နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ အမည္မသိ အမ်ဳိးသားတစ္ဦး ဓါးျဖင့္ အသတ္ခံရ

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္ အမည္မသိ အမ်ဳိးသားတစ္ဦး ဓါးျဖင့္ အသတ္ခံရ
သြဂုတ် 3, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕အထြက္တြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃)ရက္ေန႔ ညေနပိုင္းက  ဓါးဒဏ္ရာမ်ားျဖင့္ အမည္မသိ အမ်ဳိးသားတစ္ဦးေသဆံုးေနသည္ကို ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

“ဝမ္လံုးဘက္ ရာဘာၿခံသြားတဲ့လမ္းဘက္က်မွာေပါ့ အဲဒီမွာ လူတစ္ေယာက္ေသေနတယ္။ ဓါးဒဏ္ရာလည္း ေတြ႔တယ္ဆိုၿပီး သတင္းပို႔လုိ႔ သြားစစ္ေနပါတယ္။ ေလာေလာဆယ္ ရုပ္အေလာင္းကို တာခ်ီလိတ္ေဆးရံုမွာ ပို႔ထားၿပီး စစ္ေဆးေနပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသဆံုးသူ အမ်ဳိးသား၏ ပါးစပ္၊ ပါးျပင္၊ လည္ပင္း ႏွင့္ ရင္ဘတ္တို႔တြင္ ဓါးဒဏ္ရာမ်ားရရွိထားသည္ကို စစ္ေဆးေတြ႔ရွိရေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕အထြက္၊ ဝမ္လံုးေက်းရြာအုပ္စု၊ ၀မ္လံုးေက်းရြာအတြင္း မိုးႏွင္းဘုရားအနီး ရာဘာၿခံေဘးတြင္ အသက္ (၂၀)ဝန္းက်င္အရြယ္ အမ်ဳိးသားတစ္ဦးကို ဓါးဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ေတြ႔ရၿပီး ရဲတပ္ဖြဲ႕က အခင္းျဖစ္ေနရာအား စစ္ေဆးၿပီးေနာက္ အဆိုပါ ရုပ္အေလာင္းအား  တာခ်ီလိတ္နာေရးကူညီမႈအသင္းက တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

အဆိုပါ လူသတ္မႈႏွင့္ပတ္သက္၍  အမႈဖြင့္စစ္ေဆးႏုိင္ေရးအတြက္ ဆက္လက္ေဆာင္ရြက္ေနဆဲျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့အထွက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့ ညနေပိုင်းက ဓားဒဏ်ရာများဖြင့် အမည်မသိ အမျိုးသားတစ်ဦးသေဆုံးနေသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ဝမ်လုံးဘက် ရာဘာခြံသွားတဲ့လမ်းဘက်ကျမှာပေါ့ အဲဒီမှာ လူတစ်ယောက်သေနေတယ်။ ဓားဒဏ်ရာလည်း တွေ့တယ်ဆိုပြီး သတင်းပို့လို့ သွားစစ်နေပါတယ်။ လောလောဆယ် ရုပ်အလောင်းကို တာချီလိတ်ဆေးရုံမှာ ပို့ထားပြီး စစ်ဆေးနေပါတယ်”ဟု တာချီလိတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေဆုံးသူ အမျိုးသား၏ ပါးစပ်၊ ပါးပြင်၊ လည်ပင်း နှင့် ရင်ဘတ်တို့တွင် ဓားဒဏ်ရာများရရှိထားသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

တာချီလိတ်မြို့အထွက်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ဝမ်လုံးကျေးရွာအတွင်း မိုးနှင်းဘုရားအနီး ရာဘာခြံဘေးတွင် အသက် (၂၀)ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးကို ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရပြီး ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာအား စစ်ဆေးပြီးနောက် အဆိုပါ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းက တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ အမှုဖွင့်စစ်ဆေးနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net