ကွတ်ခိုင်မြို့တွင် ပစ်ခတ်မှုအချို့ဖြစ်ပွားနေပြီး TNLA၊ AA နှင့် MNDAA တို့က လက်ကမ်းစာစောင်များဖြန့်ဝေနေ

ကွတ်ခိုင်မြို့တွင် ပစ်ခတ်မှုအချို့ဖြစ်ပွားနေပြီး TNLA၊ AA နှင့် MNDAA တို့က လက်ကမ်းစာစောင်များဖြန့်ဝေနေ
သွဂုတျ 17, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းမှစ၍ ပစ်ခတ်မှုအချို့ ဖြစ်ပွားနေပြီး ဒေသခံများနှင့် မော်တော်ယာဉ်မောင်းများကို TNLA၊ AA နှင့် MNDAA တို့က ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ နိုင်ငံရေး၊စစ်ရေးအခြေအနေရှင်းလင်းချက်လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြောင်း သိရသည်။



သိန်းနီ - ချင်းရွှေဟော်လမ်းပိုင်းမှ တံတား(၂)စင်း ပျက်ဆီးသွားသည့်အတွက် ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေးများ ရပ်တန့်သွားပြီး လားရှိုး - မန္တလေးလမ်းပိုင်းမှ ဂုတ်တွင်းတံတားမှာလည်း သြဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံထားရသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းဖြစ်သည်။

TNLA၊ AA နှင့် MNDAA အဖွဲ့များက သြဂုတ်လ (၁၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းက ကျောက်မဲမြို့အဝင်နှင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုး - မူဆယ်လမ်းပိုင်းရှိ ကွတ်ခိုင်မြို့အနီးနှင့် လားရှိုး - ချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းမှစ၍ ပစ်ခတ်မှုအချို့ ဖြစ်ပွားနပြေီး ဒေသခံများနှင့် မော်တော်ယာဉ်မောင်းများကို TNLA၊ AA နှင့် MNDAA တို့က ညီနောင်မဟာမိတ်(၃)ဖွဲ့တို့၏ နိုင်ငံရေး၊စစ်ရေးအခြေအနေရှင်းလင်းချက်လက်ကမ်းစာစောင်များ ဖြန့်ဝေနေကြောင်း သိရသည်။

“ ဒီမှာတော့ ဟိုနားပစ်လိုက် ဒီနားပစ်လိုက် ကြိုကြား ကြိုကြားတော့ ကြားနေတယ်။ တိုက်ပွဲဖြစ်တာမျိုးတော့ မဟုတ်ဘူး”ဟု ကျောက်မဲမြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နံနက် (၉)နာရီခွဲဝန်းကျင်တွင် ပြောကြားသည်။

ကျောက်မဲမြို့အနီးတွင်လည်း သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းက ပစ်ခတ်မှုအချို့ဖြစ်ပွားပြီး သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်း၌ ချင်းရွှေဟော်- သိန်းနီလမ်းပိုင်းမှ သိန်းနီနှင့် နမ့်စလပ်ကြား နမ့်တုန်ဆုန်ရွာအနီးမှ တံတား၊ နားတီးနှင့် ကွမ်းလုံကြား ဗြုံးတောင်တံတားတို့ မိုင်းခွဲဖျက်ဆီးခံရလိုက်ရကြောင်း သိရသည်။

သိန်းနီ - ချင်းရွှေဟော်လမ်းပိုင်းမှ တံတား(၂)စင်း ပျက်ဆီးသွားသည့်အတွက် ကုန်စည်နှင့် ခရီးသည် ပို့ဆောင်ရေးများ ရပ်တန့်သွားပြီး လားရှိုး - မန္တလေးလမ်းပိုင်းမှ ဂုတ်တွင်းတံတားမှာလည်း သြဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံထားရသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နခြေင်းဖြစ်သည်။

TNLA၊ AA နှင့် MNDAA အဖွဲ့များက သြဂုတ်လ (၁၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းက ကျောက်မဲမြို့အဝင်နှင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုး - မူဆယ်လမ်းပိုင်းရှိ ကွတ်ခိုင်မြို့အနီးနှင့် လားရှိုး - ချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနခြေင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net