တာခ်ီလိတ္ၿမိဳ႕တြင္ အေျခခံပညာေက်ာင္းသူေက်ာင္းသားမ်ားအား လူကုန္ကူးမႈကာကြယ္ႏုိင္ေရး အသိပညာေပး

တာခ်ီလိတ္ၿမိဳ႕တြင္ အေျခခံပညာေက်ာင္းသူေက်ာင္းသားမ်ားအား လူကုန္ကူးမႈကာကြယ္ႏုိင္ေရး အသိပညာေပး
သြဂုတ် 13, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ  ေဟာင္လိတ္အထက္တန္းေက်ာင္းမွ ေက်ာင္းသား ေက်ာင္းသူမ်ားကို လူကုန္ကူးမႈကာကြယ္ႏုိင္ေရးအတြက္ အသိပညာေပးျခင္းကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၃)ရက္ေန႔က လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕က ေဆာင္ရြက္သည္ဟု သိရသည္။

အဆိုပါေက်ာင္းရိွ ဆရာ၊ဆရာမ၊ ေက်ာင္းသား၊ ေက်ာင္းသူေပါင္း (၁၁၀)ဦးကို လူကုန္ကူးခံရမႈျဖစ္စဥ္မ်ား၊ သက္ငယ္မုဒိမ္း၊ ကေလးသူငယ္ အၾကမ္းဖက္ခံရမႈမ်ားႏွင့္ပတ္သက္သည့္ သိသင့္သိထုိက္သည္မ်ားကို လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕မွ တပ္ဖြဲ႕စိတ္မွဴး ရဲမွဴး ရင္ရင္ေအးႏွင့္ ရဲအုပ္ လွဘုန္းတို႔က ရွင္းလင္းေျပာၾကားျခင္းျဖစ္ေၾကာင္း သိရသည္။

လူကုန္ကူးမႈဆုိင္ရာအသိပညာေပးလက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝျခင္းႏွင့္ ပညာေပးဇာတ္လမ္းျပသျခင္း တို႔ကိုလည္း ေဆာင္ရြက္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် အခြေခံပညာကျောင်းသူကျောင်းသားများအား လူကုန်ကူးမှုကာကွယ်နိုင်ရေး အသိပညာပေး
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  ဟောင်လိတ်အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများကို လူကုန်ကူးမှုကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၃)ရက်နေ့က လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဆောင်ရွက်သည်ဟု သိရသည်။

အဆိုပါကျောင်းရှိ ဆရာ၊ဆရာမ၊ ကျောင်းသား၊ ကျောင်းသူပေါင်း (၁၁၀)ဦးကို လူကုန်ကူးခံရမှုဖြစ်စဉ်များ၊ သက်ငယ်မုဒိမ်း၊ ကလေးသူငယ် အကြမ်းဖက်ခံရမှုများနှင့်ပတ်သက်သည့် သိသင့်သိထိုက်သည်များကို လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့စိတ်မှူး ရဲမှူး ရင်ရင်အေးနှင့် ရဲအုပ် လှဘုန်းတို့က ရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

လူကုန်ကူးမှုဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပညာပေးဇာတ်လမ်းပြသခြင်း တို့ကိုလည်း ဆောင်ရွက်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net