အသစ္ျပင္ဆင္ဖြဲ႕စည္းရမည့္ တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီအတြက္ ၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕ဖြဲ႕ရန္ ျပင္ဆင္ေန

အသစ္ျပင္ဆင္ဖြဲ႕စည္းရမည့္ တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီအတြက္ ၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕ဖြဲ႕ရန္ ျပင္ဆင္ေန
သြဂုတ် 1, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ ၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕ ဖြဲ႕စည္းေရးႏွင့္ ၿမိဳ႕မီးလင္းေရးေကာ္မတီကို ဌာနဆုိင္ရာဝန္ထမ္းမ်ားမပါဘဲ ျပန္လည္ဖြဲ႕စည္းရန္ ျပည္နယ္အစိုးရ၏ ညႊန္ၾကားခ်က္ႏွင့္ပတ္သက္၍ သေဘာထား ဆႏၵရယူျခင္း ေဆြးေႏြးပြဲကို ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၃၁)ရက္ေန႔ ေန႔လယ္က က်င္းပသည္။

“ဒီေန႔ အစည္းအေဝးလုပ္မယ္။ ရပ္မိရပ္ဖအေနနဲ႔ တက္ေပးပါဆိုၿပီး အစည္းအေဝးဖိတ္လာလို႔ တက္တာေပါ့ေနာ္။ မီးလင္းေရးက ဖိတ္တာေပါ့။ အဓိက ကိစၥကေတာ့ ၿမိဳ႕ေရးရြာေရး ဖြံ႕ၿဖိဳးေရးကိစၥေတြ ေဆြးေႏြးဖို႔ပါလုိ႔ဆိုၿပီးေတာ့ ေဆြးေႏြးေတာ့ မီးလင္းေရးကိစၥေတြပါ ပါသြားတာေပါ့”ဟု တာခ်ီလိတ္မွ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ ဦးၾကည္ျမင့္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ပထမအႀကိမ္ ၿမိဳ႕မိ/ၿမိဳ႕ဖမ်ား၊ ေဒသခံလူႀကီးမင္းမ်ားႏွင့္ ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေတြ႕ဆံုညိႇႏိႈင္းေဆြးေႏြးပြဲအခမ္းအနား ေခါင္းစဥ္ျဖင့္ စုစုေပါင္း (၁၄)ဦးတက္ေရာက္သည့္ အစည္းအေဝးကို တာခ်ီလိတ္ၿမိဳ႕ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးရံုးခန္းမတြင္ က်င္းပခဲ့ျခင္းျဖစ္သည္။

