေပးေနသည့္ ဘုန္းေတာ္ႀကီးက ဝါယာႀကိဳးျဖင့္ ရိုက္ႏွက္အျပစ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ကေလးက အဲဒီေက်ာင္းမွာ KG တန္းကတည္းက တက္လာခဲ့တာ။ မေန႔ကေတာ့ စာသင္ခ်ိန္ေျပာင္းခါနီးမွာ ဆူညံေနလို႔ဆိုၿပီး ကၽြန္မသားနဲ႔ တစ္ျခားကေလးတစ္ဦး အျပစ္ေပးခံရတယ္လို႔ သိရတယ္။ ဝါယာႀကိဳးနဲ႔ ရိုက္တာဆိုေတာ့ ဒဏ္ရာကမ်ားတယ္။ ေဆးခန္းလဲ ျပေပးထားတယ္။ တိုင္တန္းတာေတြ မလုပ္ေတာ့ပါဘူး။ ကေလးေတြကိုေတာ့ အဲဒီလို မရိုက္ေစခ်င္ေတာ့ဘူး"ဟု ရိုက္ခံရသည့္ ကေလးျဖစ္သူ၏ မိခင္ မနန္း က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၾသဂုတ္လ (၁၄) ရက္ေန႔က ေျပာသည္။

အဆိုပါ ကိစၥအတြက္ ဘ/က ေက်ာင္း တာဝန္ရွိသူမ်ား၊ ပညာေရးဌာနမွွတာဝန္ရွိသူမ်ား၊ ရပ္/ေက်း အုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ား၊ အသိသက္ေသႏွင့္ ကေလး၏မိသားစုမ်ား ၾသဂုတ္လ (၁၄) ရက္ေန႔ နံနက္ပိုင္းက ေတြ႔ဆံု ေဆြးေႏြးခဲ့ၿပီး ကေလးအား ရိုက္ႏွက္ခဲ့ျခင္းအတြက္ ေက်ာင္းတာဝန္ရွိသူမ်ားက ေတာင္းပန္ခဲ့ကာ ကေလး မိဘ ျဖစ္သူကလည္း ေက်ေအးေပးခဲ့သည္ဟု သိရသည္။

အဆိုပါ ဘုန္းေတာ္ႀကီးသင္ ပညာေရး ေရေဟာ္ေက်ာင္းကို ၂၀၀၁ ခုႏွစ္က စတင္ဖြင့္လွစ္ခဲ့ျခင္းျဖစ္ၿပီး ႏွစ္စဥ္ သံဃာ/ ေက်ာင္းသား ပ်မ္းမ်ွ (၅၀၀) ဦးခန္႔အား အၿငိမ္းစား ဆရာ/ဆရာမ (၁၀) ဦး၊ စာခ်သံဃာ (၂) ဦးျဖင့္ သင္ၾကားေပးေနျခင္းျဖစ္ကာ လက္ရွိစာသင္ႏွစ္တြင္ မူလတန္းမွ နဝမတန္းအထိ စာသင္ၾကားေနသည့္ ေက်ာင္းသား/သံဃာ စုစုေပါင္း (၆၂၄) ဦးရွိေနသည္။

Tachileik News Agency
သတင္း -  ေနၿဖိဳးျမင့္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် ( မြောက်ပိုင်း ) သီပေါမြို့ရှိ ရေဟော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် အသက်(၈)နှစ်အရွယ် ကျောင်းသားတစ်ဦးကို ဝါယာကြိုးဖြင့် ရိုက်နှက်အပြစ်ပေးသည့် စာသင်ဘုန်းတော်ကြီးအား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၄) ရက်နေ့မှစ၍ စာသင်ကြားခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

"အဲဒီ ဘ/ကကျောင်းက ဦးဇင်းတို့ရဲ့အုပ်ချုပ်မှုအောက်မှာရှိတာဆိုတော့ ဒီနေ့ သက်ဆိုင်သူတွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲမှာ ကလေးတွေကို ရိုက်နှက်ခဲ့တာအတွက် တောင်းပန်ပေးခဲ့တယ်။ ရိုက်တဲ့ သံဃာကလည်း အဲဒီကျောင်းမှာ စာသင်ကြားခဲ့ပြီး အခုဆို တက္ကသိုလ် နောက်ဆုံးနှစ်တောင် တက်နပြေီ။ တက္ကသိုလ်တက် နေရင်း ကလေး (၁၈၀) ဦးလောက်ကို သူက စာသင်ပေးနေတာပါ။ အပြစ်ပေးတဲ့အနေနဲ့ စာသင်ခွင့် လုံးဝပိတ်ပင်လိုက်ပါတယ်" ဟု ရေဟော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၏ တာဝန်ရှိသူဖြစ်သည့် ဆရာတော်ဦးပညာသီရိက တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်သည်။

အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် သြဂုတ်လ (၁၃) ရက်နေ့ မွန်းလွဲပိုင်းက စာသင်ကြားနေစဉ် ဆူညံနေသည့် ကျောင်းသားနှစ်ဦးအား စာသင်ပေးနေသည့် ဘုန်းတော်ကြီးက ဝါယာကြိုးဖြင့် ရိုက်နှက်အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကလေးက အဲဒီကျောင်းမှာ KG တန်းကတည်းက တက်လာခဲ့တာ။ မနေ့ကတော့ စာသင်ချိန်ပြောင်းခါနီးမှာ ဆူညံနေလို့ဆိုပြီး ကျွန်မသားနဲ့ တစ်ခြားကလေးတစ်ဦး အပြစ်ပေးခံရတယ်လို့ သိရတယ်။ ဝါယာကြိုးနဲ့ ရိုက်တာဆိုတော့ ဒဏ်ရာကများတယ်။ ဆေးခန်းလဲ ပြပေးထားတယ်။ တိုင်တန်းတာတွေ မလုပ်တော့ပါဘူး။ ကလေးတွေကိုတော့ အဲဒီလို မရိုက်စေချင်တော့ဘူး"ဟု ရိုက်ခံရသည့် ကလေးဖြစ်သူ၏ မိခင် မနန်း က တာချီလိတ်သတင်းအေဂျင်စီသို့ သြဂုတ်လ (၁၄) ရက်နေ့က ပြောသည်။

အဆိုပါ ကိစ္စအတွက် ဘ/က ကျောင်း တာဝန်ရှိသူများ၊ ပညာရေးဌာနမှတာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ အသိသက်သေနှင့် ကလေး၏မိသားစုများ သြဂုတ်လ (၁၄) ရက်နေ့ နံနက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ကလေးအား ရိုက်နှက်ခဲ့ခြင်းအတွက် ကျောင်းတာဝန်ရှိသူများက တောင်းပန်ခဲ့ကာ ကလေး မိဘ ဖြစ်သူကလည်း ကျေအေးပေးခဲ့သည်ဟု သိရသည်။

အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေး ရေဟော်ကျောင်းကို ၂၀၀၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် သံဃာ/ ကျောင်းသား ပျမ်းမျှ (၅၀၀) ဦးခန့်အား အငြိမ်းစား ဆရာ/ဆရာမ (၁၀) ဦး၊ စာချသံဃာ (၂) ဦးဖြင့် သင်ကြားပေးနခြေင်းဖြစ်ကာ လက်ရှိစာသင်နှစ်တွင် မူလတန်းမှ နဝမတန်းအထိ စာသင်ကြားနေသည့် ကျောင်းသား/သံဃာ စုစုပေါင်း (၆၂၄) ဦးရှိနေသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net