တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္း ေဖာက္လုပ္ေရးအတြက္ ေတာင္သူ (၁၃၈) ဦးကို ေလ်ာ္ေၾကးေငြေပးအပ္ထားၿပီး က်န္ေတာင္သူမ်ားႏွင့္ ညိႇႏိႈင္းေနဆဲ

တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္း ေဖာက္လုပ္ေရးအတြက္ ေတာင္သူ (၁၃၈) ဦးကို ေလ်ာ္ေၾကးေငြေပးအပ္ထားၿပီး က်န္ေတာင္သူမ်ားႏွင့္ ညိႇႏိႈင္းေနဆဲ
သြဂုတ် 16, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမို႕ေရွာင္လမ္းအတြက္ ေျမယာသိမ္းဆည္းခံရသည့္ ေတာင္သူ (၁၉၆) ဦးကို ေျမယာေလ်ာ္ေၾကးေပးေနရာ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၆)ရက္ေန႔အထိ ေတာင္သူ (၁၃၈) ဦးက ေလ်ာ္ေၾကးလက္ခံထားၿပီး က်န္(၅၈)ဦးကို ေလ်ာ္ေၾကးေပးရန္ ညိႇႏိႈင္းေနဆဲျဖစ္သည္။

"အရင္က ေျမကြက္လိုခ်င္တယ္ဆိုတဲ့သူေတြ အိမ္၊ အေဆာက္အဦးပါသြားတဲ့ ေတာင္သူေတြေပါ့။ ဒီအဖြဲ႕ေတြနဲ႔ေတာ့ ကၽြန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ေရာ၊ ခရိုင္အဆင့္၊ ၿမို႕နယ္အဆင့္ ဌာနဆိုင္ရာေတြနဲ႔ေရာ ညိႇႏိႈင္းေဆြးေႏြးလွ်က္ရိွပါတယ္"ဟု တာခ်ီလိတ္ၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿမိဳ႕ေရွာင္လမ္းအတြက္ ေျမသိမ္းခံေတာင္သူမ်ားအား ပထမအႀကိမ္ေလ်ာ္ေၾကးေငြ ေပးအပ္စဥ္က ေတာင္သူ (၈၁)ဦးအား က်ပ္သိန္းေပါင္း (၂၉၀၀)ေက်ာ္ႏွင့္ ယခု ဒုတိယအႀကိမ္တြင္ ေတာင္သူ (၅၇)ဦးကို ေလ်ာ္ေၾကးေငြ က်ပ္သိန္းေပါင္း (၆၂၀၀)ေက်ာ္ ေပးအပ္ခဲ့ျခင္းျဖစ္သည္။

"ကၽြန္ေတာ္တို႔ ၿမို႕ေရွာင္လမ္းလုပ္လိုက္တဲ့အခ်ိန္မွာ တစ္ခ်ို႕ေတြက လယ္ေျမေတြပါတယ္။ တစ္ခ်ိဳ႕ေတြက ၿခံကြက္ေရာ၊ အိမ္ေရာ ပါတယ္။ လမ္းေဖာက္လုပ္ဖို႔ ပထမအႀကိမ္ေဆြးေဆြးေႏြးတုန္းက ဝန္ႀကီးေတြေရာ လြတ္ေတာ္ကိုယ္စားလွယ္ေတြေရာ ပါတယ္။ ေျမကြက္ျပန္အစားရခ်င္တဲ့သူေတြ ပါတာေပါ့။ ကၽြန္ေတာ္တို႔ ေျမရဖို႔ႀကိဳးစားခဲ့တယ္။ စိုက္ပ်ိဳးေရးက ေျမေပါ့။ ကၽြန္ေတာ္တို႔  ျပည္ေထာင္စုအစိုးရအထိ ႀကိဳးစားခဲ့ပါတယ္။ စိုက္ပ်ိဳးေရးက ေျမကိုျပန္မစြန္႔လြတ္တဲ့အတြက္ မရခဲ့ပါဘူး"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴးဦးျမင့္ႏိုင္က ဒုတိယအႀကိမ္ တာခ်ီလိတ္ၿမိဳ႕ေရွာင္လမ္းေလ်ာ္ေၾကးေပးအပ္ပြဲအခမ္းအနားတြင္ ေျပာသည္။