“ဒါကေတာ့ အႀကိဳေပါ့ေနာ္။ ဒါက ပထမဆံုးအႀကိမ္ေပါ့။ ဒီလုပ္ငန္းေတြက မလုပ္ခဲ့တာၾကာၿပီ။ ၾကာၿပီဆိုေတာ့ အခုက သူတုိ႔ကို စၿပီးမက္ေဆ့ စေပးလုိက္တာေပါ့။ ရပ္မိရပ္ဖေတြ က်ယ္က်ယ္ျပန္႔ျပန္႔ဖြဲ႕စည္းလိမ့္မယ္။ အဲဒီဖြဲ႕စည္းတဲ့အခ်ိန္မွာ တုိင္းရင္းသားေပါင္းစံုလည္းပါရမယ္။ ဘာသာေပါင္းစံုလည္း ပါရမယ္ေပါ့။ ဒါကေတာ့ ေနာက္လာမယ့္အခ်ိန္မွာ က်ယ္က်ယ္ျပန္႔ျပန္႔လုပ္ဖုိ႔ အစီအစဥ္ေလးေပါ့။ လုပ္တယ္ဆိုတာမွာလည္း ဒီမွာရိွတဲ့ အုပ္ခ်ဳပ္တဲ့အဖြဲ႕ေတြကိုလည္း တင္ျပဖို႔လိုမယ္။ ဒီတုိင္းလုပ္လုိ႔ေတာ့ မရဘူး။ ဘာလို႔လဲဆိုေတာ့ ေဒသအုပ္ခ်ဳပ္မႈအဖြဲ႕ေတြက အဓိက က်တာကိုး။ အဲဒီက်ေတာ့ သူတုိ႔အဖြဲ႕နဲဲ႔ပူးေပါင္းၿပီး သူတုိ႔လုိုအပ္ခ်က္အရ ရပ္မိရပ္ဖေတြ က်ယ္က်ယ္ျပန္႔ျပန္႔ဖြဲ႕ဖို႔ ဒီရည္ရြယ္ခ်က္နဲ႔ လုပ္လုိက္တာ”ဟု အဆိုပါအစည္းအေဝး ျဖစ္ေျမာက္ေရး စီစဥ္သူတစ္ဦးျဖစ္သည့္ မီးလင္းေရးေကာ္မတီအဖြဲ႕ဝင္တစ္ဦးျဖစ္သည့္ ဒုရဲမွဴး အၿငိမ္းစား ဦးျမင့္သိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဒသဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ေတြ႔ဆံုညိႇႏိႈင္းေဆြးေႏြးပြဲေခါင္းစဥ္တပ္ထားသည့္ အဆိုပါအခမ္းအနားတြင္ တာခ်ီလိတ္ၿမိဳ႕၏  ၿမိဳ႕မိၿမိဳ႕ဖအေရအတြက္ ထပ္တိုးၿပီး ၿမိဳ႕မိၿမိဳ႕ဖအဖြဲ႕ဖြဲ႕စည္းေရးနွင့္ ထုိင္းနိုင္ငံမွ လွ်ပ္စစ္မီးဝယ္ယူၿပီး တာခ်ီလိတ္ၿမိဳ႕ကို တစ္ဆင့္ျပန္လည္ေရာင္းခ်ေနသည့္ ၿမိဳ႕မီးလင္းေရးေကာ္မတီမွာ ဌာနဆိုင္ရာဝန္ထမ္းမ်ား ဦးေဆာင္ေနသည့္အဖြဲ႕ျဖစ္ေန၍ ဌာနဆုိင္ရာဝန္ထမ္းမ်ားမပါဝင္သည့္ အရပ္ဖက္မီးလင္းေရးေကာ္မတီအျဖစ္ ျပန္လည္ဖြဲ႕စည္းရန္ ရွမ္းျပည္နယ္အစိုးရ၏ ညႊန္ၾကားခ်က္ႏွင့္ပတ္သက္၍ တက္ေရာက္လာသူမ်ားက သေဘာထားထုတ္ေဖၚ ေဆြးေႏြးၾကသည္ကို ေတြ႔ရသည္။

“ သေဘာထားရယူဖို႔ပဲ။ ဒါကၽြန္ေတာ္တုိ႔က အတည္ျပဳတာလည္းမဟုတ္ဘူး။ ခ်က္ခ်င္းေရြးခ်ယ္တာလည္း မဟုတ္ဘူး။  အခုက ႏွစ္မ်ိဳးစလံုးပါသြားတယ္။ မီးလင္းေရးေကာ္မတီကလည္း လက္ရိွမွာ ပ်က္ေနတာ။ အရင္ဥကၠဌ (ခရိုင္အုပ္ခ်ဳပ္ေရးမွဴး)က ဖြဲ႕သြားတဲ့ဟာကလည္း မျပည့္စံုဘူး။ ဒါက ဖြဲ႕စည္းပံုအရျပည့္ေအာင္ ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ပါဝင္ဖြဲ႕ဖို႔လိုတယ္။ ၿမိဳ႕မိၿမိဳ႕ဖကလည္း အင္အားကနည္းေနေတာ့ ထပ္ၿပီးေတာ့မွ ရပ္ရြာထဲက သင့္ေတာ္တဲ့သူရွာၿပီး ဒီမွာထည့္ဖို႔ေပါ့။ ၿမိဳ႕မိၿမိဳ႕ဖအင္အားျပည့္တာနဲ႔ ဒီမီးလင္းေရးကိုလည္း ၿမိဳ႕မိၿမိဳ႕ဖေတြနဲ႔ ေပါင္းစပ္ၿပီး ျပန္ဖြဲ႕မယ္။ အဲဒီလိုရည္ရြယ္တာပါ”ဟု တာခ်ီလိတ္မွ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္သူ ဦးၾကည္ျမင့္က ေျပာသည္။

အစည္းအေဝးတက္ေရာက္သူမ်ားက ျပည္နယ္အစိုးရညႊန္ၾကားခ်က္ျဖစ္သည့္ မီးလင္းေရးေကာ္မတီအား ဌာနဆုိင္ရာဝန္ထမ္းမ်ားမပါဘဲ ၿမိဳ႕လူထုျဖင့္သာျပန္လည္ဖြဲ႕စည္းေရးႏွင့္ပတ္သက္၍ ေဆြးေႏြးၾကရာတြင္ မီးလင္းေရးေကာ္မတီအဆက္ဆက္တြင္ ပါဝင္ခဲ့သည့္ တာခ်ီလိတ္စစ္ဗ်ဴဟာမွဴး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးတုိ႔ ျပန္လည္ထည့္သြင္းေရးႏွင့္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ပါဝင္မႈမွာ ပါတီႏုိင္ငံေရးအရ မဲဆြယ္မႈမ်ား ျဖစ္လာႏုိင္သျဖင့္ ေကာ္မတီဝင္အျဖစ္ ထည့္သြင္းျခင္းမျပဳဘဲ ၎တို႔အား နာယကအျဖစ္ထည့္သြင္းရန္၊ ေကာ္မတီတြင္ လွ်ပ္စစ္လုပ္ငန္းႏွင့္ပတ္သက္သည့္ ကၽြမ္းက်င္ပညာရွင္မ်ား၊ စာရင္းအင္းပညာရွင္မ်ား ထည့္သြင္းဖြဲ႕စည္းရန္ တက္ေရာက္လာသူမ်ားက ေဆြးေႏြးၾကၿပီး ေဆြးေႏြးရရိွခ်က္မ်ားကို ခရိုင္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ စစ္ဗ်ဴဟာမွဴးတို႔ထံ တင္ျပရန္ သေဘာတူဆံုးျဖတ္ၾကသည္ကို ေတြ႔ရသည္။

အဆိုပါအစည္းအေဝးသို႔ ၿမိဳ႕မီးလင္းေရးေကာ္မတီအဖြဲ႕ဝင္ ဦးျမင့္သိန္း၊ မီးလင္းေရးေကာ္မတီ၏ ဘ႑ာေရးမွဴး ဦးတင္လိႈင္၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားျဖစ္သည့္ ဦးၾကည္ျမင့္ႏွင့္ ဦးျမင့္သန္း၊ တာခ်ီလိတ္ၿမိဳ႕မွ လုပ္ငန္းရွင္မ်ားျဖစ္ၾကသည့္ ဦးေက်ာ္ၿငိမ္း၊ ဦးေဇာ္ျမင့္၊ ဦးေလာတာ၊ ဦးစိုင္းပြတ္၊ ဦးတင္ဝင္းေမာင္၊ ဦးေအာင္ႏုိင္ႏွင့္ ဦးေက်ာ္လွ၊ MANA အဖြဲ႕မွ ဦးသိန္းထြန္း၊ ဒုရဲမွဴး စံသိန္းႏွင့္ ဦးေအာင္ေက်ာ္ဝင္းစိန္တုိ႔ တက္ေရာက္ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အသစ်ပြင်ဆင်ဖွဲ့စည်းရမည့် တာချီလိတ်မြို့ မီးလင်းရေးကော်မတီအတွက် မြို့မိမြို့ဖအဖွဲ့ဖွဲ့ရန် ပြင်ဆင်နေ
***********************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် မြို့မိမြို့ဖအဖွဲ့ ဖွဲ့စည်းရေးနှင့် မြို့မီးလင်းရေးကော်မတီကို ဌာနဆိုင်ရာဝန်ထမ်းများမပါဘဲ ပြန်လည်ဖွဲ့စည်းရန် ပြည်နယ်အစိုးရ၏ ညွှန်ကြားချက်နှင့်ပတ်သက်၍ သဘောထား ဆန္ဒရယူခြင်း ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၃၁)ရက်နေ့ နေ့လယ်က ကျင်းပသည်။