က်န္ရိွသည့္ေတာင္သူမ်ားအေနျဖင့္ ေျမယာေလ်ာ္ေၾကးလက္ခံရယူလိုပါက သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားႏွင့္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားသို႔ ဆက္သြယ္ေပးရန္ အေၾကာင္းၾကားထားေၾကာင္း သိရသည္။

သတင္း၊ ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ရှောင်လမ်း ဖောက်လုပ်ရေးအတွက် တောင်သူ (၁၃၈) ဦးကို လျော်ကြေးငွေပေးအပ်ထားပြီး ကျန်တောင်သူများနှင့် ညှိနှိုင်းနေဆဲ
***********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာသိမ်းဆည်းခံရသည့် တောင်သူ (၁၉၆) ဦးကို မြေယာလျော်ကြေးပေးနေရာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆)ရက်နေ့အထိ တောင်သူ (၁၃၈) ဦးက လျော်ကြေးလက်ခံထားပြီး ကျန်(၅၈)ဦးကို လျော်ကြေးပေးရန် ညှိနှိုင်းနေဆဲဖြစ်သည်။

"အရင်က မြေကွက်လိုချင်တယ်ဆိုတဲ့သူတွေ အိမ်၊ အဆောက်အဦးပါသွားတဲ့ တောင်သူတွေပေါ့။ ဒီအဖွဲ့တွေနဲ့တော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ရော၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ရော ညှိနှိုင်းဆွေးနွေးလျှက်ရှိပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြို့ရှောင်လမ်းအတွက် မြေသိမ်းခံတောင်သူများအား ပထမအကြိမ်လျော်ကြေးငွေ ပေးအပ်စဉ်က တောင်သူ (၈၁)ဦးအား ကျပ်သိန်းပေါင်း (၂၉၀၀)ကျော်နှင့် ယခု ဒုတိယအကြိမ်တွင် တောင်သူ (၅၇)ဦးကို လျော်ကြေးငွေ ကျပ်သိန်းပေါင်း (၆၂၀၀)ကျော် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့ မြို့ရှောင်လမ်းလုပ်လိုက်တဲ့အချိန်မှာ တစ်ချို့တွေက လယ်မြေတွေပါတယ်။ တစ်ချို့တွေက ခြံကွက်ရော၊ အိမ်ရော ပါတယ်။ လမ်းဖောက်လုပ်ဖို့ ပထမအကြိမ်ဆွေးဆွေးနွေးတုန်းက ဝန်ကြီးတွေရော လွတ်တော်ကိုယ်စားလှယ်တွေရော ပါတယ်။ မြေကွက်ပြန်အစားရချင်တဲ့သူတွေ ပါတာပေါ့။ ကျွန်တော်တို့ မြေရဖို့ကြိုးစားခဲ့တယ်။ စိုက်ပျိုးရေးက မြေပေါ့။ ကျွန်တော်တို့  ပြည်ထောင်စုအစိုးရအထိ ကြိုးစားခဲ့ပါတယ်။ စိုက်ပျိုးရေးက မြေကိုပြန်မစွန့်လွတ်တဲ့အတွက် မရခဲ့ပါဘူး"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးဦးမြင့်နိုင်က ဒုတိယအကြိမ် တာချီလိတ်မြို့ရှောင်လမ်းလျော်ကြေးပေးအပ်ပွဲအခမ်းအနားတွင် ပြောသည်။

ကျန်ရှိသည့်တောင်သူများအနေဖြင့် မြေယာလျော်ကြေးလက်ခံရယူလိုပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများသို့ ဆက်သွယ်ပေးရန် အကြောင်းကြားထားကြောင်း သိရသည်။

သတင်း၊ ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net