“ဒီနေ့ အစည်းအဝေးလုပ်မယ်။ ရပ်မိရပ်ဖအနေနဲ့ တက်ပေးပါဆိုပြီး အစည်းအဝေးဖိတ်လာလို့ တက်တာပေါ့နော်။ မီးလင်းရေးက ဖိတ်တာပေါ့။ အဓိက ကိစ္စကတော့ မြို့ရေးရွာရေး ဖွံ့ဖြိုးရေးကိစ္စတွေ ဆွေးနွေးဖို့ပါလို့ဆိုပြီးတော့ ဆွေးနွေးတော့ မီးလင်းရေးကိစ္စတွေပါ ပါသွားတာပေါ့”ဟု တာချီလိတ်မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပထမအကြိမ် မြို့မိ/မြို့ဖများ၊ ဒေသခံလူကြီးမင်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲအခမ်းအနား ခေါင်းစဉ်ဖြင့် စုစုပေါင်း (၁၄)ဦးတက်ရောက်သည့် အစည်းအဝေးကို တာချီလိတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးခန်းမတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

“ဒါကတော့ အကြိုပေါ့နော်။ ဒါက ပထမဆုံးအကြိမ်ပေါ့။ ဒီလုပ်ငန်းတွေက မလုပ်ခဲ့တာကြာပြီ။ ကြာပြီဆိုတော့ အခုက သူတို့ကို စပြီးမက်ဆေ့ စပေးလိုက်တာပေါ့။ ရပ်မိရပ်ဖတွေ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းလိမ့်မယ်။ အဲဒီဖွဲ့စည်းတဲ့အချိန်မှာ တိုင်းရင်းသားပေါင်းစုံလည်းပါရမယ်။ ဘာသာပေါင်းစုံလည်း ပါရမယ်ပေါ့။ ဒါကတော့ နောက်လာမယ့်အချိန်မှာ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဖို့ အစီအစဉ်လေးပေါ့။ လုပ်တယ်ဆိုတာမှာလည်း ဒီမှာရှိတဲ့ အုပ်ချုပ်တဲ့အဖွဲ့တွေကိုလည်း တင်ပြဖို့လိုမယ်။ ဒီတိုင်းလုပ်လို့တော့ မရဘူး။ ဘာလို့လဲဆိုတော့ ဒေသအုပ်ချုပ်မှုအဖွဲ့တွေက အဓိက ကျတာကိုး။ အဲဒီကျတော့ သူတို့အဖွဲ့နဲဲ့ပူးပေါင်းပြီး သူတို့လိုုအပ်ချက်အရ ရပ်မိရပ်ဖတွေ ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့ဖို့ ဒီရည်ရွယ်ချက်နဲ့ လုပ်လိုက်တာ”ဟု အဆိုပါအစည်းအဝေး ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးဖြစ်သည့် မီးလင်းရေးကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒုရဲမှူး အငြိမ်းစား ဦးမြင့်သိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲခေါင်းစဉ်တပ်ထားသည့် အဆိုပါအခမ်းအနားတွင် တာချီလိတ်မြို့၏  မြို့မိမြို့ဖအရေအတွက် ထပ်တိုးပြီး မြို့မိမြို့ဖအဖွဲ့ဖွဲ့စည်းရေးနှင့် ထိုင်းနိုင်ငံမှ လျှပ်စစ်မီးဝယ်ယူပြီး တာချီလိတ်မြို့ကို တစ်ဆင့်ပြန်လည်ရောင်းချနေသည့် မြို့မီးလင်းရေးကော်မတီမှာ ဌာနဆိုင်ရာဝန်ထမ်းများ ဦးဆောင်နေသည့်အဖွဲ့ဖြစ်နေ၍ ဌာနဆိုင်ရာဝန်ထမ်းများမပါဝင်သည့် အရပ်ဖက်မီးလင်းရေးကော်မတီအဖြစ် ပြန်လည်ဖွဲ့စည်းရန် ရှမ်းပြည်နယ်အစိုးရ၏ ညွှန်ကြားချက်နှင့်ပတ်သက်၍ တက်ရောက်လာသူများက သဘောထားထုတ်ဖေါ် ဆွေးနွေးကြသည်ကို တွေ့ရသည်။

“ သဘောထားရယူဖို့ပဲ။ ဒါကျွန်တော်တို့က အတည်ပြုတာလည်းမဟုတ်ဘူး။ ချက်ချင်းရွေးချယ်တာလည်း မဟုတ်ဘူး။  အခုက နှစ်မျိုးစလုံးပါသွားတယ်။ မီးလင်းရေးကော်မတီကလည်း လက်ရှိမှာ ပျက်နေတာ။ အရင်ဥက္ကဌ (ခရိုင်အုပ်ချုပ်ရေးမှူး)က ဖွဲ့သွားတဲ့ဟာကလည်း မပြည့်စုံဘူး။ ဒါက ဖွဲ့စည်းပုံအရပြည့်အောင် မြို့မိမြို့ဖတွေနဲ့ ပါဝင်ဖွဲ့ဖို့လိုတယ်။ မြို့မိမြို့ဖကလည်း အင်အားကနည်းနေတော့ ထပ်ပြီးတော့မှ ရပ်ရွာထဲက သင့်တော်တဲ့သူရှာပြီး ဒီမှာထည့်ဖို့ပေါ့။ မြို့မိမြို့ဖအင်အားပြည့်တာနဲ့ ဒီမီးလင်းရေးကိုလည်း မြို့မိမြို့ဖတွေနဲ့ ပေါင်းစပ်ပြီး ပြန်ဖွဲ့မယ်။ အဲဒီလိုရည်ရွယ်တာပါ”ဟု တာချီလိတ်မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးကြည်မြင့်က ပြောသည်။

အစည်းအဝေးတက်ရောက်သူများက ပြည်နယ်အစိုးရညွှန်ကြားချက်ဖြစ်သည့် မီးလင်းရေးကော်မတီအား ဌာနဆိုင်ရာဝန်ထမ်းများမပါဘဲ မြို့လူထုဖြင့်သာပြန်လည်ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဆွေးနွေးကြရာတွင် မီးလင်းရေးကော်မတီအဆက်ဆက်တွင် ပါဝင်ခဲ့သည့် တာချီလိတ်စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ ပြန်လည်ထည့်သွင်းရေးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ပါဝင်မှုမှာ ပါတီနိုင်ငံရေးအရ မဲဆွယ်မှုများ ဖြစ်လာနိုင်သဖြင့် ကော်မတီဝင်အဖြစ် ထည့်သွင်းခြင်းမပြုဘဲ ၎င်းတို့အား နာယကအဖြစ်ထည့်သွင်းရန်၊ ကော်မတီတွင် လျှပ်စစ်လုပ်ငန်းနှင့်ပတ်သက်သည့် ကျွမ်းကျင်ပညာရှင်များ၊ စာရင်းအင်းပညာရှင်များ ထည့်သွင်းဖွဲ့စည်းရန် တက်ရောက်လာသူများက ဆွေးနွေးကြပြီး ဆွေးနွေးရရှိချက်များကို ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စစ်ဗျူဟာမှူးတို့ထံ တင်ပြရန် သဘောတူဆုံးဖြတ်ကြသည်ကို တွေ့ရသည်။

အဆိုပါအစည်းအဝေးသို့ မြို့မီးလင်းရေးကော်မတီအဖွဲ့ဝင် ဦးမြင့်သိန်း၊ မီးလင်းရေးကော်မတီ၏ ဘဏ္ဍာရေးမှူး ဦးတင်လှိုင်၊ မြို့မိမြို့ဖများဖြစ်သည့် ဦးကြည်မြင့်နှင့် ဦးမြင့်သန်း၊ တာချီလိတ်မြို့မှ လုပ်ငန်းရှင်များဖြစ်ကြသည့် ဦးကျော်ငြိမ်း၊ ဦးဇော်မြင့်၊ ဦးလောတာ၊ ဦးစိုင်းပွတ်၊ ဦးတင်ဝင်းမောင်၊ ဦးအောင်နိုင်နှင့် ဦးကျော်လှ၊ MANA အဖွဲ့မှ ဦးသိန်းထွန်း၊ ဒုရဲမှူး စံသိန်းနှင့် ဦးအောင်ကျော်ဝင်းစိန်တို့ တက်ရောက်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net